'ဟဲ့နင်၀ယ်ကျွေးမှာသေချာတယ်နော်'
'အင်းဆို..တရုတ်စာတေငါဘယ်လောက်တောင်လွမ်းနေရလဲသိလား'
'ငါတို့လဲနင်၀ယ်ကျွေးမှာမို့လားမသိဘူးစားချင်လာပြီ'
ရှောင်းလီပေကျင်းပြန်ရောက်တာနဲ့သူရဲ့သူငယ်ချင်းတေနဲ့တရုတ်ရိုးရာဆိုင်မှာသွားစားဖို့ထွက်လာကြတယ်
စားသောက်ဆိုင်ရဲ့အောက်ထပ်ကလူတေပြည့်နေပြီရှောင်းလီကသူငယ်ချင်းတေနဲ့စကားတပြောပြောနဲ့အပေါ်ထပ်တက်လာခဲ့တယ်
လှေကားထိပ်ရောက်တော့ရှောင်းလီလျှပ်တစ်ပြတ်မြင်လိုက်ရတဲ့အရာကြောင့်သူ့ရင်ဘက်ကဒိုင်းခနဲဖြစ်သွားတယ်တစ်ခုခုကအရှိန်ပြင်းပြင်းနဲ့၀င်ဆောင့်လိုက်သလိုခံစားချက်မျိုး
ရှောင်းလီလှေကားအောက်ကိုပြုတ်ကျမလိုတောင်ဖြစ်သွားတယ်
*၀မ်ရုချန်..*ရှောင်းလီရင်ထဲမှာဘယ်လောက်ပဲဗရမ်းဗတာဖြစ်ဖြစ်သူမဟာရင့်ကျက်တဲ့သူဖြစ်နေပြီ
စက္ကန့်ပိုင်းအနည်းငယ်သာကြည့်မိပြီးမမြင်ချင်ယောင်ဆောင်ကာသူမသူငယ်ချင်းတေဘက်ရီမောရင်းစကားဆက်ပြောကာအရှေ့က slideတံခါးကိုဖွင့်ပြီးဟိုဘက်ခန်းကို၀င်သွားတယ်တံခါးပြန်ပိတ်ပြီးတာနဲ့သူမခြေထောက်တေယိုင်နဲ့နေတယ်စက္ကန့်ပိုင်းလေးသာလျှပ်တစ်ပြတ်မြင်လိုက်ရတဲ့မျက်နှာ။
အဲ့လူက၀မ်ရုချန်လားဆိုတာတော့မသေချာဘူးဒါပေမဲ့ရှောင်းလီအကြည့်မှတစ်ဖက်လူကလဲသူမကိုတွေ့လိုက်တယ်ရုချန်သူမကိုမြင်လိုက်လားမသေချာပေမဲ့ရုချန်ရဲ့ရှေ့မှာကောင်မလေးတစ်ယောက်ရှိနေတာကိုတော့ရှောင်းလီသေချာမြင်လိုက်တယ်
ကျောပေးထိုင်နေတာကြောင့်သူမရဲ့အကြေကောက်ဆံပင်ကိုသာမြင်ခဲ့ရတယ်
ဒါသေချာပေါက်စူးမန့်ကျဲဲနေမှာရှောင်းလီအတွေးများနေတုန်းမှာစားပွဲထိုးတစ်ယောက်ကရေလာချပေးတယ်
ရှောင်းလီရေခွက်ယူပြီးမြန်မြန်သောက်ချလိုက်တယ်သူရင်တေတုန်လွန်းလို့သေတော့မယ်ထင်တယ်ဒါဘယ်နှစ်နှစ်တောင်ရှိပြီလဲရုချန်ရဲ့မျက်နှာကိုသူမှတ်မိလွယ်နေတုန်း
YOU ARE READING
Be My Lover ,Ge (Complete)
Fanfictionငါမင်းနဲ့ညီအကိုဖြစ်ဖို့ဆန္ဒမရှိဘူး ရှောင်းကျန့် #WangYiBo ငါမင်းနဲ့ညီအကိုဖြစ်ဖို့ဆန္ဒမရှိဘူး ရှောင်းကျန့် #WangYiBo