ရိပေါ် ဖုန်းတစ်လုံးကိုင်ပြီးဖင်တကြွကြွနဲ့
တစ်ခါတစ်ခါပြုံးသွားတဲ့ပါးစပ်ကိုလဲမနည်းပြန်စိရသေးတယ်
ဒီနေ့ရှောင်းကျန့်တရုတ်ကိုပြန်လာမှာလေ
သူကိုယ်တိုင်လေဆိပ်လာကြိုမယ်ဆိုတာကိုရှောင်းကျန့်ကခွင့်မပြုဘူး မလိုအပ်ဘဲသတင်းတေထွက်မှာဆိုးလို့တဲ့သူအနုပညာအလုပ်မှမလုပ်တော့တာဘယ်သတင်းထောက်ကမှလိုက်ခွင့်မရှိပါဘူးပြောလဲမရဘူး
သူ့အကိုရုချန်ကလဲမသွားခိုင်းဘူးသူ့အစားသွားကြိုခဲ့မယ်ဆိုပြီးထွက်သွားတာ၁၅မိနစ်ကြီးများတောင်ရှိပြီ
၄နှစ်ကျော်ကျော်လောက်စောင့်ခဲ့ပြီးခါမှအခု၁၅မိနစ်ကရိပေါ့်အတွက်၁၅နှစ်အလားကြာနေတော့သည်
မိနစ်၃၀အကြာ~~
'ဟယ်လိုရုချန်ကောကျန့်ကောနဲ့တွေ့ပြီလားပြန်လာနေပြီလား'
'ငါအခုမှလေဆိပ်ရောက်တာဟ..မိနစ်၃၀အတွင်းမင်းခေါ်တာ၄ကြိမ်ရှိနေပြီနောက်၁နာရီနေမှရောက်မယ်ထပ်မဆက်နဲ့ဒါပဲ'
ကျသွားတဲ့ဖုန်းကိုရိပေါ်ဆူပုတ်စွာကြည့်နေတယ်သူဘယ်လောက်တောင်ကျန့်ကောကိုတွေ့ချင်လိုက်သလဲဒီနှစ်တေအတွင်းမှာကျန့်ကောဘာတေပြောင်းလဲသွားလဲသူသိချင်တယ်သေချာတာတော့ကျန့်ကောကအများကြီးချောလာမှာ
ဘယ်လောက်တောင်လွမ်းနေခဲ့ရလဲတွေ့မှအသက်ရှူကြပ်တဲ့ထိဖက်ထားအုန်းမယ်ဒါမှနောက်ထပ်ပြီးထွက်မသွားမှာ
ဒါတေကိုလူပျိုကြီးရုချန်ကဘယ်နားလည်မလဲ
ရှောင်းကျန့်လေဆိပ်ဆင်းတာနဲ့၀မ်ရုချန်နဲ့တန်းတွေ့တယ်
'၀မ်ရုချန်မတွေ့တာကြာပြီနော်နေကောင်းရဲ့လား'
'ကောင်းပါတယ်ရှောင်းကျန့်ရောဟိုမှာအဆင်ပြေတယ်မလား'
'ဟုတ်ပြေပါတယ်ဒါနဲ့ကျွန်တော့်ကိုဘာလို့လာကြိုတာလဲမသိဘူးကျွန်တော်တိုက်ခန်းတန်းပြန်မှာပဲကို'
'၀မ်ရိပေါ်လေသူကအတင်းလာကြိုမယ်လုပ်နေလို့မနည်းတားပြီးထွက်လာတာမားကလဲအိမ်မှာထမင်းလာစားပါတဲ့ရှောင်းကျန့်ကိုသူလဲသတိရနေတာ'
'ဟုတ်လားကျွန်တော်တန်းလိုက်ခဲ့လို့ဖြစ်ပါ့မလား'
'ရတယ်..အိမ်က၀မ်ရိပေါ်ကသစ်ကုလားအုတ်ဖြစ်နေပြီအခုလေဆိပ်လာနေတဲ့လမ်းမှာတောင်ရှောင်းကျန့်နဲ့မတွေ့သေးဘူးလားဆိုပြီးဖုန်းခဏခဏဆက်နေလို့'
ВЫ ЧИТАЕТЕ
Be My Lover ,Ge (Complete)
Фанфикшнငါမင်းနဲ့ညီအကိုဖြစ်ဖို့ဆန္ဒမရှိဘူး ရှောင်းကျန့် #WangYiBo ငါမင်းနဲ့ညီအကိုဖြစ်ဖို့ဆန္ဒမရှိဘူး ရှောင်းကျန့် #WangYiBo
