Part 135

1.5K 191 0
                                    

135 01

အခန်း (၁၃၅)

ဗိုလ်ချုပ်ချန် ထံသို့ ချဉ်းကပ်သွားသော ပထမဆုံးဝံပုလွေမှာ သူ၏ကြီးမားသော အစွယ်များဖြင့် ကိုက်လိုက်သော်လည်း ဗိုလ်ချုပ်ချန်က လျင်မြန်စွာပင် အနောက်သို့ခုန်ကာ ရှောင်လိုက်သည်။ ချွန်ထက်သော လက်သည်းက ဗိုလ်ချုပ်ချန်ကို မရိုက်မိ လိုက်သော်လည်း သူ၏ပုခုံးပေါ်တွင် ကုတ်ခြစ်မိသွားကာ သွေးများ ထွက်လာလေသည်။

"အား !"

အသက်ဘေးမှ အောင်မြင်စွာ လွတ်မြောက်သွားသဖြင့် ဒဏ်ရာရနေသည့် ပခုံးကိုကိုင်ကာ ဗိုလ်ချုပ်ချန် အနောက်သို့ ဆုတ်လိုက် သော်လည်း အခြားဝံပုလွေ တစ်ကောင် အနား ရောက်လာကာ သူ၏လည်ပင်းကို ကိုက်ဖြတ်လိုက်သည်။ ဗိုလ်ချုပ်ချန်လည်း မရှောင်လိုက် နိုင်သဖြင့် ထိတ်လန့်ဖွယ် ကောင်းစွာ အော်လိုက်ချိန်တွင် နောက်ထပ် ဝံပုလွေ လေးကောင်က သူ့အပေါ် ခုန်အုပ်လိုက်သည်။

"အား !"

"ချန် !"

"ဆရာ !"

ကျောချမ်းဖွယ် အော်သံက စက္ကန့်ပိုင်းသာ ခံလိုက်ပြီး ထိုနေရာသို့ ပြေးလာသော မော့ဝမ်းယန် နှင့် အခြားသူများမှာ ထိုနေရာတွင်ပင် ရပ်တန့်သွားကာ လူတိုင်း၏ မျက်လုံးများတွင် အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားသည်။ ဗိုလ်ချုပ်ချန်မှာ မျက်စိတစ်မှိတ် အတွင်းပင် ဝံပုလွေများကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားလေပြီ။ အဆင့် ၃ စွမ်းအားရှင်က အဆင့် ၂ ဝံပုလွေအုပ်အတွက် အားနည်းလှသည်မှာ ယုံကြည်ရ ခက်ပေသည်။
အံ့သြခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်းတို့က စွမ်းအားရှင်များ အပေါ် ဖုံးလွှမ်း သွားသော်လည်း လက်တွေ့တွင် သူတို့၏ ခံစားချက်များကို စိစစ်ချိန်ပင် မရလိုက်ပေ။ ဝံပုလွေများက ဗိုလ်ချုပ်ချန်ကို ကိုက်ဖြဲပြီးနောက် အလောတကြီး မစားလိုက်ကြဘဲ သူ၏ခန္ဓာကိုယ် အတုံးအတစ်များကို ဖယ်ထုတ်ကာ မော့မ်းယန်နှင့် ကျန်သော သူများကို သွေးဆာနေသော မျက်လုံးစိမ်းများဖြင့် ကြည့်လိုက်သည်။

"တက်ကြ ! သူတို့သေရင်သေ မဟုတ်ရင် ငါတို့သေလိမ့်မယ်"

"တက်ကြ !"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now