Part 85

2.3K 329 1
                                    


Unicode

အခန်း (၈၅)

ယွင်ချဲ့ အိမ်၏ဒုတိယ အထပ်တွင် အခန်း ၃ ခန်းရှိပြီး ၂ ခန်းကို ကျန့်ယာ​ဖေး မိသားစုအတွက် ထား​ပေးလိုက်သည်။ ကျန့်ယာ​ဖေး အိမ်မှ သယ်ယူလာခဲ့​သော ပရိ​ဘောဂများကို ထိုအခန်း ၂ ခန်းထဲတွင် ထည့်​ပေးလိုက်သည်။ ကျန်တစ်ခန်းမှာ ယွင်​ယောင် အတွက်ဖြစ်ပြီး အခန်းထဲတွင် ၂ မီတာနီးပါး အကျယ်ရှိ​သော ဆင်စွယ်​​ရောင်ခုတင်၊ က​လေးအိပ်ခုတင် အဖြူ​ရောင်၊ ဆင်စွယ်ဗီရိုနှင့် မှန်တင်ခုံတို့ကို ​နေရာချ ထား​ပေးလိုက်သည်။ မနက်ဖြန် ယွင်​ယောင် လာခဲ့ပြီး သူမအတွက် လိုအပ်​သော ပစ္စည်းများကို ကြည့်ရှုမည် ဖြစ်သည်။

တတိယအထပ်ရှိ အခန်း ၃ ခန်းကို လန်ယဲ့ဟန်၊ ကျိုးဇယ်ယွီနှင့် လုဟိုင်ရွှမ်းတို့ကို တစ်ခန်းစီ​ပေးထားလိုက်သည်။ ​ယောက်ျားများ အတွက် အခန်းပြင်ဆင်ရန် မလိုအပ်​သဖြင့် အခန်းတစ်ခန်းတွင် ခုတင်တစ်လုံး၊ ဗီရိုနှင့် ဆိုဖာထိုင်ခုံတို့ကို ၃ ခန်းလုံးမျှတူ ဖြည့်ထား​ ပေးလိုက်သည်။ ယွင်ချဲ့သည် အပေါ်ဆုံး အထပ်မှ အခန်းတစ်ခန်းကို သူ့အတွက် ယူလိုက်ပြီး ကျန် ၂ ခန်းကို ယွင်ချန်နှင့် ​ဟေးယွီ အတွက် ဖယ်ထား​ပေးလိုက်သည်။ ​ဟေးယွီက လူအိပ်​​သော အိပ်ရာများကို နှစ်သက်မည် မဟုတ်​သော​ကြောင့် လက်သမားထံ သွားကာ ​​ဖော့များ ထည့်​ထားသည့် ဂျပန်ဖျာ တစ်ချပ်ကို လုပ်ခိုင်းရဉီးမည်။ ထိုအခင်းမှသာ ​ဟေးယွီ အတွက် သင့်​တော်​ပေလိမ့်မည်။

​​အောက်ဆုံး အထပ်မှလွဲ၍ ကျန်​သော အခန်းများကို ပြင်ဆင်ထားပြီးဖြစ်သည်။ ယဲ့ရှင်းချန် ​နေ​သော အခန်းမှာ အသင့်ပြီးသား ဖြစ်​သော​ကြောင့် ကျန်၂ ခန်းကိုသာ ပြင်ဆင်ရန် ကျန်​​သေး​သော်လည်း လိုအပ်သည့် အချိန်​ရောက်မှသာ ယွင်ချဲ့ ပြင်ဆင်လိုသည်။ ဧည့်ခန်းထဲတွင် ခရင်မ်အရောင် ဆိုဖာထိုင်ခုံ တစ်ဆက်နှင့် စကျင်​ကျောက်စားပွဲ တစ်လုံးရှိ​နေသည်။ မီးဖိုခန်းထဲတွင် လူ ၁၀​ ယောက်ပင် ထိုင်ဆံ့သည့် အလွန်ကြီးမား​သော စားပွဲတစ်လုံးရှိပြီး အရက်ဝိုင် ပုလင်းများ ထည့်သည့် ဗီရိုအငယ် တစ်လုံးကိုလည်း ကန့်ထားလိုက်သည်။ ဖိနပ်စင်ကို တံခါးအနားတွင် ထားလိုက်ပြီး​နောက် အိမ်ကိုပြင်ဆင်မှုမှာ ပြီးသ​လောက် နီးပါးပင်ဖြစ်​နေသည်။ ယွင်ချဲ့သည် အိမ်ရှင်မ တစ်​ယောက် မဟုတ်သဖြင့် အ​သေးစိတ် ပြင်ဆင်ပုံကို မသိ​သော​ကြောင့် ​နောက်မှသာ ယွင်ယောင်ကို လက်စသတ်​စေရန် ​တွေးထားလိုက်သည်။

ကမ္ဘာပျက်ကပ်ကစစ်သည်တော်Où les histoires vivent. Découvrez maintenant