အခန်း (၂၂)

7K 1.1K 57
                                    

[Unicode]

အရူးပဲ

"Mr. ချန်"

ချီယန်က ချန်ပိုင်ဟယ်တစ်ယောက် သူ့ရှေ့မှောက်မှာ ရုတ်တရက်ရပ်တန့်သွားလိမ့်မည်ဟု ထင်မထားမိခဲ့။ သူက အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ့မျက်နှာပေါ်၌ တည်ငြိမ်နူးည့ံသည့် အမူအရာကို ထိန်းထားရင်းနှင့် -

"တိုက်ဆိုင်လိုက်တာ"

လွန်ခဲ့သည့် တစ်နာရီ၊ နှစ်နာရီလောက်ကမှ သူတို့ဟာ နေ့လည်စာအတူစားခဲ့ပြီး သည်နေရာမှာ နောက်တစ်ခါ ထပ်ဆုံကြပြန်လေ​ြပီ။ ဝတ်စားထားပုံကိုကြည့်ခြင်းအားဖြင့်တော့ သူဟာ တရားဝင်တွေ့ဆုံမှုတစ်ခုကနေ ပြန်လာခ​ဲ့ခြင်း ဖြစ်နိုင်ပါ၏။ သူဟာ လည်စည်းကိုတောင်မှ မချွတ်ရသေးပါချေ။

"ဆရာချီကို တစ်ယောက်ယောက်က ဒီကို ဖိတ်လိုက်တယ်ဆိုပြီး ကြားမိလို့ ကျွန်တော်က ဖြတ်သွားရင်းနဲ့ တစ်ချက်လောက် ဝင်ကြည့်တာပါ" ချန်ပိုင်ဟယ်က သူ့ခေါင်းကိုလှည့်ပြီး အနောက်ဘက်မှ လူများကို ကြည့်လိုက်၏။ "ဘယ်သူကများ ဆရာချီကို ဖိတ်လိုက်တာလဲဆိုတာ ကျွန်တော်သိချင်မိတယ်"

ထိုနေရာရှိ လူတိုင်းက ချီယန်ကို အရင်နှင့်မတူသော အကြည့်များနှင့် ကြည့်လာကြတော့သည်။ ဒီလူငယ်လေးကို ပဉ္စမချန်သခင်လေးကတောင် ဆရာလို့ ခေါ်နေခဲ့တာ။ သူက ဘယ်သူလဲ? ပဉ္စမချန်သခင်လေးရဲ့ စကားတွေကလည်း နည်းနည်း ထူးဆန်းနေတယ်။ သူက ဒီကို ဆရာချီအတွက်နဲ့ လာခဲ့တာလား?

ဘယ်နလပိန်းတုံးကများ ဆရာချီကို ဆန့်ကျင်ပြီး ကံဆိုးမှုတို့ရဲ့နတ်ဘုရား ပဉ္စမချန်သခင်လေးကို ဒီနေရာထိရောက်အောင် ဆွဲခေါ်လာရတာတုန်း?

သူတို့တော်တော်များများက ပဉ္စမချန်သခင်လေးနောက်ကို လိုက်လာခ​ဲ​့ကြသူများပင်။ ၎င်းက သူ့ကို ဖားချင်သောကြောင့်မဟုတ်သော်ငြား နှုတ်လည်း မဆက်ရဲကြသောကြောင့်ဖြစ်၏။ ပဉ္စမချန်သခင်လေး သည်မှာရှိနေမှန်းကို သိပါလျက် ကိုယ့်အခန်းထဲမှာကိုယ်ပျော်ပါးနေကြပြီး သူ့ကိုနှုတ်တောင်မဆက်ဘူးဆိုသည့် စွဲချက်မျိုးကိုတော့ သူတို့ မခံယူဝံ့။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now