part 5

4.8K 632 6
                                    

unicode

ကမ္ဘာပျက်ကပ်က စစ်သည်တော်

အခန်း (၅)

"​ဟေ့​ကောင် .. ငါ့​ဘောင်းဘီကို မကိုက်နဲ့​လေ မင်းက ​ခွေးပဲဖြစ်မယ်"

ယွင်ချဲ့ ​မြေပြင်တွင် အချိန်အ​တော်ကြာ လူးလှိမ့်​နေခဲ့ရသည်။ ​ဟေးယွီက သူ့အတွက် ​ချောကလက်​ချောင်း ယူလာ​ပေးမည်ဟု ကတိမပြုမချင်း ယွင်ချဲ့၏ ​ဘောင်းဘီကို ဆွဲကိုက်ထားပြီး လုံးဝ အလွှတ်မ​ပေး​ပေ။ ယွင်ချဲ့ ​ဘောင်းဘီကို ချွတ်ကြည့်လိုက်သည့်အခါ တစ်လက်မ အရွယ်အပေါက်များ ဖြစ်​နေကုန်သည်။

​ဟေးယွီက မသဲကွဲ​သော အသံဖြင့် ...

"ဒီလို​နေရာက လူတိုင်း မ​ရောက်နိုင်ဘူး ထူးခြားတဲ့ သူ​တွေပဲ ဒီလို အခွင့်အ​ရေးရတာ .. တခြားသူ​တွေ မကြုံ​တွေ့နိုင်တာ​တွေကို ကြုံဖူး​အောင် လုပ်ထားသင့်တယ်"

ဟမ် ? ထပ်ပြီး ​မွေးဖွားခဲ့လို့များလား ? ထိုစကားကြားပြီး​နောက် ယွင်ချဲ့ ​မော့ကြည့်လိုက်ပြီး သူဘာ​ကြောင့် ဒီကို​ ရောက်လာခဲ့တယ်၊ ဒီ​နေရာရဲ့ ပိုင်ရှင် ဖြစ်လာရတယ် ဆို​သော အ​မေးများကို ​ဟေးယွီ ​ဖြေ​ပေးနိုင်လိမ့်မည်။

"ဒါဆိုရင် ဒီကို အဝင်အထွက်က ဘယ်လိုလုပ်ရမှာလဲ"

"ထွက်ချင်တဲ့ အခါထွက် ဝင်ချင်တဲ့အခါ ဝင်လို့ရတယ် .. ဒါနဲ့ မထွက်ခင် ပိထန် ​ရေကန်ဆီသွားပြီး ညစ်ပတ်​နေတာ​တွေ ​ဆေး​ကြောလိုက်ဉီး .. သခင်က အားနည်း​နေ​သေးတယ်"

​ပြော​နေရင်းဖြင့် ​ဟေးယွီက စမ်း​ချောင်း​လေး အဆုံးတွင် ရှိ​နေ​သော ​ရေကန်ငယ်​လေး ဆီကို လမ်းပြ​ခေါ်လာခဲ့သည်။ အ​ကြောင်းရင်းကို ယွင်ချဲ့ မ​မေး​​တော့​ပေ။ ​ရေကန်​ရှေ့တွင် ရပ်လျက် အဝတ်အစားများကို ချွတ်ကာ ​ရေကန်ထဲ ဝင်ထိုင်လိုက်ပြီး လက်တစ်ခုပ်စာ ခပ်ယူ၍ ​မော့​သောက်လိုက်သည်။

စမ်း​ချောင်း​ရေက လည်​ချောင်း တစ်​လျှောက် စီးဆင်းသွားပြီး တစ်ကိုယ်လုံးရှိ နာကျင်မှုများကို ​ရှင်းထုတ် လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ယွင်ချဲ့ နာကျင်မှုကို ကုစား​နေစဉ် ​ဟေးယွီက ​ရေကန်​ထောင့်နားတွင် ထိုင်လျက် ​စောင့်​ကြည့်​နေသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်حيث تعيش القصص. اكتشف الآن