အခန်း (၄၉)

6.5K 1.1K 65
                                    

[Unicode]

အရမ်းချစ်ဖို့ကောင်းတယ်

လျန်ဖုန်းက ချန်းဖေးနည်းပညာကုမ္ပဏီ၏ အစီအစဉ်ကို လှန်လှောကြည့်ရှုလိုက်ရာ သူဌေးက ထိုကုမ္ပဏီနှင့် အဘယ့်ကြောင့်မပူးပေါင်းလိုကြောင်း နားလည်သဘောပေါက်သွားခဲ့တော့သည်။ အကျိုးအမြတ်တစ်ခုတည်းကိုသာ ကြည့်မည်ဆိုလျှင်တော့ ၎င်းဟာ ဘာပြဿနာမှ ကြီးကြီးမားမားမရှိသော်လည်း ထိုအစီအစဉ်၏ ငွေရပေါက်လမ်းများကတော့ အနည်းငယ်မေးခွန်းထုတ်စရာ ဖြစ်နေခဲ့လေသည်။ ငွေတစ်မျက်နှာကိုသာ ကြည့်တတ်သူများအဖို့တော့ ကိစ္စမရှိလှပါသည့်တိုင် ချန်ပိုင်ဟယ်ကမူ အပြင်ပန်းပုံစံကသာ အေးတိအေးစက်နှင့် တသီးတခြား နေထိုင်တတ်သူဖြစ်သော်လည်း ဖောက်သည်များအပေါ် မရိုးမသား လီဆည်လှည့်ဖျားခြင်းများကိုတော့ ရွံရှာမုန်းတီးလှသူဖြစ်၏။

"သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို မကြိုက်တာဆိုရင် ဘာလို့ ကုမ္ပဏီနာမည်ကြောင့်လိုလို ဟန်ဆောင်နေရတာလဲ?" လျန်ဖုန်းက ပရောဂျက်အစီအစဉ်ကို ဘေးချလိုက်ကာ တစ်ယောက်ယောက်ကို ချန်းဖေးနည်းပညာကုမ္ပဏီမှ တာဝန်ခံအား ဆက်သွယ်၍ သူတို့၏ ကမ်းလှမ်းမှုကို အကြောင်းတစ်ခုပြပြီး ငြင်းဆိုရန် ပြောလိုက်၏။

"လက်ထောက်လျန်" ဌာနခွဲမန်နေဂျာက တံခါးခေါက်ကာဝင်လာခဲ့ပြီး စာရွက်စာတမ်းတချို့ကို သူ့ရှေ့မှာ ချပေးလာခဲ့သည်။ "ဒါက ကျွန်တော်တို့ဌာနရဲ့ အစီရင်ခံစာအသစ်ပါ။ ကျေးဇူးပြုပြီး တစ်ချက်ကြည့်လိုက်ပါဦး"

"ေကျးဇူးပါပဲ" လျန်ဖုန်းက မန်နေဂျာကို ပြုံးပြလိုက်ပြီးနောက် ရုတ်တရက် ဆိုလိုက်၏။ "ဒါနဲ့ စကားမစပ် ပရောဂျက်အသစ်ကရော အခြေအနေဘယ်လိုရှိလဲ?"

"အဲ့ဒါက........" ဌာနခွဲမန်နေဂျာ၏ပုံစံက ရွံ့တွန့်တွန့်ဖြစ်လို့နေပြီး ပရောဂျက်အသစ်၏ တိုးတက်မှုအပေါ် ယုံကြည်မှုပျောက်ဆုံးနေဟန်နှင့် - "အဲ့ဒီဘက်က လမ်းပန်းဆက်သွယ်ရေး အဆင်မပြေလို့ အရင်စီမံကိန်းကတောင် သိပ်အခြေအနေမထူးသေးဘူးဖြစ်နေတာ။ နောက်ပြီးတော့ လွန်ခဲ့တဲ့ ၂ လလောက်က ခဏခဏရေကြီးရေလျှံမှုတွေဖြစ်နေလို့ ပရောဂျက်ကို အချိန်တော်တော်ကြာ ဆိုင်းငံ့ထားလိုက်ရသေးတယ်။ သိပ်မကြာခင်လေးကမှ လုပ်ငန်းတွေကို ပြန်ပြီးလည်ပတ်နိုင်လာခဲ့တာ"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now