ကော်ဖီဆိုင်ထဲမှာရိပေါ်ကခေါင်းကိုငုံထားတယ်နားရွက်နီနီလေးတေကရှက်နေကြောင်းဖော်ပြတယ်
ရှောင်းကျန့်ပုံစံကရီချင်တာကိုမနည်းအောင့်ထားတဲ့ပုံစံမျိုး ရှောင်းကျန့်ဘေးမှာဟိုင်မြန်းပေါင်းပေါင်းအရုပ်ကြီးနဲ့သူ့ညီမရှောင်းလီရှိတယ်
ရှောင်းလီကနီရဲနေတဲ့သူ့လက်ကောက်ဝတ်ကိုအသာပွတ်ပြီးရိပေါ်ကိုထရိုက်တော့မလိုကြည့်နေတယ်
ဖြစ်ပုံကဒီလိုပါ
လွန်ခဲ့သောမိနစ် ၂၀ ခန့်က~~
ရှောင်းကျန့်နဲ့ရိပေါ်အေးအေးဆေးဆေးစကားထိုင်ပြောနေရင်းရုတ်တရက်ကြီးကောင်မလေးတစ်ယာက်ကဆိုင်ထဲအပြေးအလွှားဝင်လာပြီ ရှောင်းကျန့်လည်ပင်းကိုလာညစ်ပါလေရော
ရိပေါ့်မှာလန့်လို့သေမတတ်ပဲချက်ချင်းပဲငယ်ငယ်ကစကားကသူ့ခေါင်းထဲဝင်လာတယ်
*ရိပေါ်ကြီးလာရင်လဲကိုကို့ကိုကာကွယ်ပေးပါဘာလို့ဆိုရိပေါ်ကကိုကို့ကိုအများကြီးချစ်လို့လေ*
ရိပေါ်ချက်ချင်းခုံပေါ်ကထပြီးအဲ့မိန်းကလေးရဲ့လက်ကိုလှန်ချိုးပြီးခန္ဓာကိုယ်ကိုနံရံနဲ့ဖိကပ်ပလိုက်တယ်
ရှောင်းလီမှာအဖြစ်အပျက်တေမြန်ဆန်လွန်းလို့ဘာမှတောင်ပြောထွက်ချိန်မရဘဲနာလို့အော်သာနေသည်
သူ့ကသူ့အကိုကိုလည်ပင်းကနေသိုင်းဖက်ပြီးသူရောက်လာပြီဆိုတာ suprizeလုပ်နေတဲ့ဟာကိုအရှေ့ကောင်လေးတစ်ယောက်ကမျက်လုံးကြီးပြူးပြီးထလာကာ သူ့လက်ကိုချုပ်လို့နံရံနဲ့ကပ်လိုက်တယ်လက်ကအလိမ်ခံထားရလို့နာတယ်အော်နေတာကိုဂရုမစိုက်ဘဲခုံပေါ်မှာအကြောင်သားထိုင်နေတဲ့ရှောင်းကျန့်ကိုဘာဖြစ်သွားသေးလေးတဲ့
ရှောင်းလီဒီနေရာမှာတင်ခေါက်ခနဲသေလိုက်ချင်တယ် ရှောင်းကျန့်ကသူ့ညီမရဲ့အသံပြဲအော်သံကြားမှကြောင်နေရာကနေထလာပြီရိပေါ့်ကိုအတင်းဆွဲရတော့သည်
'ရိ...ရိပေါ်..လွှတ်..လွှတ်ပေးလိုက်ပါ'
'ရှောင်းကျန့်ခင်ဗျားဘာသိလဲဒါကိုယ်ထိလက်ရောက်
စော်ကားမှုပဲကျွန်တော်တို့စခန်းသွားအမှုဖွင့်ရအောင်'
'အား!!!!!ရှောင်းကျန့်နင့်ကောင်လေးကရူးနေတာလားအခုလွှတ်ပေးခိုင်းစမ်းငါ့လက်ကျိုးသွားရင်ငါမားနဲ့တိုင်ပြီးနင်ကောနင့်ကောင်လေးကောအမှုဖွင့်!!'
YOU ARE READING
Be My Lover ,Ge (Complete)
Fanfictionငါမင်းနဲ့ညီအကိုဖြစ်ဖို့ဆန္ဒမရှိဘူး ရှောင်းကျန့် #WangYiBo ငါမင်းနဲ့ညီအကိုဖြစ်ဖို့ဆန္ဒမရှိဘူး ရှောင်းကျန့် #WangYiBo
