အခန်း (၇၄)

5.5K 1.1K 70
                                    

[Unicode]

ဖုန်အလိမ်းလိမ်းနှင့် ပုလဲရတနာ

တတိယဆရာတူအစ်ကိုအတွက်တော့ ချီယန်လို အရေထူပြီး ဘဝင်ကိုင်လွန်းသည့်လူတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်လေရာ အချိန်အတော်ကြာသည်အထိ စကားပြန်မပြောနိုင်ခဲ့။ သူတို့နယ်ပယ်ထဲမှ လူအများစုဟာ အပြင်ပန်းမှာတော့ အမြဲတစေ သင့်တင့်လျောက်ပတ်စွာ ပြုမူတတ်ကြသည်ပင်။ များသောအားဖြင့် စကားကို တစ်ဝက်တစ်ပျက်ပြော၍ ကျန်တစ်ဝက်ကို တစ်ဖက်လူဆက်တွေးနိုင်အောင် ချန်ထားခဲ့ရင်း အေးစက်လျှို့ဝှက်သည့်ဟန်မျိုး ဖမ်းထားလေ့ရှိ၏။ ချီယန်လို ဘွင်းဘွင်းရှင်းရှင်းနှင့် နှိမ့်ချမှုကင်းသည့်ပုံစံမျိုးက ကျန်သူများကို တကယ်ပဲ ဆွံ့အ,သွားစေနိုင်ပေသည်။

ရွှယ်ဖျင်က ဆရာချီအပေါ် ဒေါသထွက်နေသည့် သူမ၏ ဆရာတူအစ်ကိုကို ကြည့်ပြီး တင်းမာနေသော လေထုကြီးအား မသိကျိုးကျွံပြုကာ တိုးတိုးတိတ်တိတ်နှင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်၏။

ယင်းပစ္စည်းများက ဆရာ့အပိုင်ဖြစ်သည့်အတွက် သူပေးချင်သည့်သူကို ပေးပိုင်ခွင့်ရှိလေသည်။ သူတို့လိုတပည့်များက ဘယ်လိုအရည်အချင်းမျိုးနှင့် ၎င်းကို မေးခွန်းထုတ်ရပါအံ့? ထို့အပြင် ယနေ့ဟာ ဆရာ့ဈာပနပွဲ ကျင်းပနေချိန်ဖြစ်လေရာ ဆရာ့အုတ်ဂူရှေ့တည့်တည့်မှာရပ်ပြီး သည်လိုပြုမူခြင်းကတော့ ဆရာတူအစ်ကိုဘက်မှ စည်းကျော်သွားခဲ့လေပြီ။

"မင်း၊ မင်း....." တတိယဆရာတူအစ်ကိုက အချိန်အတော်ကြာသည်အထိ ဆီလျော်သော စကားလုံးကို မရွေးချယ်နိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ စိတ်ဆိုးမာန်ဆိုးနှင့်သာ ပါးစပ်ပိတ်သွားခဲ့တော့သည်။

"ဆရာချီက အကျော်ဇေယျ ဆရာကြီးတစ်ယောက်ယောက်ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ တပည့်ပဲ ဖြစ်ရမယ်။ အဲ့လို မဟုတ်ဘဲနဲ့တော့ ကျွန်တော်တို့ဆရာက ဆရာ့ကို ဒီလိုအရေးပေးမှာ မဟုတ်ဘူးလေ" သူတို့နှင့် မလှမ်းမကမ်းမှာ ရှိနေသော ဒုတိယတပည့်ဖြစ်သူကလည်း သူ့ဆရာတူညီလေး၏ အဖြစ်ကို လှမ်းမြင်လိုက်သောကြောင့် လျှောက်လာပြီး - "ဆရာကြီးက သူ့တစ်သက်တာလုံး ကျွန်တော်တို့ ဆရာတူမောင်နှမတွေအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တာ။ အဲ့ဒါကြောင့် ဆရာတူညီလေးက ဝိဉာဉ်ရေးရာလက်နက်တွေအကုန်လုံး ဆရာချီကို ပေးခဲ့တယ်ကြားတော့ လက်ခံဖို့ ခက်ခဲနေရုံပါ။ ကျေးဇူးပြုပြီး သူ့ကိုဗွေမယူပါနဲ့နော်"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now