Part 80

2.2K 342 5
                                    

Unicode

အခန်း (၈၀)

"ငါစိတ်လှုပ်ရှား လွန်သွားတာ ထင်ပါရဲ့ ..."

ယွင်ချဲ့ စိတ်တို့ ပြန်လည် ငြိမ်သက်သွားပြီး စိတ်ဓါတ်ကျ နေသည်ကို အန်တုလျက် အားတင်းကာ ပြုံးလိုက်သည်။ ထို့နောက် ဖုန်ပုလင်းငယ် တစ်ဘူး ယူထုတ်ကာ ပန်းထိုးအပ်နှင့် ယွင်ချန်၏ လက်ချောင်းကို ဖောက်လိုက်သည်။ ယွင်ချန် အသားမှာ ချိုင့်ဝင် သွားသော်လည်း အပ်မှာဖောက်ဝင်သွားခြင်း မရှိသဖြင့် ယွင်ချဲ့လည်း သူ၏လျှပ်စီးစွမ်းအားကို ထည့်လိုက်ရာ အောင်မြင်သွားလေသည်။ သို့သော် ယွင်ချန်မှာ နာကျင်မှုကို မခံစားရသည့်အပြင် အမြုတေများကို မြိန်ရှက်စွာ ဝါးစားနေလေသည်။

"ငါဒီနေ့တော့ သွားရဉီးမယ် နောက်ရက်တွေမှ မင်းကို အဖော်လုပ်ပေးမယ် ကောင်းကောင်းနေနော်" ‘

ညီလေး၏ သွေးတစ်စက်ကို ဖောက်ထုတ်ပြီးနောက် ယွင်ချန် ခေါင်းကို အသာပွတ် လိုက်သည်။ မျက်စိတစ်မှိတ် အတွင်း ယွင်ချဲ့လည်း ပျောက်ကွယ် သွားပြီးနောက် ခွေးနက်လေးတစ်ကောင်က ပစ္စည်းများ စုပုံထားသော နေရာမှ ခုန်ထွက်လာပြီး ယွင်ချန် အရှေ့သို့ ပျံသန်းလာခဲ့သည်။ ထိုခွေးလေးမှာ ဆိုဖာပေါ်သို့ ခြေလက်ကားယားဖြင့် တက်လာပြီး ပျင်းလေးစွာဖြင့် ....

"မင်းဘယ်လောက် ကံကောင်းလဲကြည့်ဉီး .. သခင်က သူဝင်လာရင် မင်းနဲ့ပဲစကားပြောတယ် .. ငါ့ကိုကြည့်ဉီး ငါဘယ်လိုလုပ်ပြီး သူ့ရှေ့ထွက်လာရဲမှာလဲ မဟုတ်ရင် သူစိတ်မကောင်းဖြစ်လိမ့်မယ် .. သခင့်ပုံစံက သွေးအေးပုံ ပေါ်ပေမယ့် ရင်းနှီးတဲ့လူ တစ်ယောက်ကို စိတ်ပါလက်ပါ ဂရုစိုက်ပေးတယ် သိလား ... ငါ့ကိုအမျိုးမျိုး ပြောဆိုတတ်ပေမယ့် ငါကြိုက်တာလေးတွေ အမြဲယူလာ ပေးတတ်တယ် ဒီလိုလူမျိုးက ငါ့ရဲ့သခင် ဖြစ်နေတာကိုက ငါ့အတွက် ကံအကောင်းဆုံးပဲ .. ဒါကြောင့် ငါအားမြန်မြန် ပြည့်အောင် အနားယူ စားသောက်ပြီး နေပြန်ကောင်းသွားရင် သူ့ကိုသွားရှာမယ် ... သူငါ့ကိုလွမ်းနေမယ ထင်တယ် ငါလည်း သူ့ကိုလွမ်းတယ် သူနဲ့အတူတူ ရှိနေဖို့ ငါဘယ်လိုများ လုပ်ရမလဲ"

ဟေးယွီသည် ယွင်ချဲ့ အရှေ့သို့ မထွက်လာရဲဘဲ ယွင်ချဲ့ ထွက်သွားတော့မှ ပြန်ထွက်လာပြီး တုံ့ပြန်ပြောဆိုခြင်း မရှိသော ယွင်ချန်ကိုသာ ရောက်တတ်ရာရာ လျှောက်ပြော နေတော့သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now