part13 💛

1.4K 96 2
                                        

အရင်တစ်ချိန်တုန်းကရှောင်းကျန့်နဲ့ရိပေါ်တို့မိသားစုကအရင်းနီးဆုံးသူငယ်ချင်းတေဖြစ်ခဲ့ကြတယ်

၀မ်ဟောက်ယန် က၀မ်အိမ်တော်ကသားကြီး။
ပေါင်းတဲ့သူငယ်ချင်းတေကသူ့ထက်အများကြီးနိမ့်ကျတယ်
၀မ်ဟောက်မှာယန်းမေ နဲ့ ရှောင်းဟွာ အပြင်ယောကျာ်းလေးသူငယ်ခြင်းတစ်ယောက်ရှိသေးတယ်သူကစျေးပေါပေါနဲ့အကျီဒီဇိုင်းဆွဲပေးတဲ့သူဖြစ်တယ်

ငယ်ငယ်ထဲကသူငယ်ချင်းလေးယောက်ကအမြဲအတူသွားလာနေရင်းတစ်နေ့မှာ
၀မ်ဟောက်ယန်ကယန်းမေကိုချစ်ရေးဆိုခဲ့တယ်ယန်းမေကသိမ်မွေ့တဲ့အမျိုးသမီးဖြစ်ပြီးသူမကလဲ၀မ်ဟောက်ယန်ကိုသဘောကျနေခဲ့တယ်

ပျော်ပျော်နေတတ်ပြီးပိုက်ဆံမတ်တဲ့ရှောင်းဟွာကဒါကိုမနာလိုဖြစ်ခဲ့တယ်
သူမ၀မ်ဟောက်ယန်နဲ့လက်ထပ်ချင်တယ်၀မ်အိမ်တော်မှာစည်းစိမ်အပြည့်နဲ့နေချင်တာကြောင့်သူမကြံသင့်တာကြံပြီး၀မ်ဘွားဘွားကိုလိမ်ပြောခဲ့တယ်

၀မ်ဟောက်ယန်ကရှောင်းဟွာမှာသူနဲ့ရတဲ့ကိုယ်၀န်ရှိတယ်ဆိုတာကိုလက်မခံနိုင်ပေမဲ့၀မ်ဘွားရဲ့အမိန့်ကိုမလွန်ဆန်နိုင်ဘဲရှောင်းဟွာနဲ့လက်ထပ်ခဲ့တယ်

၀မ်ဟောက်ကသူမအကျင့်ကိုသိသွားတော့သူမနဲ့အတူမနေဘူးဒါပေမဲ့ရှောင်းဟွာကအိမ်တော်မှာနေရလို့ကျေနပ်နေခဲ့တယ်

ဒါပေမဲ့တစ်နေ့သူမကိုယ်၀န်ရလာခဲ့တယ်သူမကိုယ်၀န်ဟာစျေးပေါပေါနဲ့အကျီဒီဇိုင်းဆွဲပေးတဲ့သူ့သူငယ်ချင်းနဲ့ဖြစ်တယ်မူးပြီးမှားခဲ့ကြတာသိပေမဲ့ကိုယ်၀န်ရမယ်မထင်ထားဘူးပြီးတော့သူမဆင်းရဲတဲ့သူတေကိုမကြိုက်ဘူး

၀မ်ဟောက်ယန်ကအကြောင်းစံုကိုသိတဲ့အခါရှောင်းဟွာကိုအိမ်ပေါ်ကနှင်ချခဲ့တယ်
သူမကိုယ်၀န်နဲ့ဆင်းဆင်းရဲရဲနေနေရချိန်မှာသူမရဲ့ဆင်းရဲတဲ့သူငယ်ချင်းကအပြည့်အ၀စောင့်ရှောက်တယ်ရှောင်းကျန့်ဟာလာဘ်ကောင်လေးဖြစ်တယ်

ရှောင်းကျန့်ကိုမွေးပြီးချိန်မှာပဲသူမယောကျ်ားဟာနာမည်ကြီးဒီဇိုင်းပညာရှင်ဖြစ်လာခဲ့တယ်
သူကသူ့သားအတွက်အကျီတေအမြဲသီးသန့်လုပ်ပေးလေ့ရှိတယ်အကျီအတွင်းပိုင်းမှာသူ့သားနာမည်ကိုအမြတ်တနိုးထိုးထားပေးတယ်

Be My Lover ,Ge (Complete) Место, где живут истории. Откройте их для себя