နောက်ကျသွားလို့တောင်းပန်ပါတယ်..အချစ်လေးတို့
Unicode
အပိုင်း (၁၃) သားရဲအသွင် ဒုတိယအကြိမ်နိုးထလာခြင်း
ဟန်ရွယ်ပင်း တစ်ဖက်လူပေါ်က သွေးတွေကိုမြင်မှ အမြင်အာရုံက ပိုကြည်လင်လာတယ်..သူ ရှန်ကိုကြည့်ပြီးကြောင်အသွားတယ်.သူ့ခန္ဓာကိုယ်ကလည်း ထိတ်လန့်မှုကြောင့်တောင့်တင်းသွားတယ်..
"ရှ..န်."
ရှန်က ပခုံးပေါ်က ဒဏ်ရာကို ဂရုမစိုက်ဘဲ..ဟန်ရွယ်ပင်းကို တိုက်ခိုက်ရန်ပြင်လိုက်တယ်..ဟန်ရွယ်ပင်း ရှန်သူ့ကိုတိုက်ခိုက်တော့မှာကို သိပေမယ့် အာရုံမစိုက်နိုင်သေး..သူအခုချိန်အသိစိတ်ရတုန်းမှာ သူ့ကိုယ်သူ ထိန်း ချုပ်ဖို့ နေရာကို ပြန်သွားရမယ်..သူက ချင်းအာကိုအော်လိုက်တယ်..
"ချင်းအာ..ကြေးသံကြိုးရော.."
"သ..သခင်.."
"မြန်မြန်..ငါ..အသိစိတ်ဝင်နေတုန်း..မဟုတ်ရင်..အ့..အကုန်လုံး ..အ့ ဒုက္ခရောက်လိမ့်မယ်.."
ခေါင်းကိုကိုင်ကာ ဒူးထောက်ကျသွားတဲ့သခင်ကိုကြည့်ရင်း ချင်းအာ မျက်ရည်များဝဲလာသည်..သခင်က ဘာလို့ဒီလိုဖြစ်လာရတာလဲ...ဘာကြောင့် သခင်က ဒီလိုအခြေအနေတွေဖြစ်လာရတာလဲ..
ထိုအချိန်မှာ ဟန်ရွယ်ပင်းရဲ့သွေးရောင်မျက်ဝန်းများက ရုတ်တရက် ငြိမ်ကျသွားတာကြောင့် ချင်းအာ သတိချပ်လိုက်တယ်..
'သွားပြီ..သခင်သတိမရှိတော့ဘူး..'
ချင်းအာ အန္တရာယ်အဆင့်ရောက်လာမှန်းသိချိန်မှာတော့ သူက ရှန်ကိုဘေးကိုတွန်းမိလိုက်တယ်..ဟန်ရွယ်ပင်းဦးတည်ရာက သူဆီကိုသာ ဟန်ရွယ်ပင်းရဲ့ရှည်လျားလှတဲ့ လက်သည်းချွန်များကို မိမိလက်ထဲက ဓားရှည် ဖြင့် ခုခံလိုက်တယ်..ထို့နောက် ဘေးနားက ရှန်ကို အော်ပြောလိုက်သည်..
"သံကြိုးတွေ အသင့်ပြင်လိုက်တော့ ရှန်.."
"အင်း.."
ရှန်က ချင်းအာဆီက အော်သံကိုကြားရုံနဲ့တစ်ပြိုင်နက်တည်းမှာ လီထျန်းယုနဲ့လီထျန်းယွီတို့က ပုန်းနေရာကနေထွက်လာသည်..သူတို့လက်ထဲမှာ ကြီးမားလှတဲ့ကြေးနီရောင်သံကြိုးများက ပါလာလေသည်..
YOU ARE READING
အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်း
Historical FictionRebirth of the Emperor's wife (###Own Creation) Not Translation!! Male Lead - လီထျန်းယု(လီထ်န္းယု) Male Lead - ဟန်ရွှယ်ပင်း(ဟန်ရွှယ်ပင်း) Episode 1 to ???