Unicode
အပိုင်း(၁၄) နယ်စပ်သို့ထွက်ခွာခြင်း
ချင်းအာ အခန်းထဲမှာ စိတ်လှုပ်ရှားစွာထိုင်နေတယ်..သူ့ကို အိမ်ရှေ့စံဆင့်ခေါ်ကတည်းက သူခေါ်ရတဲ့အကြောင်းအရင်းကို သိလိုက်ပါတယ်..သူလည်း ပြောပြသင့်တယ်လို့ထင်မိပါတယ်.. ဒါပေမယ့် အရှင့်သားက သခင့်ကိုလက်ခံနိုင်ပါ့မလား..
ထိုအချိန်မှာ အခန်းတံခါးဖွင့်ပြီးဝင်လာတဲ့ လီထျန်းယုကိုမြင်တော့ သူဒူးထောက်အရိုအသေပေးလိုက်တယ်..
"အိမ်ရှေ့စံ အရှင့်သားကို ဂါရဝပြုပါတယ်.."
"ထ."
"ကျေးဇူးတင်ပါတယ်..အိမ်ရှေ့စံ.."
လီထျန်းယုက ချင်းအာကိုဘာမှမပြောဘဲ တစ်ချက်ပဲကြည့်လိုက်တယ်..သူ့ရဲ့စူးရှတဲ့အကြည့်တွေက ချင်းအာကို အေးခဲသွားစေတယ်..
"အ..အိမ်ရှေ့စံ.အရှင့်.."
"မင်းကိုယ်တိုင်ပြောမလား..ကိုယ်တော်စုံစမ်းထားတာတွေကိုပြောရမလား.."
"တောင်းပန်ပါတယ်..ချင်းအာကိုယ်တိုင်ပြောပါမယ်..မပြောခင်မှာ ချင်းအာကို ကတိတစ်ခုပေးပါ.."
"ဘာကတိလဲ.."
"သခင့်ကို သစ္စာမဖောက်ပါနဲ့.."
"..."
"သခင့်ကို သေချာဂရုစိုက်ပေးပါ..အရေးကြီးဆုံးက သခင့်ကို သစ္စာမဖောက်ပါနဲ့ ..အိမ်ရှေ့စံအရှင့်သားမလုပ်နိုင်ခဲ့ရင်..အဲ့ကတိကိုမတည်နိုင်ခဲ့တဲ့နေ့ရောက်လာခဲ့ရင် အရှင့်သား နောင်တရ ပါလိမ့်မယ်.."
"ကတိတည်နိုင်လား..အရှင့်သား.."
"ကောင်းပြီ..ကိုယ်တော်..ကတိပေးတယ်.."
"ကောင်းပါပြီ..ချင်းအာပြောပြပါမယ်..သခင်က သာမန်လူမဟုတ်ဘူး..သားရဲတို့အရှင်သခင်ဖြစ်ပါတယ်.."
"သားရဲတို့အရှင်သခင်.."
"ဟုတ်ပါတယ်..သခင်က (၁၆)ယောက်မြောက်သားရဲတို့ရဲ့အရှင်သခင်နေရာဆက်ခံရမယ့် ဆက်ခံသူပါ..အခုချိန်မှာ ဆက်ခံသူသွေးက မနိုးထသေးပါဘူး..တတိယအကြိမ်သားရဲအသွင် ပြောင်းချိန်ကျမှ ထမယ်လို့ထင်ရပါတယ်..ပြီးတော့ အရှင့်သား ဘုရင်သုံးပါးရဲ့ ဒဏ္ဍာရီကိုကြားဖူးလား..အရှင့်သား."
YOU ARE READING
အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်း
Historical FictionRebirth of the Emperor's wife (###Own Creation) Not Translation!! Male Lead - လီထျန်းယု(လီထ်န္းယု) Male Lead - ဟန်ရွှယ်ပင်း(ဟန်ရွှယ်ပင်း) Episode 1 to ???