'၀မ်ရုချန်လိုအနုပညာလောကထဲကလူကတခြားနာမည်ကြီး studioတေမှာသူ့ညီကိုထည့်ပေးလို့ရပါလျက်ဘာလို့သား studioကိုလာဆက်သွယ်လဲသိရဲ့လား'
'ပါးက၀မ်ရုချန်နဲ့သိခဲ့တာလား'
'အမှန်တော့ရိပေါ်ငယ်ငယ်ထဲကပါးကစောင့်ကြည့်နေခဲ့တာ ပါးအံ့သြတာတစ်ခုကအဲ့ကောင်လေးကငယ်ငယ်ထဲကသားကိုတစ်ချိန်မှမမေ့ခဲ့ဘူး'
ရှောင်းကျန့်၀မ်းနည်းတယ်သူဘဲဘာမှမသိခဲ့တာသူဘဲအရူးလိုရိပေါ့်ကိုမေ့ထားခဲ့တာ
'ပါးမင်းကိုရိပေါ်နဲ့ပြန်တွေ့ဖို့အမျိုးမျိုးကြိုးစားပေးခဲ့တယ်ပြီးတော့မင်းတို့ရဲ့သတင်းတေကိုလဲတွေ့ပါတယ်ဒါပေမဲ့ဘာလို့အခုလိုလုပ်ရတာလဲ'
'သား..မသိဘူးရိပေါ့်ကိုအားနာတယ်သူ့ကို'
'အခုလိုထားခဲ့တာကြတော့ကော..ရိပေါ်ဘက်ကလဲတွေးကြည့်သင့်တယ်သား..အပြစ်ရှိတာကပါးတို့တေဆိုရင်သူ့ရဲ့ဆန္ဒကိုအလေးထားရမယ်ပါးတို့စိတ်ကြိုက်လုပ်ပိုင်ခွင့်မရှိဘူးသူတကယ်လိုချင်တာကဘာလဲသားမေးခဲ့လား'
'ဒါပေမဲ့ရိပေါ်ကျွန်တော်နဲ့ရှိနေသရွေ့ဒုက္ခပဲရောက်နေမှာ'
'သားသေချာပြောနိုင်လို့လား..ပြီးတော့သူကတော့သားကိုထွက်သွားခိုင်းတာလားဆွဲထားတာလား'
ရှောင်းကျန့်ပြန်မဖြေနိုင်တော့ဘူးသူတကယ်ပဲသူ့သဘောအတိုင်းလျောက်လုပ်ခဲ့တာလားရိပေါ့်သဘောထားကိုဂရုမစိုက်ဘဲသူလုပ်ချင်ရာလုပ်နေခဲ့တာပဲ
'သားလဲသူ့ကိုချစ်တယ်မလား'
'ပါး!သားတို့ကအဲ့လိုမဟုတ်..'
ရှောင်းကျန့်ငြင်းဖို့လုပ်ပေမဲ့စကားကထပ်မထွက်လာတော့ဘူးခုနလေးတင်ရိပေါ်ကသူ့ကိုဖွင့်ပြောထားတာအခုသူ့ဘက်ကဘဲ၀န်ခံဖို့ကျန်တော့တယ်ညီအကိုလိုသံယောဥ်ဇဥ်နဲ့အချစ်နဲ့ကိုမရောထွေးဖြစ်ချင်ဘူး
'သားသေချာစဥ်းစားပါရိပေါ့်ကိုထပ်ပြီးမနာကျင်ပါစေနဲ့'
ရှောင်းပါးသူ့သားကျောကုန်းကိုအားပေးသလိုပုတ်ပေးလိုက်ပြီးထွက်သွားတယ်ရှောင်းကျန့်အတွက်အချိန်ခဏလောက်လိုမှာပါသူသေချာဆုံးဖြတ်ပါစေ
ВЫ ЧИТАЕТЕ
Be My Lover ,Ge (Complete)
Фанфикшнငါမင်းနဲ့ညီအကိုဖြစ်ဖို့ဆန္ဒမရှိဘူး ရှောင်းကျန့် #WangYiBo ငါမင်းနဲ့ညီအကိုဖြစ်ဖို့ဆန္ဒမရှိဘူး ရှောင်းကျန့် #WangYiBo
