အခန်း (၄၇)

7.9K 1.2K 82
                                    

[Unicode]

ဘယ်လိုလုပ်မလဲ?

တရုတ်ရိုးရာယဉ်ကျေးမှုအရ ဧည့်ခံပွဲများ ကျင်းပချိန်တွင် နေရာထိုင်ခင်း စီစဉ်မှုဟာလည်း အရေးကြီးလှသော အစိတ်အပိုင်းတစ်ခုဖြစ်ပေသည်။ ထို့ကြောင့် ချန်ပိုင်ဟယ်၏ ဘယ်ဘက်ကပ်လျက်မှာ ထိုင်နေသော ချီယန်ဟာ လူပေါင်းများစွာ၏ အာရုံစိုက်ရာ ဖြစ်လာခဲ့တော့၏။ ကံကောင်းထောက်မစွာဖြင့် သူ့အလုပ်အကိုင်ကြောင့် သူဟာ အခြားဘာမှထွေထွေထူးထူးမရှိလျှင်တောင် စိတ်ဓာတ်ရင့်ကျက်မှုကတော့ အပြည့်ပင်။ ထို့ကြောင့် သည်လိုစေ့စေ့စပ်စပ် စူးစမ်းကြည့်ရှုခံရမှုမျိုးကို သူ့အနေနှင့် သိပ်ပြီး စိတ်အနှောင့်အယှက် မဖြစ်မိတော့ပါချေ။

စားသောက်စရာများကို တစ်မျိုးပြီးတစ်မျိုး စားပွဲပေါ်သို့ လာချပေးနေပါသည့်တိုင် အမှန်တကယ် စားသုံးသူကတော့ သိပ်မရှိလှ။ သည်လို အရေးကြီးအခါသမယမျိုးမှာ ရောက်ရှိလာကြသူတိုင်းကလည်း ထူးထူးခြားခြား အဆင့်အတန်းရှိသူများဖြစ်ကြသည့်အတွက် ဘယ်သူကမှ အစားတစ်လုတ်ကြောင့်နှင့် ဣန္ဒြေအပျက်ခံလိမ့်မည် မဟုတ်ပါချေ။ ချီယန်လို အမြဲတစေ အစားအစားချင်စိတ် ကောင်းမွန်လွန်းလှသူပင်လျှင် သူ့ကိုယ်သူ ထိန်းသိမ်းကာ အေးတိအေးစက်နှင့် လျှို့ဝှက်ဆန်းကြယ်သည့်ပုံ ဖမ်းထားခဲ့၏။

ညစာစားနေစဉ်အတွင်း ချီယန်ဟာ စကားသိပ်မပြောဘဲ ဝိုင်အစား လက်ဖက်ရည်နှစ်ခွက်ကိုသာ သောက်ခဲ့​ေလသည်။ သူ့အပြုအမူကို ဘယ်သူကမှလည်း မေးခွန်းထုတ် ဝေဖန်ခြင်းမပြုခဲ့ကြ။ ချန်မိသားစုတစ်ခုလုံးကတောင် သည်လူငယ်လေးအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေသည်ဖြစ်ရာ အခြားလူများကလည်း သူ့ကိုသွားပြီး အပြစ်တင်ရလောက်အောင်ထိ မမိုက်မဲကြသေးပေ။

ညစာစားပွဲပြီးဆုံးသွားချိန်မှာတော့ ည ၁၀ နာရီထိုးပြီးပြီဖြစ်၏။ ချီယန်က သူ့ကို ဟိုတယ်အပေါက်ဝထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးနေကြသော တတိယချန်သခင်လေး၊ သူ့ဇနီးနှင့် ချန်ပိုင်ဟယ်တို့ကို ကြည့်ကာ အနည်းငယ် ကူကယ်ရာမဲ့နေဟန်ဖြင့် - "ရပြီလေ၊ နေခဲ့ပါတော့"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now