အခန်း (၂၉)

6.7K 1.1K 28
                                    

[Unicode]

ခင်မင်မှု၏ အစွမ်းသတ္တိ

နံနက်စာစားပြီးနောက် ချီယန်က အဝတ်အစားလဲလိုက်ပြီး ချန်ပိုင်ဟယ်ကို ပြောလိုက်သည်။ "ကျွန်တော် အခု ခင်ဗျားအတွက် အဆောင်လက်ဖွဲ့ ဆွဲပေးမလို့။ ခင်ဗျား ကျွန်တော်နဲ့အတူ လိုက်လာပြီး ကြည့်ချင်လား?"

"ကိုယ်ရှိနေရင် မင်းအတွက် အနှောင့်အယှက် ဖြစ်မှာလား?" ချန်ပိုင်ဟယ်က သူ့လက်ထဲမှ မဂ္ဂဇင်းစာအုပ်ကို ချလိုက်ပြီး ချီယန်ကို မော့ကြည့်လိုက်၏။

"မဖြစ်ပါဘူး" ချီယန်က ချန်ပိုင်ဟယ်တစ်ယောက် ဆိုဖာပေါ်မှ ထရပ်လိုက်ပြီးသားဖြစ်နေပုံကိုကြည့်ပြီး သူဟာ အဆောင်လက်ဖွဲ့ ဘယ်လိုဆွဲကြောင်း စူးစမ်းလိုစိတ် ရှိနေသည်ဟု ခံစားလိုက်ရသည်မို့ အပြုံးလေးနှင့် ပြောလိုက်လေသည်။ "ကျွန်တော် အဆောင်လက်ဖွဲ့တွေ ဆွဲလာခဲ့တာ နှစ်တော်တော်ကြာနေပြီ။ အနားမှာ လူရှိရုံနဲ့ကတော့ ဘာမှအနှောင့်အယှက်ဖြစ်စရာ မရှိပါဘူး"

အကယ်၍ သူသာ ထိုမျှလောက်နှင့် အနှောင့်အယှက်ဖြစ်နေပါလျှင် သူ့အရည်အချင်းက တတ်ယောင်ကားအဆင့်မျှသာ ရှိသည်ဟု ဆိုလိုလိုက်ခြင်းပင်။ မန္တန်စီရင်သည့် အောက်လမ်းဆရာများက တစ်ယောက်ယောက်ကို တိုက်ခိုက်ကြပြီဆိုလျှင် ဘေးပတ်ဝန်းကျင်၌ လူရှိမရှိကို ဂရုမစိုက်တော့ဘဲ သူတို့ကိုင်တွယ်စီရင်နေသည့် အစီအရင်အောင်မြင်ရေးကိုသာ အာရုံစူးစိုက်ထားတတ်ကြ၏။ ဥပမာအနေနှင့် လွန်ခဲ့သည့်ရက်အနည်းငယ်က သူခုခံခဲ့ရသော ကံကြမ္မာငှားယူခြင်း အစီအရင်ကို ကြိုးကိုင်ခဲ့သူဆိုလျှင် ညှာတာမှုလုံးဝမရှိဘဲ ဝိဉာဉ်ဝါးမျိုခြင်း နည်းလမ်းကိုသုံးကာ သူ့ကိုသတ်ပစ်ရန်အထိ ကြိုးစားခဲ့လေသည်။

ထိုအစီအရင်ကို ချိုးဖျက်ရန်အတွက် သူဟာ ရှိရှိသမျှသော စိတ်စွမ်းအင်များကို ထုတ်သုံးခဲ့ရ၏။ အကယ်၍ ချန်ပိုင်ဟယ်သာ ပေါ်မလာခဲ့ပါက သူကျရှုံးသွားနိုင်ပေသည်။

အမှန်တကယ်တမ်း ချန်ပိုင်ဟယ်သိလိုသည်မှာတော့ ချီယန်ဘယ်ပုံဘယ်နည်းနှင့် အဆောင်လက်ဖွဲ့ ရေးဆွဲသည်ဆိုသည်ကို မဟုတ်ဘဲ သူ့စာကြည့်ခန်းတွင်း အပြင်အဆင်များကိုပင်။ အဘယ့်ကြောင့်ဆိုသော် ချီယန်၏ ဧည့်ခန်းနှင့် အိမ်ရှေ့တံခါးတို့က သူ့အလုပ်အကိုင်နှင့် လားလားမျှ မသက်ဆိုင်နေလေရာ သည်လို လက်တွေ့ဆန်လွန်းလှသော ဆရာသခင်တစ်ယောက်ကို သူတစ်ခါမှ မတွေ့ဖူးခဲ့ခြင်းကြောင့်လည်း ဖြစ်ပါ၏။

တစ်ပါးသူ၏ ရုပ်သွင်ကိုကြည့်ကာ အကဲဖြတ်ခြင်း၏ အကျိုးဆက်〖MM Translation〗Donde viven las historias. Descúbrelo ahora