Part 95

2K 248 0
                                    

Unicode

အခန်း (၉၅
"သွား​တော့"

ဝုန်း

လုဟိုင်ရွှမ်း ​ခြေတစ်လှမ်း ဆုတ်လိုက်သည့် အချိန်တွင် ယွင်ချဲ့ ​အော်လိုက်သည်။ တံခါးနားတွင် တိုက်ခိုက်ရန် အသင့်ပြင်​ စောင့်​နေကြပြီး တံခါးပွင့် သွားသည်နှင့် ဖုတ်​ကောင်များစွာ စု​ဝေး​ ပြေးလာကြသည်။

အမိန့်​ပေးရန်ပင် မလိုဘဲ ယွင်ချဲ့တို့ အဖွဲ့သားများမှာ အစွမ်းကုန် ထုတ်ကာ လျှပ်စီးအလား လျင်မြန်စွာ တစ်ပြိုင်နက်တည်း​ ပြေးသွားကြသည်။ ဖုတ်​ကောင်များမှာလည်း ​အော်ဟစ်ကာ ​ပြေးလာ ကြ​လေသည်။ ၁၀ ထပ်​မြောက် အထပ်တွင် အဆင့် ၃ ဖုတ်​ကောင် အနည်းငယ်သာ ရှိသော်လည်း အခြား ဖုတ်​ကောင်များ အပါအဝင် အ​ရေအတွက်မှာ များပြားလွန်း​ လှသည်။ ယန်းဟွိုင်အန်းနှင့် ကျန့်ယာ​​ဖေးတို့က အဆင့် ၁ နှင့် အဆင့် ၂ ဖုတ်​ကောင်များကို ရှင်းလင်း​နေပြီး ကျန်​သော အဖွဲ့ဝင်များက အဆင့် ၃ ရှိ​သော ဖုတ်​ကောင် ၅​ ကောင်ကို ပူး​ပေါင်း တိုက်ခိုက်​နေကြသည်။

ဝုန်း ဝုန်း

အဆင့် ၃ ဖုတ်​ကောင်တို့မှာ ယွင်ချဲ့ တို့ထက် အ​ရေအတွက် နည်းကာ သူတို့၏ လှုပ်ရှားမှုများကို ကြိုတင်မှန်းဆနိုင်သဖြင့် ယွင်ချဲ့ တို့အတွက် ပိုမိုလွယ်ကူသွား​စေသည်။ တာ​ဝေးတိုက်ခိုက်သူ ရှင်းဖုန်း၊ လုဟိုင်ရွှမ်း နှင့် ယွီဝမ်းချင် တို့က အနီးကပ် တိုက်ခိုက်သူများကို ကူညီ​ပေး​နေသည်။ အနီးကပ် တိုက်ခိုက်သူ ​ကျောက်​ကောင်းမှာ စွမ်းအား သန်မာလှသဖြင့် အဆင့် ၃ ဖုတ်​ကောင်ကို ရင်ဆိုင် တိုက်ခိုက်​ နေသည်။ တာ​ဝေး တိုက်ခိုက်သူလည်း ဖြစ် အနီးကပ် တိုက်ခိုက်သူလည်း ဖြစ်သည့် ယွင်ချဲ့၊ လန်ယဲ့ဟန်၊ ကျိုးဇယ်ယွီနှင့် ဖုန်း​ရွေတို့မှာ ကျန်​သော အဆင့် ၃ ဖုတ်​ကောင် ၄ ​ကောင်ကို တိုက်ခိုက်​ နေကြသည်။

အဆင့် ၃ ဖုတ်​ကောင် ၅ ​ကောင်များ အနက် ၂​ ကောင်မှာ မီးအစွမ်းရှိပြီး ​ကျန် ၃​ ကောင်မှာ မြေ၊ သစ်၊ ​ရေ စသည့် အစွမ်းများ ရှိကြသည်။ သစ်သား အစွမ်းရှိ​သော ဖုတ်​ကောင်မှာ သူ၏ အနာဒဏ်ရာများ အလိုအ​လျောက် ပျောက်ကင်း သွားသဖြင့် ခံနိုင်ရည် အမြင့်ဆုံးဖြစ်ပြီး ကျိုးဇယ်ယွီ ကလည်း တိုက်ခိုက်ရင်း ကျိန်ဆဲ​ နေ​လေသည်။ ကျိုးဇယ်ယွီ၏ ​လေဓါးက ထိုဖုတ်​ကောင်ကို ဆိုးဝါးစွာ ထိခိုက်​စေ​သော်လည်း မျက်စိတစ်မှိတ်​လေး အတွင်း ချက်ချင်း ​ပျောက်ကွယ်သွား​လေသည်။ ထိုဖုတ်​ကောင်၏ ကိုယ့်ကိုယ်ကို ကုသနိုင်စွမ်းက အလင်းစွမ်းအားရှင်၏ ကုသနိုင်စွမ်းထက် ပို၍ သာလွန်​​နေ​သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now