အခန်း (၉၉)

4K 902 51
                                    

[Unicode]

နဂါးဟိန်းသံ

လေးပုံတစ်ပုံသော အခွင့်အရေးဟာ သိပ်မဆိုးလှဟု ဆိုနိုင်သော်လည်း သည်ဆုံးဖြတ်ချက်က ရာချီသော လူ့အသက်များနှင့် ဆက်စပ်နေလေရာ မည်သူကမျှ အလောင်းအစား အကြီးကြီးကို မလုပ်ရဲကြပါချေ။

လူတိုင်းလူတိုင်းက ရေငုံနှုတ်ပိတ်နေကြလျက်။ တစ်မိနစ်လောက် ကြာသွားချိန်မှာတော့ စိတ်ပညာရှင်အိုကြီးက - "ကျုပ်ကတော့ ငယ်ငယ်ကတည်းက ကံမကောင်းတတ်ဘူး။ လောင်းလိုက်တိုင်း အမြဲရှုံးနေတာချည်းပဲ။ အဲ့ဒါကြောင့် ဒီလိုဆုံးဖြတ်ချက်မျိုးကိုတော့ ချလို့မဖြစ်ဘူး"

သူ ထိုသို့ပြောလိုက်သည်နှင့် လူတိုင်းကလည်း သူတို့၏အတိတ်မှ ကံဇာတာများအကြောင်းကို ပြန်တွေးကြည့်လိုက်ကြသည်။ သည်လေယာဉ်ပေါ် လိုက်ပါလာသူအားလုံးဟာ နယ်ပယ်အသီးသီးမှ အထက်တန်းလွှာများဖြစ်သည့်အလျောက် သူတို့ကံက ပြောပလောက်အောင် ဆိုးဝါးလွန်းနေသည်တော့ မဟုတ်။ သို့သော် သူတို့၏ ကံကောင်းခြင်းများ ကုန်ဆုံးလုနီးနီး ဖြစ်နေသောကြောင့်သာ သည်လို သေမင်းတမန်လေယာဉ်ပေါ် လိုက်ပါလာမိခြင်းလည်း ဖြစ်နိုင်သေးသည်ပင်။

အသက်ရှင်ခွင့်သာ ရှိဦးမည်ဆိုလျှင်တော့ ဘယ်သူက သေချင်ပါ့မည်နည်း။

လူအများစုက နောက်ဆုတ်သွားကြပြီး ကျန်သည့်အနည်းငယ်ကမူ ချီတုံချတုံဖြစ်နေဟန်နှင့် စကားတစ်ခွန်းမှ မဆိုခဲ့ကြ။

သက်လတ်ပိုင်းအရွယ် အမျိုးသားက သူတို့ဘက်ကို ပြန်လှည့်ကြည့်လာပြီး နောက်ဆုံးမှာတော့ သူ့အကြည့်များက ချန်ပိုင်ဟယ်ထံ ကျရောက်သွားခဲ့တော့၏။ "ချန်မိသားစုက ဘိုးစဉ်ဘောင်ဆက် ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်ခဲ့ပြီး အမြဲတမ်းလည်း ကောင်းချီးပေးခံခဲ့ရတယ်မလား။ ဒီဗုံးကိုတောင် Mr. ချန်ပဲ ရှာတွေ့ခဲ့တာလေ။ အဲ့လိုဆိုမှတော့ အခုဆုံးဖြတ်ချက်ကိုလည်း ခင်ဗျားပဲ ချလိုက်ပါ"

ချန်ပိုင်ဟယ်က ဘာမှပြန်မပြောခဲ့။

သက်လတ်ပိုင်းအမျိုးသားက အခြားလူများထံ တစ်ဖန်ပြန်ကြည့်ကာ - "ကန့်ကွက်ချင်တဲ့သူရှိသေးလား?"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now