ပွဲအခန်းနားအားလုံးပြီးဆုံးချိန်မှာည၉နာရီထိုးနေပြီ
ရှောင်းကျန့်တိုက်ခန်းငှားဖို့အချိန်မရှိတော့ဘူးလူကလဲတစ်နေကုန်မနားကသေးဘူးအရမ်းပင်ပန်းနေပြီဒီညတော့သူဟိုတယ်မှာပဲအိပ်ရတော့မယ်ယူပင်းကကြိုတင်စာရင်းပေးထားလို့တော်သေးတယ်သူဘာမှထပ်လုပ်စရာမလိုတော့ဘူး ကားပေါ်တက်ခါနီးမှာ
ရိပေါ်နဲ့ရုချန်ကသူ့ကိုလာနှုတ်ဆက်တယ်'sorry ပါဒီနေ့အားလုံးကအလုပ်ရှုပ်နေတော့ရှောင်းကျန့်နဲ့သေချာစကားမပြောရသေးဘူး'
'ရပါတယ်ကျွန်တော်တို့မနက်ဖြန်မှတွေ့ပြီးစာချုပ်အကြောင်းပြောကြတာပေါ့'
'ကောင်းပါပြီ..ရိပေါ်..ရှောင်းကျန့်ကိုနှုတ်ဆက်လိုက်အုန်းလေ'
ရိပေါ်ဘာမှမပြောဘဲရပ်နေတာမို့ရုချန်ကသတိလှမ်းပေးလိုက်တယ်'ကောင်းသောညပါရှောင်းကျန့်'
ရိပေါ့်ကစကားမပြောချင်တာမဟုတ်ပါဘူးဘယ်လိုခေါ်ရမှန်းမသိဖြစ်နေတာကိုကိုဆိုတဲ့နာမ်စားကအရမ်းကလေးဆန်လွန်းတယ်ငယ်ငယ်ကခဏတာတွေ့ဆုံမှုကိုရှောင်းကျန့်မမှတ်မိတာမဆန်းပါဘူးသူကတော့အစွဲလန်းကြီးသွားတာဖြစ်မည်အခုပြန်တွေ့နေပြီပဲသူ့ကိုမှတ်မိတော့ကောဘာကပြောင်းလဲသွားမှာမို့လဲ အခုသူနဲ့ရှောင်းကျန့်ကနောက်ပိုင်းအလုပ်တေအတူတွဲလုပ်ရတော့မှာဒီဆက်ဆံရေးကလဲကောင်းနေတာပဲသူ့ကိုကိုမဟုတ်တော့ပေမဲ့ရှောင်းကျန့်ကသူ့လုပ်ငန်းပါတနာဖြစ်နေတုန်းပဲရိပေါ့ရဲ့အတွေးရှည်ကြီးကရှောင်းကျန့်စကားသံကြားမှပြန်သတိရလာတယ်ရှောင်းကျန့်ကဝမ်ရုချန်နဲ့စကားတေရီပြီးပြောနေတယ်ဘာတေပြောနေလဲသူသိပ်မကြားရဘူးရှောင်းကျန့်ရီရင်အရမ်းလှတယ်
သူငေးကြည့်နေရင်းသူ့ရဲ့အကြားအာရုံချို့ယွင်းသွားတာဖြစ်မယ်
နောက်ဆုံးရှောင်းကျန့်ကားပေါ်တက်မှသူအာရုံတေပြန်စုစည်းသွားတယ်
'ရှောင်းကျန့်!''ဘာပြောစရာရှိသေးလို့လဲရိပေါ်'
'ဟို weibo accလေး...ကျွန်တော်တို့အလုပ်ကိစ္စတေပါတေဆိုဆက်သွယ်လို့ရအောင်ပါ'
သူတို့အပြန်အလန် accအပ်လိုက်ကြတယ်ပြီးတော့
ရှောင်းကျန့်ကပြုံးတယ်
![](https://img.wattpad.com/cover/321057412-288-k199833.jpg)
YOU ARE READING
Be My Lover ,Ge (Complete)
Fanfictionငါမင်းနဲ့ညီအကိုဖြစ်ဖို့ဆန္ဒမရှိဘူး ရှောင်းကျန့် #WangYiBo ငါမင်းနဲ့ညီအကိုဖြစ်ဖို့ဆန္ဒမရှိဘူး ရှောင်းကျန့် #WangYiBo