Unicode
အပိုင်း(၇) လန်ကူပန်းနဲ့ သူယောင်မယ်တောအုပ်
ဟန်ရွယ်ပင်း လန့်နိုးလာချိန်မှာတော့ မနက်မရောက်သေး...ဟန်ရွယ်ပင်း အိမ်မက်ဆိုးကြောင့် လန့်နိုးလာခြင်းပေ..ကျောတွင်သာမက တစ်ကိုယ်လုံးမှာလည်း ချွေးစီးများရွဲနေလျက် ဟန်ရွယ်ပင်း သက်ပင့်ရှိုက် လိုက်မိသည်..အတိတ်ဘဝကအကြောင်းကို အိမ်မက်အဖြစ်ပြန်မက်လာခြင်းပေ..အိမ်မက်ထဲတွင် သူ့ကိုအကြောက်အရွံ့ဆုံးဖြစ်စေတာက လီထျန်းယု ထိုသူကို မိမိလက်နဲ့သတ်မိလိုက်သည့်မြင်ကွင်းပင်..ပြန်တွေးလိုက် မိရုံဖြင့် သူ့ကိုရူးမတတ်ဖြစ်စေသည်..
"အတိတ်ကိစ္စတွေကို အတိတ်မှာပဲထားခဲ့လိုက်တော့ ပြန်တွေးမနေနဲ့တော့.."
"ဘယ်သူလဲ.."
"အဟမ်း..အဝေးကြီးကိုကြည့်မနေနဲ့ ငါက အောက်မှာ.."
ဟန်ရွယ်ပင်း အထိတ်တလန့်ဖြင့် အခန်းတွင်းကိုလှည့်ကြည့်လိုက်သည်..ထိုအချိန်သူ့အောက်ကကြားလိုက်ရတဲ့အသံကြောင့်အောက်ကိုငုံကြည့်လိုက်တော့ ပထမမြောက်သားရဲအရှင် ရွယ်ပိုင်ဟူ..
'ဪ..ငါသူ့ကိုမေ့နေတာ.'
ဟန်ရွယ်ပင်း အသာပြုံးကာ ထိုကြောင်မကျ ကျားမကျ သားရဲအရှင်ကို နှုတ်ဆက်လိုက်တယ်..
"ပထမအရှင်.."
"ထားပါ..အဲ့ဒါက အရင်က အခုမဟုတ်တော့ဘူး.. အခုသားရဲအရှင်က မင်းဖြစ်နေပြီ..ငါ့ကို "အကြီးအကဲ"လို့ပဲခေါ်တော့.."
"ကောင်းပါပြီ..ကျွန်တော့်ကိုလည်း ရှောင်ပင်းလို့ပဲခေါ်ပါ.."
"အင်း..မင်းရဲ့အာရုံခံနယ်မြေထဲကိုဝင်ကြည့်ကြည့်..."
" အာရုံခံနယ်မြေ??"
"အင်းလေ..အာရုံခံနယ်မြေ..မဟုတ်မှ မင်းမေ့နေတာတော့မဟုတ်ပါဘူးနော်."
"တောင်းပန်ပါတယ်.."
"မင်း..ဟူး..ထားတော့ သားရဲအရှင်ဖြစ်လာပြီးအသုံးတောင်မကျဘူး..ဟမ့်..အခုဝင်လိုက်.."
"ဟုတ်.."
ဟန်ရွယ်ပင်း ချက်ချင်း အာရုံခံနယ်မြေထဲကိုဝင်လိုက်ချိန်မှာတော့ အရင်ထက်ပိုကျယ်ဝန်းနေတဲ့ အဖြူရောင်ဟင်းလင်းပြင်ကြောင့်အံ့အားသင့်သွားတယ်..
YOU ARE READING
အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်း
Historical FictionRebirth of the Emperor's wife (###Own Creation) Not Translation!! Male Lead - လီထျန်းယု(လီထ်န္းယု) Male Lead - ဟန်ရွှယ်ပင်း(ဟန်ရွှယ်ပင်း) Episode 1 to ???