အခန်း (၃၂)

7.4K 1.1K 57
                                    

[Unicode]

လူလိမ်တွေ?

ချီယန်က ခေါင်းကို ဘယ်ပြန်ညာပြန်လှည့်ရင်း ပြိုင်ကားကိုတစ်လှည့်၊ သူရပ်နေသည့်နေရာကိုတစ်လှည့် ကြည့်လိုက်မိ၏။ စက္ကန့်အနည်းငယ်လောက် စိတ်ထဲဗလာနတ္ထိဖြစ်နေခဲ့ပြီးမှ ဖုန်းကိုထုတ်ကာ 120 ကို ခေါ်လိုက်သည်။

တကယ်လို့ ခုနလေးကသာ သူထွက်မလာခဲ့ဘူးဆိုရင် ဇာတ်သိမ်းနေလောက်ပြီမလား?

ဖောက် ဖောက်

ပြိုင်ကားအောက်ခြေမှ ဆီများတစက်စက် ယိုကျနေပြီး ကားနောက်ခန်းက​ေနလည်း မီးခိုးငွေ့များ အူထွက်လာသည်ကို ချီယန်တွေ့လိုက်ရ၏။ သူဟာ စိတ်ညစ်ညစ်နှင့် သက်ပြင်းချလိုက်ရင်း ကားတံခါးကိုဖွင့်ကာ အရှေ့ခရီးသည်ခုံမှ မိန်းကလေးကို ဆွဲထုတ်ပြီး ပန်းခုံနံဘေးသို့ ရွှေ့ပေးလိုက်သည်။ သူက ယာဉ်မောင်းနေရာရှိ ကောင်လေးကို ရွှေ့ပေးတော့မည့်ဆဲဆဲ၌ ကားနောက်ခြမ်းဘက်ဟာ မီးစတင်လောင်ကျွမ်းလာပြီး တတီတီမြည်သံများ အဆက်မပြတ်ထွက်ပေါ်နေကာ အချိန်မရွေး ပေါက်ကွဲတော့မလို ဖြစ်လာခဲ့လေသည်။

"အမ်း" ထိုအချိန်မှာပဲ ယာဉ်မောင်းခုံမှ လူငယ်လေးက နိုးလာခဲ့ပြီး ခေါင်းကို ခါယမ်းနေလျက်။ သူ့ခေါင်းကို နောက်လှည့်ကြည့်မိချိန်မှာတော့ သူဟာ ကြောက်လန့်တကြား ဖြစ်သွားခဲ့ရပြီး ကားထဲကနေ တိုးထွက်ချင်ခဲ့ပါသော်လည်း သူ့ခြေထောက်က ညပ်နေခဲ့သည်မို့ ထွက်မရနိုင် ဖြစ်နေခဲ့လေသည်။ သူက အော်ဟစ် အကူအညီတောင်းနေခဲ့ပြီး မျက်ရည်ပေါက်ကြီးငယ်နှင့် ငိုချတော့မတတ်ပင်။

ချီယန်က သူ့ပုံစံကိုကြည့်ရင်း စိတ်မရှည်နိုင်တော့ဘဲ ​ရှေ့ကိုအတင်းတိုးဝင်ကာ ပြိုင်ကားတံခါးကို ဆွဲဖွင့်လိုက်၏။ သူက လူငယ်လေးကို အပြင်ဘက်ဆီ ဆွဲထုတ်ပေးနေရင်း - "လျှောက်အော်မနေဘဲ မြန်မြန်ထွက်ခဲ့"

တစ်စုံတစ်ယောက်က သူ့ကိုလာကယ်နေပြီမှန်း သိလိုက်ရချိန်မှာတော့ လူငယ်လေးဟာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလုမတတ်ဖြစ်သွားခဲ့ရသည်။ သူ့ဦးနှောက်၏ ပုံမှန်တွေးခေါ်နိုင်စွမ်းတို့က ပျောက်ဆုံးနေခဲ့ပြီမို့ ထိုအချိန်ခဏမှာတော့ သူဟာ တစ်ဖက်လူ၏ စကားအတိုင်းသာ လိုက်လုပ်မိနေလျက်။ ကားထဲကနေ ထွက်လာနိုင်ခဲ့ပြီးနောက်မှာတောင် သူဟာ စိတ်နှင့်ကိုယ် ပြန်မကပ်နိုင်သေးဘဲ သူ့ကယ်တင်ရှင်၏ ဘောင်းဘီစကိုသာ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိ၏။ သေသည်အထိ ရိုက်နှက်ခံရမည်ဆိုလျှင်တောင် သူဟာ လက်လွှတ်လိုစိတ်မရှိပါချေ။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now