Part 125

1.8K 229 2
                                    

Unicode
အခန်း (၁၂၅)

ရှင်းဖုန်း၏ ချက်ပြုတ်နိုင်စွမ်းမှာ အလွန် ကောင်းမွန်လှသဖြင့် ယွင်ယောင်နှင့် ဝမ်စူးဟွာပင် ချီးကျူးကြလေသည်။ နေ့လယ်စောင်း အချိန်မှရောက်လာသော ချူးဟောင်လင်းနှင့် အခြားသူများမှာ သူတို့ခေါင်းဆောင်၏ လက်ရာကို မြည်းစမ်းနိုင်မည့် အခွင့်အရေးကို လက်လွှတ်သွားသဖြင့် အလွန်ပင် စိတ်ဆိုးနေကြသည်။ လန်ယဲ့ဟန်က တစ်နေ့လုံး ယွင်ချန်နှင့် ရှိနေခဲ့ပြီး ရှင်းဖုန်း၏ လက်ရာကိုလည်း ဘာမှမပြောပေ။

"ချန်လည်း အဆင်ပြေလာပါပြီ ဟိုင်ရွှမ်းရဲ့ အဘိုးနဲ့အမေကို ရှောင်ချန် အကြောင်း ပြောပြထားဉီး ... သူအခန်းထဲမှာ မနေချင်တော့လို့ အခုစိတ်ဆိုးနေတယ်"

ယဲ့ရှင်းချန် အောက်သို့ ပြန်ဆင်းလာသည့်အခါ ယွင်ချဲ့က အခန်းအနေအထားကို ပြန်ပြင်မည့် အကြောင်း ပြောလိုက်သည်။ ယဲ့ရှင်းချန်က သူ့အတွက် ကိစ္စမရှိသဖြင့် နေသားကျလာသော မိသားစုဝင် အသစ် ၂ ယောက်ကို ကြည့်လိုက်သည်။

"အင်းပါ ဟိုင်ရွှမ်းနဲ့ တိုင်ပင်လိုက်မယ် .. ရှောင်ချန်ကို အဖော်လုပ်ပေးပြီး နိုင်သလောက် သူ့ကို ချော့ထားပေးပါဉီး .. မနက်ဖြန်ကျ အောက်ဆင်းခွင့် ပေးလိုက်မယ်"

ယခုအိမ်မှာ ယွင်ချဲ့၏ အိမ်ဖြစ်ပြီး အိမ်ပိုင်ရှင်၏ ညီက အချုပ်နှောင် ခံထားရသည်မှာ မဖြစ်သင့်ပေ။ ယွင်ချန်ကို လက်ခံနိုင်လျှင် ထိုအိမ်တွင် နေထိုင်နိုင်မည်ဖြစ်ပြီး မဟုတ်ပါက အခြားတစ်နေရာတွင် ရှာရလိမ့်မည် ဖြစ်သည်။

"ငါတက်တော့မယ်"

လန်ယဲ့ဟန်မှာ ယွင်ချဲ့နှင့် စကား အနည်းငယ်ပြောပြီး အခြားသူများကလည်း လိုအပ်သည်ထက် ပိုမပြောကြပေ။ လန်ယဲ့ဟန် ဆင်းလာစဉ်က အမြန် ဆင်းလာခဲ့ပြီး လျင်မြန်စွာ စားသောက်လျက် အလောတကြီး တက်သွားပြန်သည်။ သူ မဆင်းလာမီ ယွင်ချန်က ကိုယ့်ကိုယ်ကို ညစ်ပေနေသည်ဟု ခံစားရသောကြောင့် ရေချိုးလိုကြောင်း ပြောခဲ့သဖြင့် လန်ယဲ့ဟန်က အမြန်ပြန်လာမည်ဟု ကတိပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

"စစ်တပ်က အစီအစဉ် ကောင်းမယ် ထင်တာပဲ .. ငါတို့လည်း လုပ်နိုင်တဲ့ အထိတော့ လုပ်ပေးရမယ်"

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now