အခန်း (၁၇)

6.4K 1K 6
                                    

[Unicode]

မျှော်လင့်ချက်

အိမ်အတွင်းရှိ လူတိုင်းက ချီယန်ကို လှမ်းကြည့်လိုက်ကြ၏။ အစပိုင်းတုန်းကတော့ သည်ဆရာငယ်လေးကို အမှန်တကယ် ယုံကြည်သူ သိပ်များများစားစား မရှိခဲ့ကြသော်လည်း အခြားဆရာသခင်များထံ၌ နည်းလမ်းမရှိတော့ကြောင်း ကြားလိုက်ရပြီးနောက်မှာတော့ သူတို့၏ မျှော်လင့်ချက်များကို ချီယန်ထံ ပုံအပ်ထားရုံသာ ရှိတော့လေသည်။

ထို့ကြောင့် အဲ့သည့်အချိန်လေးအတွင်း ချီယန်ကသာ လူအများ အာရုံစိုက်ရာ ဗဟိုချက်ဖြစ်လာခဲ့တော့၏။

"ချန်သခင်ကြီး၊ ကျန်တဲ့ ဆရာတွေပြောခဲ့သလိုပဲ ချန်မိသားစုရဲ့ ဘိုးဘွားပိုင်စံအိမ်ကြီးက ဖုန်းရွှေအရမ်းကောင်းလွန်းလို့ ဘာမှ ပြုပြင်မွမ်းမံစရာ မရှိပါဘူး"

ချီယန်က တံခါးဝမှာ ရပ်နေသူကို လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာက အလွန်တည်ငြိမ်လျက်ရှိနေပြီး သည်အိမ်မှ လူတွေအားလုံး ဘာကိစ္စကို မေးမြန်းပြောဆိုနေမှန်း နည်းနည်းလေးမှပင် ဂရုမစိုက်ပါသည့်အလား။

တစ်ခါတစ်ရံ၌ လူတွေ၏ အပြုအမူက ထူးဆန်းလှ၏။ သူကိုယ်တိုင်က အမှန်တရားကို လက်ခံလိုက်ပြီးချိန်မှာတောင် အခြားသူများက ရင်မဆိုင်နိုင်ကြသေး။

ချီယန်၏ စကားများကို ကြားလိုက်ရပြီးနောက် ချန်သခင်ကြီးဟာ ခဏလောက် တိတ်ဆိတ်သွားခဲ့ပြီးမှ ခေါင်းငြိမ့်ပြလာလေသည်။

"နားလည်ပါပြီ"

"အဖေ"

ချန်ပိုင်ဟယ်က သူ့ခြေတံရှည်များနှင့် တံခါးအဝင်ဝကို ဖြတ်ကျော်လာခဲ့ပြီး ချန်ချိုးရှန်း၏နောက်ကို လျှောက်သွားလိုက်ကာ -

"မိုးချုပ်တော့မယ်။ ကျွန်တော်တို့ ပြန်ရအောင်"

ချန်ပိုင်ဟယ်ချဉ်းကပ်သွားချိန်၌ သူ့ခန္ဓာကိုယ်မှ ခရမ်းရောင် အခိုးအငွေ့များဟာ ချန်ချိုးရှန်းအနားမှာ ဝဲလို့နေပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံရစ်ပတ်လိုက်ကြောင်း ချီယန်တွေ့လိုက်ရသည်။

မိဘတို့၏ ချစ်ခြင်းမေတ္တာနှင့် သားသမီးတို့၏ သိတတ်မှုတွေဟာ ပြီးပြည့်စုံလှသော ဖြည့်ဖက်များပင်။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Donde viven las historias. Descúbrelo ahora