ဒါဒါလေးတို့အတွက်အရင်ပျက်ကွက်သွားလို့အစားပြန်ပေးတာနော်..
Unicode
အပိုင်း(၁၁) ဒဏ္ဍာရီရဲ့နောက်ကွယ်က အမှန်တရား.
တစ်ဖက်မှာတော့ ဟန်ရွယ်ပင်း အကြီးဆုံးအစ်ကိုဖြစ်တဲ့ ရှန်လျန့်ရှင်းနဲ့စကားလက်ဆုံကျနေလေသည်..
"ပင်းအာ..ဒီအတောအတွင်းမှာအဆင်ပြေရဲ့လား.."
"ပြေပါတယ်..စစ်သူကြီးရှန်..ကိုယ်တော်ကိုစိတ်ပူပေးလို့ကျေးဇူးပါ.."
"ပင်းအာက အရင်လို ကိုယ့်ကို အစ်ကိုကြီးလို့တောင်မခေါ်တော့ဘူးပဲ.."
"..တောင်းပန်ပါတယ်..မကြိုက်ဘူးထင်လို့ပါ.."
"ကလေးပေါက်လေးရဲ့ အစ်ကိုကြီးကမကြိုက်စရာလား...ပင်းအာလေးခေါ်သံကိုကြားချင်လို့ကို.."
"..."
ဟန်ရွယ်ပင်း ရှန်လျန့်ရှင်းကိုအကြောင်သားငေးကြည့်မိသည်..ရှန်လျန့်ရှင်း သူ့ကိုငေးကြည့်နေတဲ့ ညီလေးကြောင့် အသာပြုံးကာဆက်ပြောလိုက်သည်..
"ဘာလို့လဲ.."
"စစ်သူကြီးက ကိုယ်တော့်ကိုမုန်းတာမဟုတ်ဘူးလား.."
"ဟမ်.."
"မုန်းနေတယ်ထင်တာ..ကျွန်တော့်က လူတွေကိုဒုက္ခပေးနိုင်တဲ့ မိစ္ဆာဖြစ်နေလို့..မုန်းတီးနေတယ်ထင်ထားတာ.."
အသုံးအနှုန်းပါပြောင်းသွားတဲ့ အပြင် မျက်နှာလေးညှိုးကာပြောလာတဲ့ ဟန်ရွယ်ပင်းကြောင့် ရှန်လျန့်ရှင်းစိတ်မကောင်းဖြစ်သွားရသည်..
"ဘယ်သူပြောတာလဲ..အစ်ကိုကြီးက ဘာလို့မုန်းရမှာလဲ...ပင်းအာက နန်းတော်ထဲမှာ ကိုယ့်ကိုကိုယ်ပိတ်လှောင်ထားတာကြောင့် အစ်ကိုကြီးက လာမတွေ့နိုင်တာ..ပင်းအာကိုမုန်းလို့လာမတွေ့တာမဟုတ်ဘူး.ပြီးတော အဖေကပြောတယ်..ပင်းအာကိုတွေ့ချင်ရင် စစ်သူကြီးဖြစ်တဲ့အထိကြိုးစားရမယ်တဲ့လေ..အဲ့ဒါကြောင့်.."
"တကယ်လား..အင့်."
"တကယ်ပေါ့..အယ်..မငိုနဲ့တော့နော်..နောက်ဆို အစ်ကိုကြီး နန်းတော်ကိုမကြာခဏလာခဲ့မယ်..ပင်းအာကိုလာတွေ့မယ်ဟုတ်ပြီလား..."
YOU ARE READING
အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်း
Historical FictionRebirth of the Emperor's wife (###Own Creation) Not Translation!! Male Lead - လီထျန်းယု(လီထ်န္းယု) Male Lead - ဟန်ရွှယ်ပင်း(ဟန်ရွှယ်ပင်း) Episode 1 to ???