Part 153

1.2K 138 1
                                    

153 01

အခန်း ၁၅၃ ပါဝင်ပစ္စည်း‌‌တွေ လာပို့တာလား ဒေါ်လေး။

ချောင်ယန်း၏ကန်တင်းက အဖွဲ့အစည်း၏အလယ်တွင်ရှိပြီး အလွန်ရိုးရှင်းပြီး ပတ်ဝန်းကျင်ရှိ ဗီလာများနှင့် မကိုက်ညီပေ။ ယင်းက စတီးဖြင့် ပြုလုပ်ထားသည့် အခန်းကြီးတစ်ခန်းသာဖြစ်၏။ သို့သော်ငြား တစ်ချိန်တည်းတွင် လူတစ်ထောင်ကျော် ဆန့်ပေ၏။ အထဲသို့ ဝင်လိုက်သည်နှင့် အထူးပြုလုပ်ထားသည့် စားပွဲရှည်ကြီးများ အတန်းလိုက်ရှိနေပြီး စားပွဲတစ်လုံးစီက အနည်းဆုံး သုံးမီတာခန့်ရှည်ကာ ခုံတန်းရှည်ကြီးများကို ဘေးတစ်ဖက်တစ်ချက်စီ၌ သပ်သပ်ရပ်ရပ် ထားရှိလေ၏။ လူတိုင်းက ပုံမှန်ဆို အသိစိတ်ဓာတ် အလွန်ရှိသောကြောင့် စားသောက်ပြီးနောက် သူတို့က သန့်ရှင်းရေးလုပ်သွားကြသည်။ ထို့ကြောင့် သန့်ရှင်းရေးပြုလုပ်ရန်အတွက် လူအင်အားများစွာ မသုံးစွဲရပေ။ ကန်တင်း၌ စားဖိုမှူးအယောက်နှစ်ဆယ်ကျော် ရှိ၏။ လူဆယ့်နှစ်ယောက်ခန့်က သန့်ရှင်းရေးနှင့် ဝေရာဝစ္စများ ဆောင်ရွက်ပေးသည်။ ပုံမှန်ဆို လူတိုင်းက ဘာမှလုပ်စရာမရှိသည့်အချိန်၌ လာရောက် ကူညီပေးကြ၏။ ကန်တင်း၏ စားဖိုမှူးဖြစ်သည့် စားဖိုမှူးချင်သည် ကမ္ဘာပျက်ကပ်မတိုင်မီက ကြယ်သုံးလုံးဝင်ဟိုတယ်၏ စားဖိုမှူးတစ်ဦးဖြစ်သည်။ သူသည် သိသာထင်ရှား ပေါ်လွင်ခြင်းမရှိသည့်သွင်ပြင် ရှိသော်ငြား အမှန်တကယ်တွင် ပုန်းနေသောကျား ငုပ်လျှိုးနေသော နဂါးပဲဖြစ်၏။ ယွင်ချဲ့သည် ထိုအကြောင်းကို ပထမဆုံး သိသွားချိန်၌ အံ့ဩသွားခဲ့သည်။

"ဒီနေ့ ခေါင်းဆောင် ဒီကို ဘာကြောင့်ရောက်လာတာလဲ"

ညနေလေးနာရီ ထိုးနေပြီဖြစ်သည်။ စားဖိုဆောင်က ချက်ပြုတ်ရန် ပြင်ဆင်နေပြီဖြစ်၏။ အပြင်ဘက်တွင် စားဖိုမှူးလေးများနှင့် အာလူးအခွံခွာနေသည့် အဖွဲ့မှူးချင်က အဝေးကနေ သူတို့နှစ်ယောက် လျှောက်လာတာကို မြင်သောအခါ သူတို့က မတ္တေရဗုဒ္ဓပမာ ဆီးကြိုနှုတ်ဆက်ပြီး ပြုံးပြလိုက်၏။ "ခေါင်းဆောင်ယွင် ဘယ်အချိန်ကျမှ ဂေါ်ဖီထုပ်တွေ သယ်လာမှာလဲ ဒီမှာ မရှိ‌တော့ဘူး"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now