Zawgyi
အပိုင်း(၄) ကျားသားရဲလား.. ကြောင်သားရဲလားလီထျန်းယုရဲ့အမေးကြောင့် စကားဝိုင်းဟာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့လေသည်..လီယုနင်က ဘာမှမပြော သက်ပြင်းသာချနေသည်..လီထျန်းယု သူသိလိုသည့်အကြောင်းအရာ ကို ဦးလေးဖြစ်သူကိုမေးလိုက်သည်..ထိုကိစ္စက သူ့အတွက်အလွန်အရေးကြီးတာကြောင့်ပင်.."ဦးရီးတော်ဖြေပေးပါ..ရွယ်အာက ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ..""ဟင်း အချိန်တန်ရင်ပြောပြမယ်..ယုအာ အခုတော့ မသိချင်ယောင်ဆောင်နေလိုက်ပါ..အခုချိန်မှာ ပင်းအာက အရင်လိုမဟုတ်တော့ဘူး..သူ့ရဲ့စိတ်ခံစားချက်က အရမ်းထိရှလွယ် နေပြီ..ကျန်းမာရေးကလည်း အခြေအနေကဆိုးလာပြီ..အမှားအယွင်းဖြစ်လို့မရတဲ့ အချိန်ဖြစ်နေပြီ..ဒါကြောင့် သူ့ကို အရင်ကထက်ကောင်းကောင်းဆက်ဆံပေးလိုက်ပါ..."လီယုနင် ပင်းအာအိပ်ဆောင်ဘက်ကို တစ်ချက်ကြည့်ကာဆိုလိုက်တယ်..သူ့အသံမှာ အလွန်နာကျင်နေဟန်ပေါ်နေသည်.."ပြီးတော့ ပင်းအာက မင်းတို့လိုမဟုတ်ဘူး..ငယ်ငယ်ကတည်းက ထူးဆန်းတဲ့ခန္ဓာကိုယ်နဲ့မွေးဖွားလာရတာ..သူ့ရဲ့ဘ၀က အရမ်းသနားဖို့ကောင်းတယ်..ယွီအာ မင်းလည်းသိပါ တယ်. ပင်းအာ နန်းဆောင်က ဘာလို့ရောက်လာရတယ်ဆိုတာကို.."လီယုနင်ရဲ့စကားများကို လီထျန်းယွီကြားလိုက်ရချိန်မှာ တစ်စုံတစ်ရာကိုမှတ်မိသွားတာကြောင့် ထိတ်လန့်သွားလှုပ်သွားတယ်..လီထျန်းယု ညီမဖြစ်သူရဲ့တုန်လှုပ်နေတဲ့အမူအရာ နဲ့ ဖြူဆုတ်နေတဲ့မျက်နှာကြောင့် မျက်မှောင်ကြုတ်မိလိုက်တယ်..လီယုနင်က ဆက်ပြောနေဆဲ.."ကိုယ်တော် အဲ့နေ့ကို မေ့မရဘူး..အဲ့နေ့က ပင်းအာရဲ့ အသက်(၁၀)နှစ်ပြည့်မွေးနေ့ ကိုယ်တော် သူ့ကို မွေးကတည်းက မွေးစားခဲ့တာဆိုပေမယ့် ထုတ်ပြလို့မရတာကြောင့် သူမိဘ အရင်းအိမ်မှာပဲ ထားထားတာ..ဒါပေမယ့် ကံကြမ္မာက ရက်စက်လွန်းတယ်..""ယွီအာ သိပါတယ်..ဦးရီးတော်.."လီထျန်းယွီ သူမဦးရီးတော်ပြောလိုသည့်အကြောင်းအရာကိုသိပါသည်....ဦးရီးတော်ရဲ့စကားကြောင့် သူမရဲ့မမေ့ရဲတဲ့အတိတ်ဆိုးကြီးကို ပြန်သတိရ မိတော့သည်.. သူမလည်းထို နေ့ကိုမေ့မရခဲ့ပါ.ထိုနေ့က သူမကနန်းတော်မှာနေရတာအလွန်ပျင်းတာကြောင့် ဦးရီးတော်နဲ့နန်းတော်ပြင်ပကိုလိုက်သွားခဲ့သည်..ဦးရီးတော်မှာ သူ့ဆရာဖြစ်သူရှန်အမတ်ကြီးအိမ်ကို မ ကြာခဏသွားတတ်တာမို့ သူမလည်းလိုက်သွားခဲ့သည်..အကြောင်းအရင်းက ထိုအိမ်မှာပင်းအာရှိနေတာကြောင့် ထိုကလေးမှာ ကစားဖော်မရှိဖြစ်နေတာကြောင့် သူမကမကြာခဏလာ ကစားခြင်းဖြစ်သည်..ထိုနေ့က ထုံးစံအတိုင်းသူမဦးရီးတော်နဲ့အတူလိုက်သွားခဲ့သည်..ဦးရီးတော်မှာ ရှန်အမတ်ကြီးနဲ့စကားပြောနေစဉ် သူမလည်း အထိန်းတော်ကုန်းနှင့်အတူ ပင်းအာရှိ ရာကိုလာခဲ့တယ်..နေရာကိုရောက်တော့ ဆူညံသံများကြောင့် သူမချောင်းကြည့်လိုက်ချိန်မှာ ပင်းအာကို ရှန်သခင်မက သတ်ရန်ပြင်နေတာကိုတွေ့လိုက်ရတယ်..ပင်းအာတစ်ကိုယ်လုံး မှာ ဓားဒဏ်ရာများကြောင့် သွေးများရွဲရွဲစိုလျက်..ပင်းအာလည်းကြောက်လန့်တာကြောင့်တုန်နေသလို သူမလည်းထိတ်လန့်မှုကြောင့်တုန်ရီနေသည်..သူမ ဘေးမှာရပ်နေတဲ့အထိန်း တော်ကုန်းကို ချက်ချင်း ဦးရီးတော်အားသွားခေါ်စေခဲ့တယ်..နောက်ကျသွားရင် ပင်းအာသေသွားမယ်ဆိုတာ သိနေတာကြောင့်ပင်...အထိန်းတော်ကုန်းမှာ ထိတ်လန့်မှုနဲ့အတူ မြန်မြန် ပြေးသွားတာကို မြင်မှသာ သူမစိတ်ချသွားတယ်..သို့ပေမယ့်သူမရဲ့စိတ်သက်သာရမှုက မြန်သွားခဲ့သည်..အကြောင်းမှာ ရှန်သခင်မဟာ ပင်းအာကိုအခန်းထဲပိတ်ကာ အရှင်လတ်လတ်မီး ရှို့သတ်ရန်ပြင်နေတာကြောင့်ပင်..သူမ မီးလောင်နေတဲ့ အဆောင်ကိုကြည့်ကာ ကြောက်လန့်လာတယ်..သူမသွားချင်ပေမယ့် ခြေလှမ်းက မကြွပေ..ထိုအချိန်မှာ ဦးရီးတော်ရောက်လာ ပြီးအချိန်မီကယ်ဆယ်ခဲ့တာကြောင့် သူမစိတ်သက်သာရာရခဲ့ပေမယ့် အခြေအနေမဟန်တဲ့ပင်းအာကြောင့် သူမကြောက်လန့်တကြားငိုကြွေးမိတယ်..သူမငိုရင်းနဲ့ ရှန်သခင်မအကြောင်း ကို ဦးရီးတော်ကိုအစအဆုံးပြောပြခဲ့တယ်..ဦးရီးတော်က အကုန်သိသွားတဲ့အချိန်မှာ ပင်းအာကိုနေ့ချင်းပဲ နန်းတော်ကိုခေါ်သွားပြီး အရီးတော်လက်ထဲအပ်ခဲ့တယ်..ပင်းအာက အသက်အ န္တရာယ်ကနေ လွတ်မြောက်ခဲ့ပေမယ့် ပြင်ပဒဏ်ရာများအပြင် အတွင်းဒဏ်ရာများကြောင့် မကြာခဏနေမကောင်းဖြစ်တော့တယ်..စိတ်ဒဏ်ရာကလည်းကြီးမားတာကြောင့် ခန္ဓာကိုယ် ကတဖြည်းဖြည်း အားနည်းလာခဲ့တယ်..ဟုတ်ပါတယ်..ဦးရီးတော်ပြောသလိုပဲ ပင်းအာက အရမ်းသနားဖို့ကောင်းတယ်..သူမပင်းအာပေါ်အဲ့လိုမလုပ်သင့်ဘူး..တခြားလူ စကားကိုနား ယောင်ပြီး သူမစိတ်အမှောင်ဖုံးသွားခဲ့တယ်..ပင်းအာပေါ်မလုပ်သင့်တဲ့အရာတွေလုပ်ခဲ့တယ်..ပင်းအာက ဒီလိုမကောင်းတဲ့စိတ်တွေမရှိဘူးဆိုတာကို အမှောင်ဖုံးပြီးမေ့သွားခဲ့တယ်..အဲ့က လေးက အရမ်းတုံးအလွန်းပေမယ့် အကြီးတွေအပေါ်ကိုအရမ်းသိတတ်ပြီး ဦးစားပေးလွန်းတယ်..ပင်းအာက စိတ်သဘောထားနူးညံ့တဲ့ကလေးဆိုတာ သူမဘာကြောင့်မေ့သွားခဲ့ရတာလဲ"တောင်းပန်ပါတယ်.ဦးရီးတော်..ယွီအာသဘောပေါက်ပါပြီ..""..""ယွီအာမလုပ်သင့်ဘူး..တခြားလူစကားနားယောင်ပြီး စိတ်ကိုအမှောင်ဖုံးသွားစေခဲ့တယ်..နောက်တစ်ခါမဖြစ်စေရပါဘူး ပင်းအာကို သေချာဂရုစိုက်ပေးပါ့မယ်..""နောက်တစ်ခါဆိုတာမရှိစေနဲ့""ဟုတ်..ဒါနဲ..ဦးရီးတော် ယွီအာတစ်ခုလောက်မေးချင်လို့..ပင်းအာက တကယ်ပဲမကောင်းဆိုးဝ◌ါးလား""...""အဲ့နေ့က ယွီအာကြားခဲ့တယ်..သူမက ပင်းအာကို မိစ္ဆာ..မကောင်းဆိုးဝါး..ဆိုပြီး ခေါ်နေတာ..""ယွီအာ..""ဟုတ်..ဦးရီးတော်..""တစ်ချို့အရာတွေက သိချိန်မတန်သေးဘူး..ဒါပေမယ့် မင်းသိထားရမှာက တစ်ခုပဲ..ပင်းအာက မင်းတို့ထင်သလိုမဟုတ်ဘူးဆိုတာပဲ..သူက မိစ္ဆာမဟုတ်ဘူး..သူက တခြားလူတွေ ထက်တစ်မူထူးခြားနေရုံသာ..""ကောင်းပါပြီ..ယွီအာ မှတ်ထားပါ့မယ်..""ကဲ..သွားတော့...ပင်းအာနိုးရင် ပြစ်ဒဏ်စမယ်.."လီထျန်းယုတို့ထွက်သွားသည်နှင့် လီယုနင်တစ်ယောက်ကောင်းကင်ကိုမော့ကြည့်ကာ တီးတိုးရေရွတ်လိုက်တယ်.."ဒီတစ်ကြိမ်ရော..အရင်လိုပြန်ဖြစ်လာအုန်းမှာလား.."သူအထဲကို ၀င်လာချိန်မှာ ပင်းအာဘေးနားမှာထိုင်နေတဲ့ရင်းရွဲကိုကြည့်ကာဆိုလိုက်တယ်.."အစားလည်းစားပါအုန်း..ပင်းအာက နိုးလာမှာပါ..""အင်းပါ..ပင်းပင်းကို စိတ်မချလို့ပါ..""ပင်းအာကိုတောင် ကိုယ်မနာလိုလာပြီ.."လီယုနင်ရဲစကားကြောင့် ရင်းရွဲမှာ ရယ်မိလိုက်သည်.."ကလေးကလားနဲ့..ဘာလို့ကလေးနဲ့ဖက်ပြိုင်နေရတာလဲ..""အားရွဲက ကိုယ့်ကိုဆူတယ်..တော်ပြီ..မခေါ်တော့ဘူး..""နင်နင်ရေ..အယ်..စိတ်မဆိုးပါနဲ့လေ.""ဆိုးမှာပဲ..""ဪ..ဒါဆိုရင် ညကျရင်အပြစ်ပေးခံရတော့မှာပေါ့..အပြစ်ပေးခံချင်နေတာလား..ဟင်..""ဟမ့်..ချစ်ကလည်း ကိုယ်ကစတာကို.."လီယုနင်ချစ်ရသူရဲ့စကားတောင် တင်ပါးတောင်ကြိမ်းသွားတယ်..အဲ့လူက အပြစ်ပေးရင်အရမ်းကြမ်းတာ...တော်ပြီ..မပြောတော့ဘူး..(ဘုရင်ကြီးက 0ဖြစ်နေတာ မထင်ရက်စရာ)သူတို့နှစ်ယောက်အချစ်စမ်းနေချိန်မှာ ရှောင်ဟွားဝ◌င်လာသည်..ရှောင်ဟွားလည်း အရေးကြီးကိစ္စမို့လို့ ၀◌င်လာခြင်းပေ..ရှောင်ဟွားကိုမြင်တော့ လီယုနင်ကအရင်မေးလိုက် သည်.."ဘာကိစ္စလည်း..""အရှင်ကိုလျှောက်တင်ပါတယ်..ရှောင်ဟွားတို့ သခင်ကိုထိန်းချုပ်နေစဉ်မှာ ထူးဆန်းတဲ့သားရဲတစ်ကောင်က သခင်ကိုယ်ထဲကထွက်လာတယ်..""ထူးဆန်းတဲ့သားရဲ..""ဟုတ်ပါတယ်..အဲ့သားရဲက သခင်ကိုစွမ်းအင်တစ်ချို့နဲ့ကူပေးလိုက်လို့ အဆင်ပြေသွားတာပါဒါပေမယ့်နောင်ကျရင်သခင်အတွက် အဲ့သားရဲက အန္တရာယ်ဖြစ်မှာစိုးရွံမိလို့ပါ..အရှင်""ကောင်းပါပြီ..ကိုယ်တော်သဘောပေါက်ပြီ.."ရှောင်ဟွားထွက်သွားပြီးနောက်တွင် လီယုနင်နဲ့ရင်းရွဲတို့သက်ပြင်းချလိုက်မိသည်..ကျိန်စာနဲ့တင်မပြီးသေး အခုတော့ထူးဆန်းတဲ့သားရဲကပါ ရောက်လာပြန်ပြီ..အနာဂတ်အတွက် ရင်လေးလာမိသည်..ဟန်ရွယ်ပင်းနာကျင်မှုကြောင့်နိုးထလာတယ်..ပြန်မွေးဖွားလာတာမကြာသေး ကျိန်စာကနိုးထလာပြီ..အသိစိတ်လွှတ်သွားပြီးနောက် ဘာတွေဖြစ်သွားမှန်းမသိတော့ ..သူသတိတ စ်ချက်ပြန်ဝ◌င်လာတော့ သူကမြေအောက်ခန်းတစ်ခုကိုရောက်နေပြီ..သူမေ့မလဲခင်မှာ ကိုယ်ထဲကနေ အပြာရောင်အလင်းတန်းများထွက်လာတာကို မြင်လိုက်ရတယ်..နောက်တော့ သူဘာမှမမှတ်မိတော့.."ဟေ့..ထတော့.."ဟင် ဘယ်သူခေါ်နေတာလဲ.."ဟေ့ ဟန်ရွယ်ပင်း.."ဘယ်သူငါ့ကိုခေါ်နေတာလဲ...ဟန်ရွယ်ပင်း မျက်လုံးများကိုဖွင့်ကြည့်တော့ မြင်လိုက်ရတာက အပြာရောင်ဟင်းလင်းပြင်ကြီးတစ်ခု..နယ်မြေတစ်ခုဆိုတာပိုမှန်လိမ့်မယ်..ဒါပေမယ့် ဒီနယ်မြေက ဘယ်ကရောက်လာတာလဲ..သူတွေးနေတုန်းကြားလိုက်ရတဲ့အသံကြောင့် အသံလာရာကိုကြည့်မိလိုက်တယ်.."ဒီနေရာက မင်းရဲ့နယ်မြေ.."ဟန်ရွယ်ပင်း သူ့ရှေ့က သူ့အားစကားပြောနေတဲ့ အကောင်လေးကိုကြည့်လိုက်တယ်..ကျားလား..မဟုတ်ဘူး ကြောင်တစ်ကောင်ပဲ..ကြောင်လေးကတော့ သူ့ကို အဖက်မလုပ်ဘဲနေနေသည့် ဟန်ရွယ်ပင်းကြောင့် ဒေါသတွေထွက်လာလေပြီ.."ဟေ့ ငါပြောနေတာကော ကြားရဲ့လား..""ဟမ်..""ဒါက မင်းရဲ့အာရုံခံနယ်မြေ..လင်ယွိအမျိုးအစားပဲ..ဒါလေးတောင်မသိဘူးလား..ဘယ်လိုလုပ်သားရဲအရှင်ဖြစ်လာရတာလဲ..နောက်ပိုင်းသားရဲအရှင်တွေက အသုံးမကျတော့ဘူး လား..စိတ်လေတယ်."ဟန်ရွယ်ပင်းမှာ ပုံစံနဲ့မှမလိုက် ဘုဘောက်ပြောနေတဲ့ကြောင်လေးကြောင့် မျက်မှောင်ကျုတ်မိလိုက်သည်..သူလည်းသွယ်ဝ◌ိုက်မနေတော့ဘဲ ထိုကြောင်ကို တိုက်ရိုက်မေးချလိုက် တယ်.."ခင်ဗျားက ဘယ်သူလဲ..""ရိုင်းစိုင်းလိုက်တာ..ကိုယ်တော့်ကို မထီမဲ့မြင်ပြုရဲတယ်..""....""မင်းက (၁၆)ယောက်မြောက်သားရဲအရှင်နေရာကိုဆက်ခံမယ့် နှင်းရေခဲကြောင်သားရဲဘုရင် ..ဟန်ရွယ်ပင်းပေါ့..""....""မထင်ထားဘူးပဲ..နှင်းရေခဲကြောင်သားရဲတောင် သားရဲအရှင်ဖြစ်လာနိုင်သေးတယ်ပေါ့..အကြမ်းဆုံးရှားပါးသားရဲ(၁၀)ကောင်ထဲမှာ တတိယမြောက်အားအနည်းဆုံးနဲ့အနူးညံ့ဆုံး သားရဲက သားရဲအရှင်ဖြစ်လာရင် ငါတို့လို သားရဲတွေက ဘယ်သွားနေရတော့မလဲ..နောက်ပိုင်းကျရင် ကောင်းကင်အိမ်မက်ရေခဲပိုးကောင်တောင် သားရဲအရှင်ဖြစ်လာမယ်ထင်တယ်.."နှင်းရေခဲဘုရင်သားရဲတွေလည်း သူတို့အစွမ်းအစအတိုင်း အင်အားကြီးပါတယ်..သူတို့ကိုလျော့မတွက်သင့်ပါဘူး.."ဟန်ရွယ်ပင်း ပြန်လည်ချေပလိုက်သည်..နှင်းရေခဲပိုင်းသားရဲတွေက အလွန်အားနည်းပေမယ့် သူတို့မှာအားသာချက်တွေအများကြီးရှိပါတယ်..သူတို့လိုသားရဲတွေကို အထင်သေး တာကို ဟန်ရွယ်ပင်းမကြိုက်..သူ့ရှေ့ကကြောင်ကတော့ ခနဲ့တာများသွားပြီ.."ကျွန်တော့်ကိုပြောနေတာရပ်ပါတော့ ခင်ဗျားကရော ဘာလဲ..ကျားလား ကြောင်လား..""ဘာကွ..ကိုယ်တော်က ကျားကွ..ရှားပါးသားရဲဆယ်ကောင်ထဲက နံပါတ်၇ချိတ်တဲ့ သွေးနီကျားဖြူ..ပြီးတော့က ကိုယ်တော်က ပထမြောက်သားရဲအရှင်လည်းဖြစ်တဲ့ ရွယ်ပိုင်ဟူ""ဪ..ဒါဆိုဘာလို့ ဒီလိုပုံစံဖြစ်နေရတာလဲ..""အဲ့ဒါမင်းကြောင့်လေ..မင်းကိုကယ်လိုက်ရတာကြောင့် ဒီပုံဖြစ်သွားတာလေ..""တောင်းပန်ပါတယ်..ပထမမြောက်အရှင်..ကျွန်တော့်ကြောင့်"ဟန်ရွယ်ပင်းထိုကြောင်မကျကျားမကျဖြစ်နေတဲ့ ရွယ်ပိုင်ဟူကို အားနာသွားတာတော့အမှန် သူ့ကြောင့်ဖြစ်သွားရတာဆိုတော့ သူလည်း စိတ်မကောင်းဖြစ်သွားပြီး တောင်းပန်လို က်တယ်..ရွယ်ပိုင်ဟူကချစ်စရာကောင်းတဲ့ အဖြူရောင်အမွှေးများပါလက်သေးသေးလေးတွေနဲ့ခါယမ်းကာဆိုလိုက်တယ်.."မလိုပါဘူး..ငါလည်း စိတ်ကောင်းဝင်နေတဲ့အချိန်မို့လို့ ပြီးတော့မင်းဆီက လိုချင်တာလဲရှိလို့မင်းကိုကယ်လိုက်တာ..""....""တကယ်တော့ မင်းပြန်လည်မွေးဖွားလာတာငါကြောင့်ပဲ..ငါရဲ့ဝိဥာဉ်က မင်းအရင်ဘ၀ကတည်းက မင်းဘေးနားမှာအမြဲရှိနေတာ..မင်းကတော့ စိတ်စွမ်းအင်မမြင့်သေးတာ ကြောင့်ငါ့ကိုမမြင်ရသေးတာ..ငါကတော့အကုန်မြင်ရတယ်..မင်းဘာကြောင့် အဆိပ်မိသွားတယ်..အသိစိတ်လွှတ်သွားတာ..အဆိုးဆုံးအနေနဲ့ မင်းသေဆုံးသွားရတဲ့အကြောင်း.."".."ဟန်ရွယ်ပင်း ရွယ်ပိုင်ဟူရဲ့စကားကြောင့် ထိတ်လန့်သွားကာ ထိုသူကိုကြည့်လိုက်တယ်..ထိုသူက ဆက်ပြောနေဆဲ..ရွယ်ပိုင်ဟူ ဟန်ရွယ်ပင်းရဲ့လည်ပင်းမှဆွဲထားတဲ့ လည်ဆွဲကို လက်ညိုးထိုးကာ.."မင်းရဲ့လည်ဆွဲ..ကျောက်စိမ်းသစ်ရွက်လည်ဆွဲ အဲ့ထဲမှာငါ့ဝ◌ိဥာဉ်ကိန်းအောင်းနေတာ..အရင်ကအားနည်းလို့အိပ်မောကျနေတာ..မင်းအသက်(၁၀)နှစ်မှာမင်းဒုက္ခရောက်နေတဲ့ အချိန်မှာ ငါနိုးထလာတာ..နောက်ပိုင်းမှာ မင်းရဲ့ကျင့်ကြံတဲ့စွမ်းအင်ကိုနည်းနည်းချင်းစုပ်ယူရင်း ငါဝ◌ိဥာဉ်ကိုအားဖြည့်တယ်..ငါစိတ်စွမ်းအင်တော်တော်လေးမြင့်လာချိန်မှာ မင်းက ကိုယ့်ကိုကိုယ်သတ်သေသွားတယ်..အမှန်ပြောရရင် မင်းရဲ့ဘ၀က ငါ့ထက်ပိုဆိုးတယ်..ငါမင်းကို အမှားပြင်ဆင်ပြီးကောင်းကောင်းနေစေချင်တယ်..အဲ့ဒါကြောင့်ငါ့စုထားတဲ့ ၀◌ိဥာဉ်စွမ်း အားတစ်ဝ◌က်ကျော်လောက်ကို ငါအသုံးပြုပြီး ငါမင်းရဲ့ဝ◌ိဥာဉ်ကို မင်း အသက်၁၀နှစ်အရွယ်ကိုပြန်ပို့လိုက်တာ..ဖြစ်ချင်တော့မင်းက အသက်၁၆နှစ်ကြမှ မင်းရဲ့ အတိတ်ဘ၀မှတ်ဥာဉ် တွေပြန်ပေါ်လာတာ..အခုမင်းရဲ့စိတ်ဝ◌ိဥာဉ်စွမ်းအင်မှာ ငါ့စွမ်းအင်တစ်ဝ◌က်ပါတော့ မင်းရဲ့အာရုံခံနယ်မြေထဲငါပါရောက်လာတာ..ဒီလောက်ပါပဲ..""တောင်းပန်ပါတယ်..အကြီးအကဲကို အလုပ်ရှုပ်စေမိပြီ..""မလိုဘူး..ငါတုန်းကလည်းမင်းလိုပဲ..ဒီကျိန်စာကိုမင်းထိန်းချုပ်ချင်ရင်တစ်ခုပဲ...မင်းရဲ့အသိစိတ်ကို ရအောင်ထိန်းချုပ်ပါ..မင်းရဲ့အသိစိတ်ကို မသိစိတ်က ၀◌ါးမျိုမသွားစေနဲ့. မင်းအသိစိတ်ကို ထိန်းချုပ်နိုင်သရွေ မင်းကျိန်စာရော မင်းနှလုံးသားကိုပါထိန်းချုပ်နိုင်လိမ့်မယ်..""အကြီးအကဲ..""ကဲ..သွားတော့ မင်းကိုအကုန်လုံးကစိတ်ပူနေတယ်..လီထျန်းယွီကို စိတ်မခုနဲ့ သူလည်းနားလည်မှုလွဲသွားတာ..ပြီးတော့ လီထျန်းယု သူ့ကိုသတိထား သူနဲ့ဝေ◌းဝေ◌းမှာနေ.. အကြောင်းအရင်းကိုနောက်မှပြောပြမယ်..သူတို့ကိုကောင်းကောင်းပြန်ဂရုစိုက်ပေးလိုက်ပါ...လုအိမ်တော်ကို စောင့်ကြည့်နေဦးနော်..""ကောင်းပါပြီ..အကြီးအကဲ..ဒါဆို ရွယ်ပင်းသွားတော့မယ်..""အင်း ဂရုစိုက်..လိုအပ်ရင် ငါ့နာမည်ခေါ်လိုက် ငါထွက်လာခဲ့မယ်..ဒါပေမယ့် ငါရှိတာ ဘယ်သူမှမပြောနဲ့ လီယုနင်ကိုတော့ပြောလို့ရတယ်..""ကောင်းပါပြီ..အကြီးအကဲ.."ဟန်ရွယ်ပင်း အာရုံခံနယ်မြေထဲက ထွက်လာပြီးနောက် သူမျက်လုံးဖွင့်လိုက်ချိန်မှာ ရင်းနှီးနေတဲ့မျက်နှာကျက်ကြောင့် ချယ်ရီနန်းဆောင်က မိမိအိပ်ဆောင်ကိုရောက်နေပြီဆိုတာ သိလိုက်ရတယ်..ဘေးကိုကြည့်လိုက်တော့ ဧကရီရင်းရွဲက သူ့ကိုစောင့်ပေးနေလေသည်..တည်ငြိမ်နေပေမယ့် သေချာကြည့်လိုက်ရင် ညိုးနွမ်းနေတဲ့မျက်နှာနှင့် ဝေ◌့သီနေတဲ့မျက်လုံး များကြောင့် စိတ်ပူနေမှန်းသိသာလှသည်..သူသတိရတာကိုမြင်တော့ ရင်းရွဲသည်ဧကရီဂုဏ်ပုဒ်ကိုတောင်မထိန်းနိုင်တော့ဘဲ..အမြန်ထကာ လီယုနင်ဘက်ကိုအပြေးသွားလေသည်..လီယုနင် အမတ်ကြီးတွေနဲ့စကားပြောနေတုန်း အူယားဖားယားပြေးလာတဲ့ သူ့ရဲ့အထက်ပုဂ္ဂိုလ်ကြီးကြောင့် ပြာယာခတ်သွားလေသည်.."အားရွဲ..ဘာဖြစ်လို့လဲ..""ပင်းပင်း ပင်းပင်းနိုးလာပြီ..""ဘာ..အားရင်း သမားတော်မြန်မြန်သွားခေါ်..အားရွဲသွားရအောင်.."လီယုနင်နဲ့ရင်းရွတို့ရောက်လာတော့ ရှောင်ဟွားက ဟန်ရွယ်ပင်းကို စမ်းသပ်ပေးနေပြီးပြီဖြစ်တယ်..သို့ပေမယ့် အေးစက်လှတဲ့လေထုကြောင့် သူတို့နှစ်ယောက်ကြောင်အသွားတ ယ်..ကုတင်အနားရောက်တော့ လဲနေတဲ့မိန်းကလေးတစ်ယောက်..မဟုတ်ဘူး သေဆုံးသွားပြီဖြစ်တဲ့အလောင်းတစ်လောင်းပေါ့..သူမကိုကြည့်ရတာ မကြာသေးခင်ကသေဆုံးသွားပုံပေါ် ပင်..ရင်းရွဲက ဟန်ရွယ်ပင်းဘေးနားမှာ မတ်တပ်ရပ်နေတဲ့ရှောင်ဟွားကိုတစ်ချက်ကြည့်လိုက်သည်..သူ့မျက်လုံးများက တစ်ခုခုကိုမေးမြန်းနေဟန်..."ဧကရီထွက်သွားပြီး သိပ်မကြာခင်မှာ အရှင့်သားက ရေသောက်ချင်လို့ ရှောင်ဟွားက အပျိုတော်တစ်ဦးကိုရေနွေးကြမ်းဆက်သဖို့ ခေါ်လိုက်တာပါ..ဖြစ်ချင်တော့ အဲ့လူက.."'လုပ်ကြံသူဖြစ်နေတာကိုး..'သူတို့နှစ်ယောက်စိတ်ထဲတွေးမိလိုက်ခြင်းပင်..ဟန်ရွယ်ပင်းကတော့ ရေနွေးကြမ်းသောက်မပြတ်..တည်တည်ငြိမ်ငြိမ်ဖြင့်နှုတ်ဆက်လိုက်သည်.."အရှင်..ဧကရီရင်း""ပင်းပင်း..အရင်လို ဖူချင်းလို့ပဲခေါ်ပါ..""ဒါပေမယ့် မသင့်တော်..""ပင်းပင်း..""ဟုတ်တယ်..ပင်းအာ..အရင်လို ဖူချင်းနဲ့ရိဖူးလို့ပဲပြန်ခေါ်လိုက်..မင်းဖူချင်းရဲ့စိတ်ကိုမသိတာလည်းမဟုတ်..တခြားလူတွေကို ဂရုမစိုက်နဲ့ကြားလား"လီယုနင်လည်းဝ◌င်ပြောလိုက်တယ်..မဟုတ်ရင်ရင်းရွဲစိတ်ဆိုးတော့မယ်..အသက်ကြီးလာမှ ကလေးဆန်လာတယ်..သူလည်းရင်းရွဲအတွက်စိတ်မကောင်းဖြစ်မိတယ်..အားရွဲက ကလေးအရမ်းချစ်တာ..ဖြစ်ချင်တော့ သူကယောက်ျားလေးလေ..အားရွဲလိုချင်တဲ့ရင်သွေးလေးကိုမမွေးပေးနိုင်ဘူး..အားရွဲကလည်း သူ့ရှေ့တွင်ဘာမှမပြောသော်လည်း သူ့အတွက် စိတ် မကောင်းဖြစ်နေတာအမှန်ပင်..လီယုနင်က ရင်းရွဲကို အမတ်တွေကန့်ကွက်နေတဲ့ကြားကနေရအောင် ဧကရီတင်ခဲ့ခြင်းမှာ ထိုလူကိုချစ်လွန်းတာကြောင့်ပင်..ရင်းရွဲကစစ်သူကြီးမျိုးရိုးက ဖြစ်တာကြောင့် စိတ်ဓာတ်ပြတ်သားသော်လည်းသူနဲ့ပတ်သက်ရင် စိတ်ပျော့သည်..သူမှတ်မိပါသေးတယ်..သူ(၁၀)နှစ်သားအရွယ်ပင်းအာကို နန်းတော်ထဲခေါ်လာတုန်းက အားရွဲက ပျော်ရွင်သွားတာကို သူသတိထားမိပါတယ်..ပင်းအာ အသက်(၁၁)နှစ်နောက်ပိုင်းမှာတော့ ပင်းအာကိုစိုးရိမ်တာကြောင့် သူ့နန်းဆောင်မှာပဲနေစေခဲ့တယ်..ပင်းအာကို ပျော်လာအောင် ပြန်ပြုံးလာအောင် အမြဲတမ်းတစ်ခုမဟုတ်တစ်ခုလုပ်ပြတာတွေ..ပင်းအာကိုတစ်ခြားသူတွေဘယ်လိုမြင်မြင် အားရွဲကဂရုမစိုက်..အားရွဲစိတ်ထဲမှာ ပင်းအာက သူ့သားတစ်ယောက်လိုပဲ ဆိုတဲ့အချက်ပဲထည့်ထားတာ..နောက်ကျတော့ အားရွဲရဲ့ဂျီကျမှုကြောင့် ပင်းအာရဲ့ချယ်ရီနန်းဆောင်ကို အားရွဲရဲ့ဖီးနစ်နန်းဆောင်အနားတွင်ဆောက်ပေးလိုက်ရလေသည်..အခုလည်း ပင်းအာက သူ့ကိုဖူချင်းလို့မခေါ်လို့ ငိုတော့မယ်...လီယုနင် ဟန်ရွယ်ပင်းကို မျက်နှာရိပ်ပြလိုက်လေသည်..ဟန်ရွယ်ပင်းလည်း ဧကရီရင်းရွဲရဲ့ငိုတော့မယ့်မျက်နှာကြောင့် လျင်လျင်မြန်မြန်ပြောင်းခေါ်လိုက်တယ်.."ဟုတ်..ဖူချင်း..ပင်းပင်းမှားပါတယ်..၀◌မ်းမနည်းတော့နဲ့နော်..""ဟင့်..""ဖူချင်း..ဖူချင်း..ပင်းပင်းလေ..ဖူချင်းလုပ်တဲ့ ခေါက်ဆွဲပြုတ်စားချင်တာ..ဖူချင်းကပင်းပင်းကိုစိတ်ဆိုးနေတော့ ..""သိပြီ..သိပြီ..ခေါက်ဆွဲပြုတ်ပဲလား တစ်ခြားဘာစားချင်သေးလဲ.."ဆူဆောင့်အောင့်ပြီးဖြေလာတဲ့ဧကရီကြီးကြောင့် ဟန်ရွယ်ပင်းတို့ သုံးယောက်ရယ်ချင်တာကိုအောင့်ထားကြသည်..ရယ်မိရင်ထပ်စိတ်ကောက်အုန်းမယ်.."ဖက်ထုပ်ချဉ်စပ်လေးကော..""အင်း ကိုယ်လည်းမင်းလုပ်တာစားချင်တယ်..""ဟင့် တော်တော်ကောင်းတယ်..နိုးတာနဲ့ ခိုင်းဖို့ချည်းပဲ.."ဘောက်ဆတ်ဆတ်နဲ့ပြောပြီးထွက်သွားတာကြောင့် ဟန်ရွယ်ပင်းတို့ ရယ်လိုက်ကြတယ်..စိတ်ကောက်တော့ပြေသွားပြီ..ရင်းရွဲက စိတ်ကောက်ချင်ယောင်ဆောင်နေပေမယ့် သူနိုး လာတော့ပျော်ရွင်နေမှန်း ဟန်ရွယ်ပင်းသိပါတယ်.."အရှင်..""ဟင်..စောနက ဘာပြောထားလဲ..""ရိဖူး..""အင်း..ပင်းအာ..မင်းက တစ်ခြားမင်းသားတွေနဲ့မတူဘူး..ဘယ်သူတွေဘာပြောပြော မင်းက ဧကရီရင်းရွဲနဲ့ ကိုယ်တော်လီယုနင်တို့ရဲ့သားပဲကြားလား ဒါကြောင့် မင်းက ဘာဂုဏ်ပုဒ် မှကြည့်စရာမလိုဘူး..ဘယ်ရောက်ရောက် ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်တော်တို့ကိုအရင်လိုပဲခေါ်လို့ရတယ်..ကိုယ်တော်ခွင့်ပြုတယ်..ဟုတ်ပြီလား""ကောင်းပါပြီ..ရိဖူး..ကျေးဇူးတင်ပါတယ်..""ဟုတ်ပါပြီ..ကိုယ်တော့်ကလေးလေး..လာပါဦးရိဖူးဖက်ချင်လို့"ကလေးတစ်ယောက်ကလိုချင်တာရသွားလို့ ပျော်သွားတဲ့ပုံစံဖြင့် သူ့ကိုစကားပြောရင်းလာဖက်တဲ့ရိဖူးကြောင့် ဟန်ရွယ်ပင်းအသာပြုံးမိသည်..ရိဖူးရဲ့ အခုလိုပုံစံက သူ့ရှေ့မှာသာရှိတတ်တဲ့ပုံစံပင်..တစ်ခြားလူတွေရှေ့မှာတည်တည်တံ့တံ့ပင်..အထူးသဖြင့် မင်းသား(၃)နဲ့မင်းသား(၄)ရှေ့မှာဆိုရင် ရုပ်တည်လွန်းလို့မင်းသား၎ ဆိုရင် ရိဖူးကိုအရမ်းကြောက်တာ.. သူ့အပေါ်မှာကောင်းတဲ့သူကို သူကစိတ်ပျက်အောင်လုပ်ခဲ့တယ်..ဟန်ရွယ်ပင်းတွေးရင်းတွေးရင်း.မျက်ရည်များကျလာတော့သည်.."ပင်းအာဘာဖြစ်လို့လဲ..ဘာလို့ငိုတာလဲ.."လီယုနင်ရဲ့ပြာယာခတ်နေတဲ့ပုံကြောင့် သူမျက်ရည်များကိုသုတ်ကာ ခေါင်းခါရင်းပြန်ဖြေလိုက်တယ်.."မဟုတ်ပါဘူး..ကျွန်တော်ကံအရမ်းကောင်းတာပဲလို့ တွေးမိလို့ပါ..""အယ်..ဘာမဟုတ်တာလေးကို..ကဲ..ကဲ..တိတ်တိတ်..မင်းဖူချင်းလာရင် ရိဖူးကိုဆူနေအုန်းမယ်..""ဘာတွေတိုးတိုးနဲ့ပြောနေတာလဲ..ဟင်..ပင်းပင်း..ဘာလို့ငိုတာလဲ..နင်နင် ကလေးကိုဆူပြန်ပြီလား..အပြစ်ပေးခံချင်နေတာလား""ကိုယ်ဘာမှမလုပ်ဘူး.."အထဲကို အစားသောက်များသယ်လာတဲ့ ရင်းရွဲတစ်ယောက် သူ့ရဲ့ကလေးလေးငိုနေတာကိုမြင်တော့ ဘေးမှ ချစ်ရသူကိုအရင်ဆုံးမာန်မဲလိုက်ပါပြီ..လီယုနင်တစ်ယောက်လည်း ချစ် ရသူ အထင်မလွဲအောင် အမြန်ရှင်းပြလိုက်ရပါသည်..မဟုတ်ရင် သူကုတင်ပေါ်ကနေ ထရမှာမဟုတ်တော့ဘူး..အားရွဲက ကလေးသာဆန်တာ အိပ်ရာပေါ်မှာ သူအပြစ်ပေးနည်းက ကြောက်ဖို့ကောင်းတယ်.."ဖူချင်း ..""အင်း..ပင်းပင်း..ကလေးလေးဘာလို့ငိုတာလဲ..ဘယ်သူက ငါတို့ကလေးလေးကိုအနိုင်ကျင့်တာလဲ..ဖူချင်းသွားဆုံးမပေးမယ်...""မဟုတ်ပါဘူး..ဒီတိုင်းပျော်လို့ပါ..""ဟင်..""ရိဖူး..ဖူချင်း ကျေးဇူးတင်ပါတယ်..ရိဖူးတို့သာမရှိရင် ကျွန်တော်အခုချိန်ဘာဖြစ်နေမှန်းသိမှာတောင်မဟုတ်ဘူး..ကောင်းကောင်းနေရဖို့လည်းမျှော်လင့်မိမှာမဟုတ်ဘူး..မိခင်ရင်း ဖြစ်သူတောင် ကျွန်တော့်ကိုသတ်ဖို့ကြိုးစားနေတဲ့အချိန် မိသားစုအရင်းဖြစ်တဲ့ရှန်အိမ်တော်က ကျွန်တော့်ကိုပစ်ပယ်ထားချိန်မှာ ရိဖူးတို့ကြောင့် ကျွန်တော်အသက်ရှင်ခဲ့တာပါ..ကျေးဇူး တင်ပါတယ်..အပိုင်း၅မျှော်..........
YOU ARE READING
အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်း
Historical FictionRebirth of the Emperor's wife (###Own Creation) Not Translation!! Male Lead - လီထျန်းယု(လီထ်န္းယု) Male Lead - ဟန်ရွှယ်ပင်း(ဟန်ရွှယ်ပင်း) Episode 1 to ???