part 14💛

1.2K 88 4
                                    

ရှောင်းကျန့်သူ့မားရဲ့အကြောင်းတေကိုသိလိုက်တဲ့အခါမှမယုံကြညနိုင်ဖြစ်ရတယ်
'မား..မားကအဲ့လိုမျိုးတေလုပ်လိုက်မယ်မထင်ထားဘူး'

'မတတ်နိုင်ဘူးရှောင်းကျန့်ဒါတေကလဲသားအတွက်လုပ်ခဲ့တာပါ'

'အကြောင်းမပြနဲ့!..ရိပေါ့်ကိုဘယ်လိုမျက်နှာမျိုးနဲ့သွားတွေ့ရမှာလဲ'

ရှောင်းကျန့်ကမျက်ရည်မထိန်းနိုင်ဘူးရိပေါ့်ကိုပြန်ပေးဆွဲခဲ့တာသူ့ပါးနဲ့မားဆိုတာမယုံနိုင်ဘူး

'ဒါတေကပြီးခဲ့တာကြာပါပြီ..ရှောင်းကျန့်မင်းအခုအသက်၂၂ကျော်နေပြီဒါတေကိုလိုက်ခံစားမနေနဲ့ မားလဲမတတ်နိုင်ဘူးအဲ့ရိပေါ်ဆိုတဲ့ကောင်လေးကထပ်ပေါ်လာခဲ့တာလေငါဒီလိုမျိုးထပ်မလုပ်ချင်ပါဘူး'

'ဒီလိုမျိုး..မားဘာကိုဆိုလိုတာလဲမားဘာတေထပ်လုပ်ထားပြန်တာလဲ'

ရှောင်းဟွာကသူ့အပြစ်သူဖော်သလိုဖြစ်နေတာကြောင့်အသံတိတ်နေလိုက်တယ်

'မား!!'

'မားတို့အမေရိကပဲပြန်ရအောင်အဲ့ကောင်လေးကမင်းကိုကပ်စားလိုက်မယ်မယုံရင်ကြည့်နေလိုက်သူသိသွားရင်မင်းကိုလက်စားချေလိုက်မယ်'

'လူတိုင်းကမားလိုမယုတ်မာဘူး'

ရှောင်းကျန့်ကစကားသံကိုအတတ်ဆုံးနိမ့်ပြီးပြောရင်းထွက်သွားတယ်
ရှောင်းဟွာကုတင်ပေါ်ထိုင်ချလိုက်တယ်သူ့သားရဲ့ဒီစကားကအရမ်းအထိနာစေတယ်သူမကောင်းတာသိပါတယ်ဒါပေမဲ့ဒီလိုလုပ်ရတာငါ့မိသားစုအတွက်ပါ

ရှောင်းကျန့်ကကားနဲ့ရိပေါ့်အိမ်ကိုအသည်းသန်မောင်းသွားတယ်
*လောင်၀မ်အိမ်မှာပဲရှိနေနော်..နေမကောင်းတဲ့သူကကုတင်ပေါ်မှာအနားယူနေရမှာအပြင်ကိုမထွက်ဘူးမလား*

ရှောင်းကျန့်ဖြေသိမ့်ရင်းရိပေါ့်အိမ်ရောက်လာတယ်
'အန်တီ..'

'ရှောင်းကျန့်သားလေးဘာဖြစ်လာတာလဲ'

'ရိပေါ်ကောရိပေါ်ရှိတယ်မလားအိပ်နေတုန်းမလား'

'ဟယ်ရိပေါ်ကမင်းဆီသွားမယ်ဆိုပြီးထွက်သွားတာလေမတွေ့ဘူးလားရိပေါ်နဲ့'

Be My Lover ,Ge (Complete) Onde histórias criam vida. Descubra agora