part 12💛

1.4K 96 4
                                        

ရိပေါ်ခေါင်းတေမူးလွန်းလို့မျက်လုံးကဖွင့်မရအောင်လေးလံနေတယ်သူရှောင်းကျန့်အသံကြားနေရတယ်အတင်းရုံးထနေသော်လည်း
ခန္ဓာကိုယ်ကကြွမလာဘူး
သူအားယူပြီးရှောင်းကျန့်နာမည်ခေါ်လိုက်ပေမဲ့လည်ချောင်းကချောက်ကပ်ပြီးအသံထွက်မလာဘူး

ရှောင်းကျန့်ကကုတင်ပေါ်မှာလှုပ်လှုပ်ရွရွဖြစ်လာတဲ့ရိပေါ်ကြောင့်အနားကိုကပ်သွားပြီးခေါ်လိုက်တယ်

'ရိပေါ်..နိုးပြီလား...'

ရိပေါ်ကပြန်မဖြေနိုင်ပုံရတော့ကုတင်ဘေးကခံုပေါ်ကရေခွက်ကိုယူလိုက်ပြီးရိပေါ့်ကိုတိုက်ဖို့လုပ်တယ်

'ရိပေါ်ကိုယ်နည်းနည်းကြွလိုက်'

ရိပေါ့်ပါးစပ်နားကိုရေခွက်နဲ့အသာလေးတေ့ပြီးပြီးနည်းနည်းစီတိုက်တယ်
'ကျန့်..ကော~~'

'အင်းငါရှိတယ်နော် '

'ခေါင်းမူးနေတယ်'

'သိတယ်ခဏထပ်အိပ်လိုက်..ပြီးရင်ဆေးသောက်မယ်'

ရိပေါ်ကရှောင်းကျန့်ရင်ဘက်ထဲမှာပဲမှီပြီးအိပ်ပျော်သွားသည်

ရှောင်းကျန့်ရိပေါ့်ကိုငုတ်ကြည့်လိုက်ပြီးအရှေ့ကိုအနည်းငယ်ရှည်ကြနေတဲ့ဆံပင်လေးတေကိုနားရွက်နောက်ညှပ်တင်ပေးလိုက်တယ်
ရုတ်တရက်သူနှလုံးကလှုပ်ရှားသွားတယ်ဒီအခြေနေနဲ့အလားတူပုံစံမျိုးဖြစ်ဖူးသလိုမျိုး

ရှောင်းကျန့်ကဧည့်ခန်းထဲမှာထိုင်ရင်းရိပေါ့်အဒေါ်ကိုရိပေါ့်အကြောင်းမေးကြည့်တယ်

'ရိပေါ်လေး၆နှစ်အရွယ်လောက်ဖြစ်မယ်ထင်တယ်အဲ့အချိန်တုန်းကရုချန်ကကျူရှင်ကအပြန်လမ်းမှာတွေ့ခဲ့တာ'

ရှောင်းကျန့်ကသေချာစိတ်၀င်တစားနားထောင်နေတယ်

'မိုးရေထဲမှာသူ့အကိုကိုလိုက်ရှာနေခဲ့တာတဲ့'

'သူ့အကို~~ရိပေါ့်မှာ၀မ်ရုချန်အပြင်အကိုရှိသေးတာလား'

'အင်းရိပေါ်လေးကငယ်ငယ်ထဲကချမ်းသာတဲ့အိမ်မှာမွေးလာခဲ့ပေမဲ့ကောင်း"မွန်"အပြည့်အ၀မနေခဲ့ရပါဘူးသူပြန်ပေးဆွဲခံရပြီးနောက်ပိုင်းမှာသူ့မိဘတေကလဲဆုံးသွားခဲ့တယ်လေသူဖမ်းခံနေရတုန်းကသူနဲ့အတူကောင်လေးတစ်ယောက်လဲဖမ်းခံထားရတယ်ထင်တယ််ရိပေါ်ကအဲ့ကောင်လေးကိုအရမ်းခင်တွယ်ရှာတာအိမ်ကိုစရောက်တုန်းကဆိုသူ့အကိုကိုခေါ်ပေးဆိုပြီးသောင်းကျန်းနေတာ'

Be My Lover ,Ge (Complete) Où les histoires vivent. Découvrez maintenant