အခန်း (၅)

6.7K 1K 28
                                    

[Unicode]

ခရမ်းနှင့် ရွှေရောင်ခြယ်သော

ချီယန်က သူ့အိတ်ကပ်ထဲမှ စာရွက်နှင့် ဘောပင်ကို ထုတ်လိုက်ပြီး ယန်ထောင်ကို ပေးလိုက်လေသည်။

"ဒီမှာ စာလုံးတစ်လုံးလောက် ရေးလိုက်ပါ"

စာရွက်က တွန့်နေသည်ကို ယန်ထောင်တစ်ယောက် ဂရုမစိုက်နိုင်ဘဲ 'ပိုင်' ဆိုသည့် စာလုံးတစ်လုံးကို ချရေးလိုက်သည်။ သူ့စာရေးဟန်က ခပ်မိုက်မိုက်ပုံ ပေါက်နေပါသော်လည်း သူ့လက်ရေးကတော့ ချာတူးလန်နေလျက်။

"ဒီ 'ပိုင်(柏)' ဆိုတဲ့ စကားလုံးက ထာဝရရှင်သန်ခြင်းလို့ အဓိပ္ပါယ်ရပြီး ကောင်းတဲ့ စကားလုံး တစ်ခုပါပ​ဲ။ အဲ့ဒီအပြင် တောက်ပခြင်းကို ကိုယ်စားပြုတဲ့ 'အဖြူရောင်(白)' နဲ့ အထောက်အပံ့ဖြစ်ခြင်းဆိုတဲ့ 'သစ်သား(木)' အက္ခရာနှစ်ခု ပေါင်းစပ်ထားတာလည်း ဖြစ်တယ်။ ဒါဟာ မင်းက မြင့်မြတ်တဲ့ လူတစ်ယောက်နဲ့တွေ့ပြီးနောက်ပိုင်း အောင်မြင်မှုတွေ ပိုင်ဆိုင်ရလိမ့်မယ်လို့ ဆိုလိုတာပဲ"

ချီယန်က စာရွက်ကို ယန်ထောင်ဆီသို့ ပြန်ပေးလိုက်ပြီး -

"ဂုဏ်ယူပါတယ်။ မင်းလိုချင်တ​ဲ့အရာကို ရမှာပါ"

"တကယ်လား?"

ယန်ထောင်က ချီယန်ကို မယုံနိုင်စွာ ကြည့်လာခဲ့၏။ ၎င်းက လူတိုင်း အနားကပ်ချင်နေသည့် ချန်မိသားစုပင်။ သူ့မိသားစုက တကယ်ပဲ သူတို့ပေါင်ကို ဖက်နိုင်ပါ့မလား?

"ယုံတာ မယုံတာကတော့ မင်းရဲ့သဘောပါပဲ။ ငါကတော့ မင်းကို ဒီလောက်ပဲ ပြောနိုင်မယ်"

ချီယန်က သူ့လက်နှစ်ဖက်ကို ကျောနောက်သို့ပို့လိုက်ရင်း တည်ငြိမ်စွာ ပြုံးပြလိုက်သည်။ ယန်ထောင်ကို ကြည့်ရသည်မှာ သိမ်းသွင်းခံလိုက်ရပုံပေါ်နေကာ ချီယန်၏ စကားများကို ထပ်ပြီး သံသယမရှိတော့ပါသည့်အလား။

"ဆရာ၊ ဒါဆို ကျွန်တော် တခြားတစ်ခုလောက် မေးလို့ရမလား?"

ယန်ထောင်က အသံတိုးတိုးလေးနှင့် ပြောလာခဲ့သည်။

"ကျွန်တော့်ဘဝမှာ ေဘးအန္တရာယ်တစ်ခုခုနဲ့ ကြုံရမှာလား?"

ချီယန်က သူ့ကို ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်ပြီး ခေါင်းခါလိုက်၏။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Nơi câu chuyện tồn tại. Hãy khám phá bây giờ