အခန်း (၂၃)

6.7K 1.1K 83
                                    

[Unicode]

သိပ္ပံနည်းကျ မဟုတ်လေသော

ခဲတံသည် စာရေးရာ၌ဖြစ်စေ၊ ပုံဆွဲရာ၌ဖြစ်စေ စွယ်စုံသုံးနိုင်ပြီး သက်တောင့်သက်သာလည်းရှိသလို အဆင်လည်းပြေလှသောကြောင့် ဤကမ္ဘာပေါ်ရှိ ကြီးကျယ်သည့် တီထွင်မှုတစ်ခုဖြစ်ပါ၏။ ချီယန်က အဆောင်လက်ဖွဲ့တစ်ခုရေးနေခြင်း မဟုတ်ပါဘဲ သည်လမ်းကြား၏ အနီးစပ်ဆုံး ပုံကြမ်းကို ဆွဲသားနေခဲ့ခြင်းပင်။ သူက အရပ်မျက်နှာ ေလးဖက်လေးတန်လုံးကို ခြုံငုံသုံးသပ်ပြီး မန္တန်အစီအရင်၏ မြစ်ဖျားခံရာနေရာကို ခန့်မှန်းတွက်ချက်နေလျက်။

အောက်လမ်းဆရာတစ်ယောက်အနေနှင့် မန္တန်ပုံစံကွက်တစ်ခု စီရင်ဖို့ဆိုလျှင် အကွာအဝေးတွက်ချက်မှုမှာ ကောင်းကောင်းကျွမ်းကျင်ရန် အရေးကြီးလှပေသည်။ သို့မဟုတ်လျှင် အစီအရင်တစ်ခု ဖန်တီးပြီးသွားသည့်အခါ လုံးဝဥဿုံ အကျိုးမရှိရုံသာမကသေး၊ ကိုယ့်ကိုယ်ကိုတောင် တန်ပြန်ထိခိုက်စေနိုင်ပါ၏။ ထို့ကြောင့် ဂျီဩမေတြီဘာသာမှာ* အမှတ်မကောင်းခဲ့လျှင်တော့ သည်ပညာရပ်ကို သင်ယူဖို့ မဖြစ်နိုင်ပါချေ။

[T/N - Geometry ဆိုတာ ကိုယ်တို့မြန်မာပြည်မှာဆို သင်္ချာ ၂ ဆိုပြီး သင်ရတဲ့ စက်ဝိုင်း၊ စတုဂံ၊ ဘာညာတွေရဲ့ ထောင့်တွေတွက်တာတို့၊ အကွာအဝေးတွက်တာတို့တွေလေ။ ကိုယ့်လို မေ့တေ့တေ့ ဖြစ်နေတဲ့သူတွေ ရှိနေမှာစိုးလို့ ပုံလေးပြန်ထည့်ပေးထားတာပါ။]

သူက လက်ကိုင်ဖုန်းကိုထုတ်လိုက်ပြီး မြေပုံကိုဖွင့်ကာ လမ်းကြောင်းများ စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့အယူအဆမှန်ကန်ကြောင်း သေချာသွားခဲ့၏။ ချီယန်က လက်ကိုင်ဖုန်းနှင့် ခဲတံကို ပြန်သိမ်းလိုက်ပြီးနောက် မတ်တပ်ထရပ်ကာ လမ်းကြားထဲသို့ လျှောက်ဝင်သွားလိုက်တော့သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူက လက်ကိုင်ဖုန်းကိုထုတ်လိုက်ပြီး မြေပုံကိုဖွင့်ကာ လမ်းကြောင်းများ စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့အယူအဆမှန်ကန်ကြောင်း သေချာသွားခဲ့၏။ ချီယန်က လက်ကိုင်ဖုန်းနှင့် ခဲတံကို ပြန်သိမ်းလိုက်ပြီးနောက် မတ်တပ်ထရပ်ကာ လမ်းကြားထဲသို့ လျှောက်ဝင်သွားလိုက်တော့သည်။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now