part8 💛

1.5K 108 3
                                    

ဆောင်းလအလယ်ရောက်နေပြီမို့ညနေစောင်းလေကတော်တော်လေးချမ်းစိမ့်စိမ့်ဖြစ်စေတယ်နေ့လည်ကရိပေါ်ကဂီတာဆိုင်ကိုလိုက်ခဲ့ဖို့ခေါ်တာကြောင့်နှစ်ယောက်သားဟို၀င်ဒီထွက်နဲ့ညနေစောင်းသွားတာဖြစ်တယ်ရိပေါ်ကလိုချင်တဲ့ဂီတာမတွေ့တာတောင်ပြုံးနေနိုင်သေးတယ်

လမ်းဘေးကခေါက်ဆွဲဆိုင်သေးသေးလေးကအငွေ့တေတထောင်းထောင်းထပြီးစွပ်ပြုတ်နံ့ကသင်းနေတာပဲရှောင်းကျန့်နဲ့ရိပေါ်ကခပ်သွက်သွက်လျှောက်ပြီးဆိုင်ထဲကို၀င်လိုက်တယ်နှစ်ယောက်လံုးနေ့လည်ကအကျီအပါးလေးသာ၀တ်ထားတာကြောင့်အနွေးထည်မပါကြဘူးရှောင်းကျန့်ကသူ့လက်နှစ်ဖက်ကိုပွတ်တိုက်လိုက်ပြီးပါးစပ်ကလဲတဖူးဖူးမှုတ်နေတယ်

'ကျန့်ကောအရမ်းအေးနေရင်စွပ်ပြုတ်ပူပူလေးသောက်လိုက်ကျွန်တော်မှာပေးမယ်'

'ငါကြာစွယ်စွပ်ပြုတ်သောက်ချင်တယ်'

'အန်တီရေအမဲသားစွပ်ပြုတ်၂ပွဲပေးပါတစ်ပွဲကိုခေါက်ဆွဲပိုထည့်ပေးနော်'

'ရား!ငါကြာစွယ်စွပ်ပြုတ်စားမှာပါဆို'

'အဲ့တာကဘယ်လိုလုပ်ဗိုက်၀မလဲကျွန်တော်စားတာနဲ့အတူစား'

'အဲ့တာများငါ့လာမေးနေသေးတယ်'
ဆိုင်ကသေးသေးလေးဆိုပေမဲ့အထဲမှာသပ်သပ်ရပ်ရပ်ရှိတယ်စားပွဲတေကအကြီးမဟုတ်တာကြောင့်အရပ်ရှည်တဲ့သူတို့နှစ်ယောက်ရဲ့ခြေထာက်တေကခုံအောက်မှာထိနေကြတယ်ရိပေါ်ကဖိနပ်ကောခြေအိတ်ပါချွတ်လိုက်ပြီးသူ့ခြေဖ၀ါးနွေးနွေးကိုရှောင်းကျန့်ရဲ့ခြေဖမိုးပေါ်ဖိပေးထားတယ်ရှောင်းကျန့်ကအရင်ထဲကခြေအိတ်သိပ်ဝတ်လေ့မရှိတာကြောင့်အခုလိုအေးတဲ့အချိန်မျိုးမှာပိုပြီးအေးစက်နေတယ်ရှောင်းကျန့်ကသူ့ခြေထောက်ကိုနွေးအောင်လုပ်ပေးနေတဲ့ရိပေါ်ရဲ့ခြေထောက်ကိုကြည့်ရင်းစနောက်တယ်

'၀ိုးလောင်၀မ်ကအရမ်းကောင်းတာပဲခြေထောက်နွေးနွေးကြီးကတကယ်မိုက်တယ်'

သူတို့၁၀မိနစ်လောက်စောင့်ပြီးတဲ့အခါအဒေါ်ကြီးကမှာထားတာတေလာချပေးတယ်ပြီးတော့သူ့ဆိုင်ကဘီယာရောင်းထွက်အောင်စွယ်လိုက်သေးတယ်

Be My Lover ,Ge (Complete) Wo Geschichten leben. Entdecke jetzt