Part 73

2.3K 252 2
                                    

Unicode
အခန်း (၇၃)

"ဘာအစွမ်းလဲ မင်းကိုကြည့်ရတာ တစ်ခုခု ထူးခြားတာ ရထားပုံပဲ"

ယွင်ချဲ့ စကားကြောင့် ရှင်းဖုန်း စိတ်ဝင်စား သွားသည်။ ယွင်ချဲ့သည် သာမန်ကိစ္စများကို စိတ်ဝင်စားခြင်း မရှိသော်လည်း ညစာစားရန် အလွန် စိတ်သန်နေပြီး တစ်နေရာကိုလည်း စိတ်ဝင်တစား စိုက်ကြည့်နေသည်။

"ခဏလေး .. စစ်ကြည့်လိုက်ဉီးမယ်"

ယွင်ချဲ့ စကားပြော ပြီးနောက် သူ၏ဝေစုကို ရှင်းဖုန်းထံ ပေးထားခဲ့ပြီး လမ်းလျှောက် ထွက်လာခဲ့သည်။ ကျန်သော သူများလည်း စားသောက်ခြင်းကို ရပ်လိုက်ပြီး ယွင်ချဲ့ကိုသာ ကြည့်နေကြသည်။ ခြံတွင် ယွင်ချဲ့ ထပ်ခါထပ်ခါ လမ်းလျှောက်ပြီးနောက် တံတိုင်းကို ကျော်ကာ အပြင်သို့ ထွက်သွားလေသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ယွင်ချဲ့ တံတိုင်းကို ကျော်ကာ ပြန်ဝင်လာခဲ့ပြီး ကိုယ်ပေါ်တွင်လည်း သွေးအနည်းငယ် စွန်းနေသဖြင့် သူထွက်သွားစဉ်က ဖုတ်ကောင်များနှင့် တိုက်ခိုက်ခဲ့ပုံပင်။

"အင်း .. ယွင်ချဲ့ သူ့ဓါးကို ဘယ်က ရခဲ့တာလဲသိချင်နေတာ .. အသီးတွေ လှီးဖြတ်ဖို့အဆင်ပြေမယ့်ပုံပဲ"

ယွင်ချဲ့ လက်ထဲမှ သွေးစွန်းများ မရှိသော ဓါးကိုကြည့်ကာ ချူးဟောင်လင်း အံ့အားတကြီးနှင့် စနောက် ပြောလေသည်။

ဘေးတွင်ရပ်နေသော လန်ယဲ့ဟန်က ရုတ်တရက် လှည့်ကြည့်ကာ မေးလိုက်သည်။

"ပြီးတော့ အဲဒါတွေကို စားမလို့လား"

"အမ် ..."

ချူးဟောင်လင်း တစ်ကိုယ်လုံး တောင့်သွားလေသည်။ အခြားသူများကို မကြာခဏ စနောက်နေသော်လည်း ယခုတစ်ကြိမ်တွင် သူခံလိုက်ရတော့သည်။ ယွင်ချဲ့က သူ၏ဓါးဖြင့် ဖုတ်ကောင်များကို သတ်ဖြတ်ပြီးနောက် ထိုဓါးဖြင့်ပင် အသီးအရွက်များ ခုတ်ထစ်နေပုံကို ချူးဟောင်လင်း မြင်ယောင် ကြည့်လေရာ အလွန်ရွံ့ရှာဖွယ် ဖြစ်သွားသဖြင့် ချူးဟောင်လင်း အနေနှင့် အစားအစာများကို ပထမဆုံး ကြောက်ရွံ့မိခြင်းပင်။

"အာ ..."

ကျန်သော အဖွဲ့သားများ မနေနိုင်ဘဲ ထရယ်မိကြပြီး လန်ယဲ့ဟန်ကို လက်မထောင်ပြသော်လည်း လန်ယဲ့ဟန်က နေမြဲအတိုင်း တည်နေလျက် ယွင်ချဲ့ကို လှည့်ကြည့်လေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now