part 10💛

1.8K 102 2
                                        

'ရှောင်းကျန့်!!'

ရိပေါ်အိမ်မက်ကနေအလန့်တကြားနိုးလာပြီးသူ့ဘေးမှာအိပ်နေတဲ့ရှောင်းကျန့်ကိုကြည့်လိုက်တယ်
အိပ်နေတာတောင်ဘာတေအလိုမကျဖြစ်နေလဲမသိရှောင်းကျန့်ကမျက်ခုံးတေတွန့်ချိုးထားတာကြောင့်လက်နဲ့မျက်ခုံးစပ်နားကိုအသာဖိပြီးဖြေလျော့ပေးလိုက်တယ်
ရိပေါ်ကသူ့ရှေ့မှာနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့သူကိုခဏကြည့်နေပြီးရေသောက်ဖို့သွားတယ်

ရေအေးအေးတစ်ခွက်ကိုသောက်ချလိုက်ပြီးသက်ပြင်းတစ်ချက်ချကာတုန်နေတဲ့ရင်ဘက်ကိုလက်နဲ့ဖိထားလိုက်တယ်
ဒီအိမ်မက်ဆိုးတေကဘယ်တော့မှပျောက်မှာလဲအခုသူကျန့်ကောနဲ့အတူရှိနေပြီပဲဒီလိုကွဲကွာတဲ့အိမ်မက်တေမမက်ချင်တော့ဘူးကျန့်ကောသာထပ်ပြီးသူ့ဆီကထွက်သွားရင်သူနေနိုင်မှာမဟုတ်ဘူး
*ကျန့်ကောကိုအနားမှာပဲဖွက်ထားချင်တယ်*

ရိပေါ်ကကုတင်ပေါ်ပြန်တက်လာပြီးမျက်လုံးမှိတ်ထားရင်းညီးသံကြားလို့ရှောင်းကျန့်ကိုလှည့်ကြည့်တော့မျက်နှာလှလှလေးကချွေးတေနဲ့စိုစွတ်နေပြီးခေါင်းကိုခါရမ်းနေတယ်

'ကျန့်ကော..ကျန့်ကောဘာဖြစ်တာလဲ'

'ဟင်း..မား..အဲ့လိုမလုပ်ပါနဲ့...'

'ကျန့်ကော..ဘယ်လိုအိမ်မက်မို့လို့ဒီလောက်ကြောက်လန့်နေတာလဲ'
_______
ရိပေါ်နိုးလာတော့သူ့ဘေးမှာနေရာလွတ်နေတာကြောင့်အိပ်ချင်မူးတူးနဲ့ထလာပြီးမီးဖိုချောင်ထဲကအသံကြားရာဆီလျှောက်လာတယ်

နောက်ကျောပေးပြီးလှုပ််စိစိနဲ့အလှုပ်ရှုပ်နေတဲ့ကျန့်ကောကိုတွေ့တော့နံရံကိုမှီပြီးရပ်ကြည့်နေလိုက်တယ်
_ကျန့်ကောကအိမ်နေရင်းကိုဒူးလောက်ပဲရှိတဲ့ဘောင်းဘီ၀တ်တာလား
_အောက်ကအတွင်းခံမ၀တ်ထားလို့များလားတင်ပါးကလုံးပြီးလှုပ်နေသလိုပဲ
_ကျန့်ကောကငါ့အတွက်မနက်စာလုပ်ပေးနေတာပဲ
_ ဘာလို့ပါလိမ့်ဒီပုံစံကယောကျ်ားအတွက်ဇနီးသည်ကမနက်စာကြိုပြင်ပေးနေသလိုမျိုး

'ခွီး'
ရိပေါ်တွေးရင်းမနေနိုင်ဘဲထရီမိသည်ရိပေါ့်အသံကြောင့်ရှောင်းကျန့်ကအလန့်တကြားဇွန်းကိိုင်ထားရင်းတန်းလန်းလှည့်ကြည့်တယ်

Be My Lover ,Ge (Complete) Where stories live. Discover now