အခန်း (၅၆)

5.5K 1.1K 57
                                    

[Unicode]

ဘာမှမပြောမဆိုဘဲ ထွက်မသွားနဲ့

ကျောက်ကျိချိန်က ခေတ္တခဏ တိတ်ဆိတ်သွားပြီးနောက် သူ့အထက်အရာရှိထံ သတင်းပို့ရန် ထထွက်သွားလေတော့သည်။

သည်တစ်ခါမှာတော့ သူဟာ ငါးမိနစ်မပြည့်မီမှာပင် အထက်မှအဖြေကို ပြန်လည်ရရှိခဲ့ပြီး အကယ်၍ သည်ပြဿနာကိုသာ ဖြေရှင်းနိုင်မည်ဆိုပါက ၎င်းမြေနေရာအား ချန်ပိုင်ဟယ်၏ ကုမ္ပဏီခွဲထံ ဦးစားပေး၍ရောင်းချပေးမည် ဆိုပေ၏။

ချီယန်ဟာ ကျောက်ကျိချိန်တို့ဘက်က သည်လောက်မြန်မြန် သဘောတူလိမ့်မည်ဟုတော့ မျှော်လင့်မထားမိခဲ့ပါချေ။ သူက ကျောက်ကျိချိန်၏ ဖုန်းကိုယူကာ နံပါတ်တစ်ခုကို နှိပ်ခေါ်ရန်ပြင်လိုက်ပြီးမှ ရုတ်တရက် မေးလိုက်၏။ "ခေါင်းဆောင်ကျောက်၊ ဆရာချန်က တကယ်ပျောက်နေတာရော ဟုတ်ရဲ့လား?"

ကျောက်ကျိချိန်က - "ဆရာချီ၊ ဘာကိုဆိုလိုတာလဲ မသိဘူး?"

"ဘာရယ်မဟုတ်ပါဘူး" ချီယန်က ပြုံးလိုက်ပြီးနောက် ချန်မိသားစု၏ သခင်ကြီး ချန်ချိုးရှန်းထံ ဖုန်းခေါ်ဆိုလိုက်တော့သည်။

ဖုန်းပြန်ဖြေသူက ချန်ချိုးရှန်းကိုယ်တိုင်တော့ မဟုတ်ဘဲ သူ့လက်ထောက်သာ ဖြစ်နေခဲ့၏။ လက်ထောက်ဖြစ်သူ၏ လေသံက အစပိုင်းမှာ အနည်းငယ် အေးစက်စက်ဖြစ်နေသော်လည်း ချီယန်က သူ့ကိုယ်သူ မိတ်ဆက်လိုက်ပြီးနောက်မှာတော့ ဆယ်ဆလောက်ပို၍ ရွှန်းရွှန်းဝေလာခဲ့ကာ ဖုန်းကို ချန်ချိုးရှန်းထံ လွှဲပေးလိုက်တော့သည်။

"ဟယ်လို Mr. ချန်၊ ကျွန်တော်ချီယန်ပါ" ချီယန်က သွယ်ဝိုက်မနေဘဲ လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်၏။ "ဒီတစ်ခါတော့ အထူးလျှို့ဝှက်အဖွဲ့ရဲ့ကိုယ်စား ကျွန်တော် သခင်ကြီးဆီကနေ အကူအညီလေးတောင်းချင်လို့ပါ"

ချန်ချိုးရှန်းလို လူအိုကြီးကလည်း ချီယန်၏ စကားအသွားအလာကို နားထောင်ပြီးနောက် အခြေအနေကို သဘောပေါက်လိုက်လေသည်။ လတ်တလောအချိန်တွင် ချီယန်တစ်ယောက်တည်းရှိနေခြင်းမဟုတ်ကြောင်း မှန်းဆမိသွားသဖြင့် သူကလည်း လေသံကိုပြောင်းလျက် - "ဆရာချီ ဘာများ လိုအပ်တာရှိလို့လဲ ပြောပါ"

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now