Part 75

2.5K 344 6
                                    

Unicode

အခန်း (၇၅)

"ငါတို့ အခြားလမ်းကြောင်းကနေ သွားမှရမယ် .. ငါတို့တိုက်ခိုက် လိုက်ရင် တကွဲတပြားဖြစ်ပြီး လမ်းကြောင်း ထပ်ဖွဲ့ဖို့ ခက်ခဲသွားလိမ့်မယ် ... လမ်းအလယ်ကို သွားပြီး ဘယ်ဘက်ကို ထပ်ရွေ့ကြရအောင်"

ယွင်ချဲ့လည်း စောင့်ကြည့်မြေပုံကို သေချာကြည့်လျက် ရှုထောင့် အဘက်ဘက်မှ တွေးကာ လမ်းကြောင်း အသစ်ကို ရွေးချယ်လိုက်သည်။ သူတို့၏ဉီးစားပေး အချက်မှာ အချိန်တိုတိုနှင့် ကျန့်ယာဖေး၏ အိမ်သို့ အမြန်ရောက်ရန် ဖြစ်သည်။

"အင်း"

ရှန်းရွေလည်း ဆိုင်းတွခြင်းမရှိ ယွင်ချဲ့ လမ်းညွှန်ရာ အတိုင်း လိုက်နာလေသည်။ ထို့နောက် ယွင်ချဲ့ အသံတိုးတိုးဖြင့် ညည်းတွား လိုက်သည်။

"ကပ်ဖြစ်တာ တစ်လတောင် မရှိသေးဘူး။ အဆင့် ၃ ဖုတ်ကောင်တွေက ဘယ်လိုလုပ်ပြီး များလာရတာလဲ"

အတိတ်ဘဝတွင် အဆင့် ၃ ဖုတ်ကောင်များမှာ ကပ်ဘေးကြုံရပြီး ၁ လ ၂ လအကြာမှ ပေါ်ပေါက် လာခဲ့သည်ကို ယွင်ချဲ့ အသေအချာ မှတ်မိသည်။ ပြန်လည် မွေးဖွားခဲ့ခြင်းက တစ်ခုခုပြောင်းလဲ သွားစေခဲ့တာလား၊ ဒါမှမဟုတ် အတိတ်ဘဝတွင် ယခုကဲ့သို့ မလုပ်ဖူးခဲ့ခြင်းကြောင့်လား။

"မထူးဆန်းပါဘူး ဒါက နယ်မြို့ဆိုတာလည်း မမေ့နဲ့ဉီး ... လူသေအလောင်းတွေ အထူးသဖြင့် အစွမ်းရှိတဲ့ လူ့အလောင်းတွေက ဖုတ်ကောင်တွေအတွက် စွမ်းအားမြင့်ဖို့ ပိုထိရောက်စေတယ် ... လူဉီးရေများတဲ့ ဒီလိုနယ်မြို့တွေမှာ အဆင့် ၃ ဖုတ်ကောင်တွေ များနေတာက ပုံမှန်ပဲကို"

သာမန် လူများထက် စွမ်းအားရှိသူများက ပို၍ အကြားကောင်းကြသဖြင့် ယွင်ချဲ့၏ တီးတိုးရေရွတ်သံကြောင့် ရှင်းဖုန်းလည်း လှည့်ကြည့် လိုက်သည်။ ရှင်းဖုန်းမှာ အကြောင်းကိစ္စ တစ်ခုခုကြောင့် အဆင့် ၄ ဖုတ်ကောင်များကို ရင်ဆိုင်ရလျှင်တောင် သူ့အတွက် မထူးဆန်းပေ။ အကယ်၍ တွေ့ခဲ့မည်ဆိုလျှင် လူသားများ ရှုံးနိမ့်လာပြီဟု သဘောရပြီး အလွန်ကြီးမားသော ပြဿနာ ဖြစ်ပေလိမ့်မည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Où les histoires vivent. Découvrez maintenant