Part 109

2K 270 1
                                    

Unicode
အခန်း (၁၀၉)

ရှင်းဖုန်း တို့အိမ်ဘက်တွင် ...

"ချဲ့ အိမ်မှာ ထမင်းသွား မစားတော့ဘူးလား ခေါင်းဆောင်"

ယန်းဟွိုင်အန်း မေးလိုက်သည်။ သူနှင့် အခြား အဖွဲ့သားတို့မှာ မနက်ခင်း လေ့ကျင့်ခန်း လုပ်ပြေးလွှားပြီးနောက် ချွေးသုတ် နေကြလေသည်။ ယွင်ယောင်က သူတို့ကို အချိန်မရွေး လာရောက် စားသောက်နိုင်ကြောင်း ပြောခဲ့သည်။ ခေါင်းဆောင်နှင့် ယွင်ချဲ့က ချစ်ကြိုက်သဖြင့် သူအရင်ဆုံး သွားသင့်သည် မဟုတ်လား။ ဘာကြောင့် ဧည့်ခန်းထဲထိုင်ကာ ကော်ဖီသောက်နေပြီး သူ၏ တက်ဘလက်ကိုသာ ကြည့်နေလဲ မသိရပေ။

"ရှူး .. ခေါင်းဆောင်က ဒီနေ့တော့ ချဲ့ အိမ်မှာ မစားရဘူးလို့ တားမြစ်ထားတယ်လေ .. ပြောတာတော့ ချဲ့တို့က ပြောင်းရွေ့ပြီး ပထမဆုံး နေ့ဆိုတော့ ကျွန်တော်တို့ မသိသင့်တာတွေ တစ်ခုခု လုပ်စရာရှိလို့ ဆိုလားပဲ။ ဒါပေမယ့် ဘယ်လောက်ကြာမလဲ မသိဘူး ... ညစာတော့ အတူတူ စားရပါစေလို့ပဲ မျှော်လင့်တယ် မမယောင်နဲ့ အန်တီဝမ်တို့ လက်ရာလေးပဲ ခံတွင်းတွေ့တာ ဒါကို မစားရတာ ရင်နာစရာကြီး"

ချူးဟောင်လင်း စောစော ပြန်လာခဲ့ပြီး ယန်းဟွိုင်အန်း အနားသွားကာ စကားတတွတ်တွတ်ပြောနေလေသည်။

"ခေါင်းဆောင်က ဒီလိုပြောထားတာ ဆိုတော့ စားသောက်ခန်းကနေ တစ်ခုခု သွားယူထားမှပဲ"

ယန်းဟွိုင်အန်းနှင့် အခြားသူများ တွေဝေစွာ ကြည့်လိုက်ပြီး ခေါင်းဆောင်က ဘာမှ ဝင်မပြောသဖြင့် ထိုအကြောင်းကို ဆက်မပြော ကြတော့ပေ။

"ကောင်းပြီလေ ... ခေါင်းဆောင် မနက်စာ ဘာစားမှာလဲ ကျွန်တော်တို့ အပြန်ယူလာခဲ့မယ်"

ရှန်းရွေ ခေါင်းညိတ်ပြကာ ရှင်းဖုန်းကို မေးလိုက်သည်။

စားသောက်ခန်းမတွင် မနက်စာအဖြစ် နို့ဆန်ပြုတ်၊ ပေါင်မုန့်လုံး၊ ပေါက်စီနှင့် ပန်ကိတ်တို့ကိုသာ တင်ထားပေးသည်။ သို့သော် ပဲနို့နှင့် ပေါင်မုန့်ကြော်တို့မှာ ကပ်ဘေးကာလ အတွင်းတွင် ပဲနို့နှင့် ပေါင်မုန့်ကြော်တို့မှာ အဖိုးတန်သော စားသောက်ဖွယ် အဖြစ်ပင် မှတ်ယူနိုင်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Where stories live. Discover now