အခန်း (၄၀)

6.9K 1.1K 99
                                    

[Unicode]

ဘယ်သူက ဆရာချီလဲ?

အဆင့်အတန်းရှိသူတွေဟာ မြင့်မြတ်အေးစက်သလို ပုံဖမ်းရင်း သူတစ်ပါး၏ အရှိုက်ကို ကောင်းကောင်းကြီး ထိုးနှက်နိုင်စွမ်း ရှိကြပါ၏။

လျိုရွှမ်းတစ်ယောက် ချန်ပိုင်ဟယ်ဆီကနေ လူပုံအလယ်မှာ အငြင်းခံလိုက်ရသည့်အခိုက် သူ့မျက်နှာအမူအရာဟာ ရုတ်ခြည်းပြောင်းလဲသွားတော့သည်။ သို့သော်လည်း တစ်ဖက်လူက သူ့ကိုအရှက်ခွဲသွားခဲ့လျှင်တောင် သူဘာမှပြန်မပြောရဲသည့်အတွက် သည်အတိုင်းသာ ကြိတ်မှိတ်သည်းခံလိုက်ရ၏။

သူမကိုခေါ်လာခဲ့သော ရင်းနှီးမြှုပ်နှံသူက အခြားလူများရှေ့မှာ ထပ်ခါတလဲလဲဦးညွှတ်နေရသည့်အပြင် အရှက်တကွဲအကျိုးနည်းပါ ဖြစ်ခ​ဲ့ရကြောင်း တွေ့လိုက်ရသည့်အခါ လုရွှမ်တစ်ယောက် သည်နေရာကို လာခဲ့မိခြင်းအတွက် နောင်တရမိသွားတော့သည်။ သည်လို မျက်နှာပျက် သိမ်ငယ်ရသည့် မြင်ကွင်းကို သူမ မမြင်လိုက်ရသည်ကမှ တော်ပေလိမ့်ဦးမည်။ လျိုရွှမ်းလို လူတစ်ယောက်ဟာ သူအရှက်ရလိုက်သည့် ကိစ္စကို သေချာပေါက် လူသိခံချင်မည်မဟုတ်။ သို့သော်လည်း သူမကတော့ အစမှအဆုံးတိုင် မြင်လိုက်ရသူပင်။ နောက်ပိုင်းကျ လျိုရွှမ်းဟာ သူမကိုမြင်တိုင်း သည်အဖြစ်အပျက်ကို ပြန်သတိရနေပါက.........

ထိုသို့တွေးလိုက်ပြီးနောက် သူမက ပြန်လှည့်ကာ သန့်စင်ခန်းဆီ သွားရန်ပြင်လိုက်၏။ ဘာကိုမှ မသိသလို ဟန်ဆောင်နေလိုက်ခြင်းက သူမအတွက် ပိုကောင်းပေလိမ့်မည်။ မည်သို့ပင်ဆိုစေ လျိုရွှမ်းကလည်း အခြားလူများကို မျက်နှာချိုသွေးရန်သာ အလုပ်များနေခဲ့သဖြင့် သူမ သည်မှာရပ်နေမှန်း သတိထားမိလိမ့်မည်မဟုတ်။

သူမ လှည့်လိုက်သည့်အခိုက် အကြီးဆုံး ယွမ်သခင်လေး၏ နံဘေးမှာ ရပ်နေသော ရွမ်ရော့ယီးက သူမကို လှမ်းကြည့်နေကြောင်း တွေ့လိုက်ရ၏။ တစ်ဖက်လူ၏ မျက်လုံးထဲမှ အကြည့်များကတော့ သူမကို ဟာသတစ်ခုထက် ပိုမမြင်ပါသည့်အလား။

နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသော အထင်အမြင်သေးမှုများက သူမ၏ ဝိဉာဉ်ကိုတောင် ထိုးဖောက်ဝင်ရောက်သွားသလို ခံစားလိုက်ရ၏။ လုရွှမ်က အလွန်အင်မတန် ရှက်ရွံ့လို့သွားပြီး တွင်းတစ်တွင်းတူးကာသာ သူမကိုယ်သူမ မြှုပ်နှံပစ်လိုက်ချင်မိတော့သည်။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Where stories live. Discover now