part 35

4K 573 1
                                    

Unicode

အခန်း (၃၅)

"အခုတောင် တော်တော် ကောင်းလာပါပြီ .. သခင် သူ့ကို အမြုတေ မကျွေးရင် ချက်ချင်းပဲ ရက်စက်ကြမ်းကြုတ် သွားလိမ့်မယ်"

ဟေးယွီ အတွန့်မတက်တော့ဘဲ စကားဖြတ် ပြောလိုက်သည့်အခါ ယွင်ချဲ့ စိတ်မရှည်စွာနှင့် ...

"ဘာလို့ သူ့ကို အမြုတေတွေ မကျွေးတာလဲ"

ထို့အပြင် ကိုယ်အကူအညီ တောင်းထားသည့် ပြဿနာ တစ်ခုကို ဘယ်သူ့ကိုများ အပြစ်ပုံရပါ့မလဲ။

"အမြုတေသာ မစားရရင် ဘယ်လိုဖြစ်မလဲ သိချင်လို့ပါ..."

ဟေးယွီ ဝေ့လည်ကြောင်ပတ် လုပ်ကာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လေသည်။

"ရှောင်ချန် ရုတ်တရက် အဆင့်တက် သွားတာက စမ်းရေကြောင့်ပဲ .. ဒီလို ပြောင်းလဲတာက အပေါ်ယံပဲရှိတယ် သူ့ရဲ့ကိုယ်တွင်း ပိုင်းကတော့ မငြိမ်သက်သေးဘူး .. အဲဒီတော့ ဆင့်ကဲဖြစ်စဉ်ပြောင်းလဲတာကို ထိန်းညှိဖို့အတွက် စွမ်းအင်တွေကို တစ်ချိန်တည်း အများကြီး ရဖို့ လိုအပ်တယ် ... ဒီမှာသက်ရှိဆိုလို့ မင်းပဲရှိတာ သူအမြုတေ မစားရရင် မင်းနောက် လိုက်ဖမ်းမှာပဲလေ"

ထိုသို့ပြောပြီးနောက် ဟေးယွီကို ယွင်ချဲ့ လျစ်လျူရှုကာ ယွင်ချန်ထံသို့ ဉီးတည် သွားလေသည်။ ယွင်ချန်တွက် ဒူးထောက် ထိုင်ချလိုက်ကာ ယွင်ချန် မျက်နှာပေါ် တင်နေသော ဆံပင်များကို သပ်ပေးလိုက်သည်။ သူ၏လက်ချောင်းမှ အေးစက်မှုကို ခံစားလိုက်ရတော့မှသာ ညီလေးက ဖုတ်ကောင် ဖြစ်နေကြောင်း သတိရလိုက်သည်။ သက်ရှိလူ တစ်ယောက်ကဲ့သို့ ပြုမူနေထိုင် နေသော်လည်း အသက်ရှူခြင်း၊ နှလုံးခုန်ခြင်းနှင့် ကိုယ်အပူချိန်တို့လည်း ပျောက်ကင်းနေသည်။

သူ၏နှလုံးသားမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေနေခဲ့ပြီး ဖြစ်သောကြောင့် နာကျင်ခြင်းလည်း မခံစားရတော့ပေ။ ရှောင်ချန်မှာ ထူးချွန်ကာ အရည်အချင်း ပြည့်လှသည်။ သို့သော် အခုမှာတော့ ....

"မင်းသိလား .. မင်းကို လွမ်းနေတာ ငါနဲ့ အစ်မအပြင် အခြားတစ်ယောက်လည်း ရှိသေးတယ် သူလည်း ငါတို့နည်းတူ မင်းကို ချစ်နေတယ်လို့ ခံစားရတယ်၊ သူ့နာမည်က လန်ယဲ့ဟန်တဲ့ မိုက်တယ်ဟုတ် နာမည်က .. လူလည်း နာမည်အတိုင်း ကြည့်ကောင်းတယ်။ ဒါပေမယ့် သူ့ရဲ့ နှလုံးသားက အချစ်ကြီးတယ် .. သူ့လိုလူက လူတစ်ယောက်ကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ မင်းသူ့အတွက် တာဝန်ရှိသွားပြီနော် .. ငါတို့ အစ်မကြီးက စည်းကမ်းကြီးတာ သိတယ်မလား၊ လူတစ်ယောက်ကို အသည်းကွဲအောင် လုပ်ရင် မမ စိတ်တိုလိမ့်မယ် .. တကယ်လို့ မင်းသူ့ကို မကြိုက်ဘူးဆိုရင် မင်းကိုယ်တိုင် သူ့ကိုငြင်းရမှာ၊ အဲဒါကြောင့် ရှောင်ချန် .. မြန်မြန်နေကောင်းအောင်လုပ်ပြီး လန်ယဲ့ဟန်ရဲ့ အချစ်ကို တုံ့ပြန်ပေးလိုက်ဉီး"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now