part16 💛

1.3K 95 2
                                    

အကြိမ်ရေများစွာခေါ်နေတဲ့ဖုန်းကိုရှောင်းကျန့်ဒီတစ်ခါတော့ကိုင်လိုက်တယ်

'ကျန့်ကောမင်းဘာလုပ်တာလဲအခုဘယ်မှာလဲ'

'အမေရိကမှာ'

'ဘာလို့လဲ!ဘာလို့ရုတ်တရက်ကြီးထွက်သွားတာလဲ'

'၀မ်ရိပေါ်ဒါငါ့ဆုံးဖြတ်ချက်မင်းနဲ့မဆိုင်ဘူး'

'သေချာပေါက်ဆိိုင်တယ်ငါ့ကိုအကြောင်းပြချက်ပေး'

'၀မ်ရိပေါ်မင်းအသက်ကဘယ်လောက်မို့အခုလိုရိုင်းရိုင်းစိုင်းစိုင်းပြောနေတာလဲ'

၀မ်ရိပေါ်ကဒေါသကိုမနည်းထိန်းချုပ်ထားတယ်ရုတ်တရက်ကြီးရှောင်းကျန့်သူ့ကိုထားသွားတာကိုနားမလည်နိုင်ဘူးပြသာနာတေကိုမုန်းတယ်ရှောင်းကျန့်ကသူ့ကိုပြသာနာတေအလယ်မှာဘာမှမပြောဘဲထားခဲ့တယ်

ဒီတစ်ခါဖုန်းကိုင်လို့ရိပေါ်ကျေနပ်သွားတယ်ရှောင်းကျန့်ရဲ့အသံကြားတာနဲ့ရိပေါ်ကတခြားပြသာနာတေကိုမစဥ်းစားတော့ဘူးဒါပေမဲ့ပြန်ဖြေတဲ့စကားတေကသိသိသာသာသူစိမ်းဆန်တာကြောင့်ရိပေါ်ပိုစိတ်တိုတယ်

'ကျန့်ကော..ကျွန်တော့်ကိုဖြေရှင်းချက်ပေးပါကျွန်တော်တို့တွေ့ရအောင်'

ရိပေါ်လေသံကိုအတတ်နိုင်ဆုံးထိန်းပြီးမေးတယ်သူရှောင်းကျန့်ကိုတကယ်တွေ့ချင်တယ်
အကြောင်းပြချက်ကိုသိချင်တယ်

'၀မ်ရိပေါ်ငါမင်းကို studioကထုတ်လိုက်တာကိုအဲ့လောက်တောင်မကျေနပ်ဖြစ်နေတာလားမင်းကနာမည်ကြီးပဲတခြားကြိုက်တဲ့ studioသွားလို့ရတယ်'

'ရှောင်းကျန့်..ကောမှာတခြားဖိအားရှိနေတာမလားဟုတ်တယ်မလားကျွန်တော့်ကိုပြောပါဘာလို့ studioကိုဖြတ်လိုက်တာလဲဘာလို့ထပ်ပြီးထားခဲ့တာလဲ'

ရိပေါ့်နောက်ပိုင်းအသံကတဖြေးဖြေးတိုးသွားတယ်ပြောနေရင်း၀မ်းနည်းမှုတေကလှိမ့်တက်လာတယ်
ရှောင်းကျန့်ကဘာမှပြန်မဖြေဘူးဒါပေမဲ့အသက်ရှူသံပြင်းပြင်းကိုဖုန်းထဲကတစ်ဆင့်ကြားနေရတယ်ရိပေါ်ကဖုန်းကိုပိုကပ်လိုက်ပြီးဆက်ပြောတယ်

'ကော..မင်းငါ့ကိုအရင်နှစ်တေတုန်းကလဲထားခဲ့တယ်အခုလဲအကြောင်းပြချက်မရှိထားခဲ့တယ်ဘာလို့လဲ~'

Be My Lover ,Ge (Complete) Where stories live. Discover now