Ep-18

479 43 2
                                    

အပိုင်း (၁၈) တတိယရှန်သခင်လေးနဲ့ အတိတ်မေ့သွားတဲ့ မြေခွေးလေး..

လီထျန်းယုက ဆရာဆီသွားတဲ့အချိန်မှာ သူလည်းလိုက်သွားခဲ့တယ်...သူထင်တာမမှားရင်..အဲ့မြေခွေးက ရှောင်ဟွားရဲ့အကြီးဆုံးအစ်ကိုလို့ သူထင်နေမိတယ်..

နေရာကိုရောက်တော့ လီထျန်းယု သူ့ဆရာဖြစ်သူကို နှုတ်ဆက်လိုက်တယ်..

"ရှစ်ဇွင်း..."

တစ်ဖက်မှာ ဆရာဖြစ်သူကအသက်ငယ်ပုံရကာ အဖြူနဲ့အပြာနုရောင်ရောစပ်ထားတဲ့ ဝတ်စုံကိုဝတ်ကာထိုင်နေလေသည်..သူ့လက်ထဲတွင် အနုစိတ် အလှဆင်ထားတဲ့ ကျောက်စိမ်းဖြူ ပုလွေတစ်ချောင်းကိုကိုင်ထားသည်...ထိုလူက ခေါင်းအသာငြိမ့်ကာ ပြောလာသည်..

"မင်းလည်း အရွယ်ရောက်လာပြီ.."

"ရှစ်ဇွင်းရဲ့ ဂရုတစိုက်သင်ကြားပေးမှုတွေကြောင့်ပါ.."

သူတို့စကားပြောနေစဉ်မှာ လူတစ်ယောက်က ပျော်ပျော်ရွှင်ရွှင်ပြေးဝင်လာသည်..

"ထျန်းရင်..ထျန်းရင်..ငါမုန့်အသစ်လုပ်..အဲဧည့်သည်တွေရောက်လာတာလား.."

ထျန်းရင်ကလည်း သူ့ရဲ့အမွှေစိန်ဆရာတူညီလေးရဲ့အကြည့်တွေကို သိတာကြောင့်သက်ပြင်းချလိုက်တယ်..

"ကျစ်ရှား.."

"တောင်းပန်ပါတယ်..နောက်တစ်ခါ သတိထား..."

ကျစ်ရှားဆိုတဲ့ကောင်လေးက စကားပြောနေတုန်း ဟန်ရွယ်ပင်းအနားမှာ ရပ်နေတဲ့ ရှောင်ဟွားကိုမြင်လိုက်ရချိန်မှာ သူ့တစ်ကိုယ်လုံးတောင့်တင်းသွား လေသည်..ရှောင်ဟွားကလည်း ကျစ်ရှားကိုကြည့်ကာ မျက်ရည်များဝဲနေသည်..သူမက ကျစ်ရှားရှေ့ကိုဖြည်းဖြည်းချင်းလျှောက်လာကာ တိုးတိုးလေးရေရွတ် လာသည်..

"ကိုကို.."

ကျစ်ရှား-"..."

"ကိုကို..ကိုကိုလား..ရှောင်ဟွားလေ.."

"ရှောင်ဟွားက ဘယ်သူလဲ..ဒီကမိန်းကလေးမှားနေပြီထင်တယ်..ကိုယ်မင်းကိုမသိဘူး.."

"ကိုကို..ညီမလေးကိုမမှတ်မိတော့ဘူးလား..ညီမလေးတို့တွေ မြေခွေးမျိုးနွယ်ကနေ ထွက်ပြေးလာခဲ့တာလေ..မှတ်မိလား.."

အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now