Part 112

1.9K 262 0
                                    

Unicode

အခန်း (၁၁၂)

၃ ရက်ကြာပြီးနောက် တာဝန်ရှိသူများက စွမ်းအားရှင် အဖွဲ့များနှင့် တစ်ဉီးတည်း သီးသန့်နေသော စွမ်းအားရှင်များကို ဖိတ်ခေါ်ကာ စုဝေး စေလိုက်သည်။ ရည်ရွယ်ချက်ကို ဖော်ပြထားခြင်း မရှိဘဲ နယ်မြေ A ရှိ စစ်တပ်ပိုင် ဌာနသို့ လာရောက်ရန်သာ ပြောဆိုထားသည်။ ဖိတ်ခေါ်ရသူများသည် အကြောင်းရင်းကို မသိကြသော်းလည်း ငြင်းဆန်ခွင့် မရှိကြောင်းကို သိရှိထားပြီး ဖြစ်သည်။ စစ်တပ်က စခန်းကို ထောက်ပံ့ထားပြီး လူအများ၏ လုံခြုံရေးကိုလည်း တာဝန်ယူစောင့်ကြပ် ပေးထားသည်။ စွမ်းအားရှင်များက စစ်တပ်မှ ချမှတ်ထားသော တာဝန်များကို အောင်မြင် ပြီးမြောက်နိုင်လျှင် သူတို့ လိုအပ်သည်ကို တောင်းဆိုခွင့် ရနိုင်သည်။

"ခေါင်းဆောင် ယွင် ဒီနေ့အများကြီး သိမ်းယူလာခဲ့တယ်လို့ ကြားတယ်နော်"

စွမ်းအားရှင်များ အဖွဲ့အစည်းတွင် သူတို့၏ လုပ်ဆောင်ရပ်များကို တင်ပြရန် အချိန်ပင်ဖြစ်သည်။ အရှုံးသမား အဖွဲ့မှာ ထိပ်ဉီးအဖွဲ့နှင့် လွန်စွာပင် ခင်မင်ရင်းနှီးကြပြီး အရှုံးသမား အဖွဲ့ခေါင်းဆောင် လေတာ့ရှန်က အဖွဲ့ကို ဉီးဆောင် လာနေသော ယွင်ချဲ့ကို အော်ပြောလိုက်သည်။ သူတို့မှာ ဝမ်အန်း ဒေသရှိ စက်မှုဇုံမှ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။ လင်းကျန်းမြို့မှ ထိုဒေသတွင် အပင်နှင့်စက်ရုံများ များပြားစွာရှိပြီး ဆင်ခြေဖုံးဒေသ ဖြစ်သော်လည်း လိုအပ်သော ပစ္စည်းအများအပြားကို သိမ်းယူလာနိုင်ခဲ့သည်။

"ခင်ဗျားလည်း သိပ်မဆိုးပါဘူး ခေါင်းဆောင်လေ ... ခင်ဗျား ဝင်ဖောက်ခဲ့တာ ဘီယာချက် စက်ရုံမလား ကျုပ်တို့ အနည်းအကျဉ်း ဖလှယ်ကြရင်ရော ဘယ်လို သဘောရလဲ"

ယွင်ချဲ့မှာ သာမန် အနေအထားဖြင့် တည့်မတ်စွာ လျှောက်သွားပြီး လေတာ့ရှန်နှင့် ပြောဆိုလေသည်။

"ဟား ငါ့လူရာ .. ငါက မေးသင့်လားပဲ တွေးတုန်းရှိသေး .. တွေ့လား ငါ့အဖွဲ့သားတွေက အသားကို လိုချင်နေကြတာ"

လေလုံအိတ်များဖြင့် ထည့်ထားသော ဝက်အူချောင်းများနှင့် အသားများကို သိမ်းယူရရှိခဲ့သည် ဆိုလျှင်လည်း ထိုအရာတို့မှာ အသားများပင်။ လတ်ဆတ်သော အသားများကို ရရန်ပင် မဆိုထားနှင့်၊ ဓါတ်အား ပြတ်တောက်မှုကြောင့် ရေခဲရိုက်ထားသော အသားစိမ်းများပင်လျှင် ပျက်စီး သွားနိုင်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now