Part 111

2.1K 264 0
                                    

Unicode

အခန်း (၁၁၁)

အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီး  ကပ်ဘေး ဆိုက်ချိန် နှစ်လကြာပြီးနောက် မေလသို့ရောက်လာရာ ရာသီဥတုမှာလည်း တဖြည်းဖြည်းနှင့် ပူနွေးလာလေသည်။ သက်ဆိုင်ရာများက ဖုတ်ကောင်များကို ရှင်းလင်းကြသည့် လူများနှင့် အဖွဲ့များကို ဖုတ်ကောင်များ ရှင်းလင်းပြီးလျှင် မြေမြှုပ်ခြင်းနှင့် မီးလောင် တိုက်ခြင်းတို့ဖြင့် ရှင်းလင်းရန် ထုတ်ပြန်ထားသည်။ မဟုတ်လျှင် ဆိုးဝါးသော အနံ့အသက်များနှင့် လေထုကို ညစ်ညမ်းစေလိမ့်မည် ဖြစ်သည်။

ထိုကိစ္စမှာ စွမ်းအားရှင်များ အတွက် အလွန် လွယ်ကူသဖြင့် သူတို့အတွက် ထွေထွေထူးထူး အခက်တွေ့ခြင်း မရှိပေ။ ကုန်ဆုံးခဲ့သော နှစ်လအတွင်း အမြုတေ၏ အသုံးဝင်ပုံများကို ချောင်ယန်း အဖွဲ့နှင့် ထိပ်ဉီးအဖွဲ့တို့က ပြောပြခဲ့သဖြင့် လူအများ သိရှိခဲ့ကြသည်။ သူတို့သည် တာဝန်လုပ်ဆောင်ရာတွင် အခြားအဖွဲ့များကို ခေါ်သွားတတ်သဖြင့် အခြားသော အဖွဲ့များက သူတို့ကို အားကိုးအားထား လာကြသည်။ စွမ်းအားများကို ထုတ်ဖော်ပြီးသော အဖွဲ့များက ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့ ဉီးဆောင်ရာ နောက်မှလိုက်လျှင် သူတို့၏ ပန်းတိုင်နှင့် ပို၍မြန်မြန်ရောက်သွားတတ် ကြသည်။

ထိုအတွက် မော့ဝမ်းယန်က ပျော်နေတတ်ပြီး ကျန်သော စစ်တပ် ၂ ဖွဲ့က သဘောမကျကြပေ။ ရက်ပေါင်းများစွာ မေးမြန်းကြပြီးနောက် ချောင်ယန်း အဖွဲ့နှင့် ထိပ်ဉီးအဖွဲ့တို့ လွန်စွာ ရင်းနှီးနေခြင်းက အခြားအဖွဲ့များ အတွက် လျှို့ဝှက်ချက်များ မဖြစ်ကြတော့ပေ။ ချောင်ယန်း၏ ခေါင်းဆောင် ရှင်းဖုန်းက မော့ဝမ်းယန်၏ ညီတစ်ဝမ်းကွဲဖြစ်ပြီး အကယ်၍ ဆက်လက် တိုးတက် မြင့်မားနေသည်ကို မရပ်လျှင် မော့ စစ်တပ်က စခန်းတွင်းသို့ အင်အားသုံး ကျူးကျော်လျှင် သူတို့အတွက် ဆုတ်ယုတ်ခြင်းကိုသာ ဖြစ်စေလိမ့်မည်။

ထိုအချက်အလက်အရ ဝမ်ဝေ့နှင့် ဝေ့ခန်တို့မှာ အကြိမ်အခါများစွာ အစီအစဉ် ဆွဲခဲ့ကြသည်။ နောက်ဆုံး ဆုံးဖြတ်ချက်မှာ သူတို့ စစ်တပ်တွင်းရှိ စွမ်းအားရှင် တပ်သား အချို့ကို သာမန် အသက်ရှင် ကျန်သူများအဖြစ် ဟန်ဆောင်စေပြီး စွမ်းအားရှင် အဖွဲ့အစည်းတွင် တရားဝင် စာရင်းသွင်းစေကာ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့ အောင်မြင် ကျော်ကြား လာမည်ကို တားဆီးရန် လုပ်ဆောင်ရမည် ဖြစ်သည်။ သို့သော် စွမ်းအားရှင် အများအပြား ရုတ်တရက် ပေါ်လာလျှင် သံသယ ဖြစ်နိုင်သောကြောင့် စုဆောင်းယူသည့် အစီအစဉ်ကို လုပ်ကာ ချောင်ယန်းနှင့် ထိပ်ဉီးအဖွဲ့တို့၏ အဓိက အရေးပါသူများကို စခန်းအပြင်သို့ ခေါ်ထုတ်ရန် စီစဉ်ကြသည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Où les histoires vivent. Découvrez maintenant