part19 💛

1.5K 93 2
                                        

ရှောင်းလီအမေရိက မှာပဲတက္ကသိုလ်တက်တယ်အသဲကွဲတာကိုမေ့နိုင်ဖို့စာတေအရမ်းကြိုးစားခဲ့တယ်ညတိုင်းအကျယ်ကြီးဒီလိုစာအော်ကျက်တယ်
'Biology is the study of living things'
'Wang ruichang is my living things😔'

ဒါပေမဲ့လဲအလုပ်မဖြစ်ပါဘူးကျက်တဲ့စာတိုင်းမှာ၀မ်ရုချန်ကရောက်ရောက်လာတယ်ဒီလိုပဲမေ့လိုက်သတိရလိုက်နဲ့ရှောင်းလီဘွဲ့ရခဲ့ပြီ

သူမကုမ္ပဏီမှာအလုပ်လုပ်ချင်ကြောင်းသူ့ပါးကိုအတင်းပူဆာခဲ့တယ်သူမမှာလဲအရည်အချင်းကပြည့်၀နေခဲ့ပြီမို့သူမအဖေရဲ့အသိကုမ္ပဏီမှာနေရာကောင်းရခဲ့တယ်

သူမအလုပ်မှာသူငယ်ချင်းတေနဲ့ပိုပျော်တယ်အိမ်မပြန်ချင်ဘူးအိမ်ရောက်ရင်သူ့အကိုရှောင်းကျန့်ရဲ့မပြီးဆုံးနိုင်သော vd callနဲ့ချွဲပြစ်နေတဲ့အသံတေနေ့တိုင်းကြားနေရတာအောဂလီဆန်လို့

သူမတစ်ခါတစ်လေချောင်းနားထောင်ပါသေးတယ်ဟိုဘက်က၀မ်ရိပေါ်က၀မ်ရုချန်ကောရဲ့အကြောင်းလေးဘာလေးထည့်ပြောမလားလို့သူတိို့နှစ်ယောက်ရဲ့မပြီးနိုင်တဲ့တစ်တစ်တူးတူးသံတေပဲကြားပြီးပြန်ထွက်လာရတယ်

ရှောင်းလီနောက်တစ်ခါချောင်းနားမထောင်ရဲတော့ပါဘူးအဲ့ဘက်ကရိပေါ်ကပါးစပ်အရမ်းရဲတာသူ့အကိုပြောနေတာများသူမတောင်ကျက်သီးထတယ်သူမအကိုကလဲကျေနပ်အသံကြီးနဲ့လှမ်းဆူနေသေးတယ်

၀မ်ရိပေါ်ကYH ကုမ္ပဏီနဲ့ချိတ်ဆက်ထားတယ်စာချုပ်ကို၄နှစ်ပဲချုပ်လို့သူဌေးတေက
ရိပေါ့်ကိုအရမ်းနှမြောနေကြတယ်အများဆုံး၆နှစ်ချုပ်လို့ရရဲ့သားနဲ့သူများမင်းသားတေဆိုဒီလိုအလွယ်တကူမရဘူး

ဒါပေမဲ့ရေခဲမင်းသား၀မ်ရိပေါ်ကိုအထွန့်တက်ရဲတဲ့သူမရှိဘူးသူက၄နှစ်ဆိုလဲ၄နှစ်ပဲပေါ့

ဒီ၄နှစ်တာကာလလုံးမှာ၀မ်ရိပေါ်ဟာသီချင်းပုပ်ရေပေါင်းများစွာထွက်ထားပြီးတရုတ်ပြည်ကထိပ်တန်း brand ambassadorတစ်ယောက်လဲဖြစ်တယ်

Fanတေရဲ့နှုတ်ဖျားမှာအဖိုးတန်ကြယ်လေးတစ်ပွင့်ဖြစ်အောင်၀မ်ရိပေါ်တကယ်လုပ်နိုင်ခဲ့တယ်ရှောင်းကျန့်ကတော့ထိပ်တန်းအမာခံ fanboyလေးတစ်နည်းအားဖြင့်၀မ်ရိပေါ့်ရဲ့တစ်ဖက်စောင်းနင်းအလေးပေးမှုခံထားရတဲ့ကောင်လေး

Be My Lover ,Ge (Complete) Where stories live. Discover now