part 3💛

2.8K 194 6
                                        

မိုးတေကသည်းသည်းမဲမဲရွာနေတာကြောင့်၀မ်ရုချန်
သင်တန်းကအပြန်မှာစက်ဘီးကတစ်ဖက်ထီးကတစ်ဖက်နဲ့ပြာယာခပ်နေသည်
မဖြစ်တော့ဘူးမိုးစဲတာစောင့်မှာဖြစ်မယ်ဆက်သွားရင်စက်ဘီးမှောက်တော့မယ်
၀မ်ရုချန်အမိုးတစ်ခုအောက်မှာစက်ဘီးရပ်လိုက်ပြီး
လွယ်အိတ်လေးပိုက်ကာမိုးအစဲကိုစောင့်လိုက်သည်

'ကို..ကို'

'ဟန်!'
ရုတ်တရက်သူ့အနောက်ကနေကလေးတစ်ယောက်
အသံကြောင့်အလန့်တကြားလှည့်ကြည့်လိုက်သည်

'ကိုကိုမဟုတ်ပြန်ဘူး..အင့်..'

ရိပေါ်သူ့ကိုကို ကိုနေ့လည်ထဲကလိုက်ရှာနေတာမတွေ့သေးညနေစောင်းလာတာနဲ့မိုးကလဲထဖောက်ပြီးရွာလာတယ်

ရိပေါ်ချမ်းလွန်းလို့တုန်နေသည်အစထဲက
နေမကောင်းဖြစ်နေတာကြောင့်မိုးရေနဲ့တွေ့တော့ပိုပြီးခန္ဓာကိုယ်ကအားနည်းလာပြီ
ဒါပေမဲ့သူရှောင်းကျန့်ကိုကို ကိုရှာရမယ်သူ့အကိုနဲ့တွေ့ရင်သူ့အကိုကသူ့ကိုဖက်ထားပေးမှာသိတာကြောင့်လိုက်ရှာနေရင်းကားမှတ်တိုင်အောက်မှာနောက်ကျောပေးရပ်နေတဲ့သူကိုရိပေါ်တွေ့သွားသည်

ရုချန်ကရှောင်းကျန့်လိုအရွယ်ဖြစ်တာကြောင့်ကိုယ်လံုးကိုယ်ပေါက်ကတူနေတယ်

ရိပေါ်ကသူ့ခန္ဓာကိုယ်လံုးလံုး လေးနဲ့အားတင်းပြီးပြေးလာတယ်အနားရောက်တာနဲ့အားကိုးတစ်ကြီးလှမ်းခေါ်လိုက်တယ်
'ကိုကို..'

ဒါပေမဲ့မိုးနတ်မင်းကသူ့ကိုကို ကိုဖွက်ထားတယ်သူနဲ့ပေးမတွေ့ဘူး  ရိပေါ်အရမ်း၀မ်းနည်းနေပြီအရှေ့ကလူကသူ့ကိုကိုမဟုတ်ပြန်ပြီး
ခြောက်နှစ်အရွယ်ကလေးကဘယ်လောက်တောင့်ခံနိုင်မှာမို့လို့လဲ ရိပေါ်လံုး၀စိတ်ပျက်သွားပြီးငိုချလိုက်တော့တယ်
သူ့ကိုကို ကိုရှာမတွေ့တော့ဘူး

'ဟေး..ကောင်လေးမင်းလူကြီးတေနဲ့လမ်းလွဲလာတာလား'

'အီး..ဟီး'

ရိပေါ်ကဘာမှမပြောနိုင်ဘဲဆက်တိုက်ငိုနေခဲ့တယ်

'အာ..ဒုက္ခပဲ..မားမားရေကယ်ပါဒီကလေးလေးကိုဘယ်လိုလုပ်ရ.အမေ့!!'

Be My Lover ,Ge (Complete) Место, где живут истории. Откройте их для себя