Unicode
အပိုင်း (၁၇) အမှန်တရားကို သိရှိခြင်း..
လီထျန်းယုက တော်ဝင်ညစာစားပွဲပြီးတာနဲ့ လီဧကရာဇ်ချီးမြှင့်လိုက်တဲ့ နန်းဆောင်အသစ်ကို ပြန်လာခဲ့သည်..ဟန်ရွယ်ပင်းကတော့ ရောက်နှင့်လောက် ပြီ..နန်းဆောင်အသစ်နာမည် လေးရာသီနန်းဆောင်တဲ့..ဘာကြောင့် ဒီလိုနာမည်ပေးမှန်း သူနားမလည်..သို့သော် တစ်ခဏအတွင်းမှာ သူနားလည်လိုက်သည်.. နန်းဆောင်ကို ကြာကန်အလယ်တွင်ဆောက်ထားပြီး တစ်ဖက်တွင် မိုးမခပင်ကြီးများနှင့် နွေဦးရာသီတွင် ပွင့်လန်းနိုင်သည့် သီးပင်ပန်းပင်များ စိုက်ပျိုး ထားသည်..တစ်ဖက်တွင်ဆောင်းရာသီအပင်များကိုစိုက်ပျိုးထားပြီး ထိုနှစ်နေရာကို ကြာကန်မှတစ်ဆင့် နန်းဆောင်နှင့်ချိတ်ဆက်ထားသည်..နန်းဆောင်အ ရှေ့ဘက်တွင်လသာဆောင်ပါ ပါလိုက်သေးသည်..လီထျန်းယု နန်းဆောင်အပြင်အဆင်ကိုကြည့်ကာ အသာပြုံးမိလိုက်သည်..ကြည့်ရတာ ဒီအပြင်အဆင်ကို လုပ်တာက အရီးတော်ပဲထင်တယ်..အရီးတော်က စစ်သူကြီးသာဖြစ်တာ အကောင်ပေါက်ကလေးနဲ့ဆိုရင် လုံးဝကို မိခင်ကြီးကျနေတာပဲ..အကောင်ပေါက်လေး ကိုသူတို့ထက်ပိုပြီး အရမ်းချစ်တာပဲ..အကောင်ပေါက်လေး စိတ်ချမ်းသာဖို့ကို အကုန်လုပ်ပေးတော့တာပဲ..
"ဟူး...."
လီထျန်းယုသက်ပြင်းချလိုက်မိသည်...အမှန်တိုင်းပြောရရင် သူမပျော်ပေ..လီထျန်းယု ဒီနေ့မင်္ဂလာပွဲတွင် ပျော်သင့်သော်လည်း မပျော်ပေ..သူ့ရင်ဘတ်ထဲမှာ အလွန်နာကျင်နေသည်..
အိမ်မက်ထဲကအတိုင်းဆို ဒီနေ့က အကောင်ပေါက်ကလေးရဲ့ သေဆုံးတဲ့နေ့ပင်..ဒီနေ့တဲ့လား..ဟူးး.....သူတွေ့ခဲ့တယ်..ဟန်ရွယ်ပင်းကို သူ့အိမ်မက် ထဲမှာတွေ့ခဲ့တယ်.အဲ့အိမ်မက်က အရမ်းကြောက်ဖို့ကောင်းလှသည်..အဲ့အိမ်မက်က ဟန်ရွယ်ပင်းရဲ့သေဆုံးခြင်းပင်...ဟန်ရွယ်ပင်းက သူ့ကိုယ်သူ့ သူငယ်စဉ် တုန်းက လက်ဆောင်ပေးခဲ့တဲ့ ဓားဖြင့် သူ့နန်းဆောင်ထဲရှိ ရေကန်ဘေးက မိုးမခပင်အောက်မှာ သတ်သေသွားခဲ့တယ်..သူမလုပ်ဖို့အော်ခဲ့ပေမယ့် အလုပ်မဖြစ် ခဲ့ပေ..နောက်ဆုံး ရေကန်ထဲကျသွားတဲ့ ဟန်ရွယ်ပင်းရဲ့ပုံရိပ်လေးကိုတောင်မထိနိုင်ခဲ့ပေ..သူသိလိုက်ပါပြီ..ဒါက အရင်ဘဝက ဟန်ရွယ်ပင်းသေဆုံးခဲ့တဲ့ပုံရိပ် ပင်...လက်မထပ်ခင်က ဟန်ရွယ်ပင်းရဲ့သူ့အပေါ်..သူ့ညီမပေါ်လုပ်ခဲ့တဲ့အရာတွေကိုပြန်အိမ်မက်မက်ခဲ့ခြင်းပေ..ဒီလိုနာကျင်စရာကောင်းတဲ့ အိမ်မက်မျိုးက တစ်ခါမှ သူမမက်ခဲ့ဖူးပေ..အဲ့အိမ်မက်က သူ့ကိုကြောက်ရွံ့စေသည်...လီထျန်းယုအရက်ပဲသောက်နေမိသည်..သူအခုချိန် ဟန်ရွယ်ပင်းကို မတွေ့ရဲသေးပေ.. သူ သာ ဟန်ရွယ်ပင်းနဲ့တွေ့လိုက်ရင် သူဟန်မဆောင်နိုင်တော့မှာ စိုးရိမ်မိသည်..သူအရက်ပဲထိုင်သောက်နေမိသည်..သူရေချိန်ကိုက်လာချိန်မှာသူ့အနားကိုရောက် လာတဲ့ ပုံရိပ်လေးကို တစ်ခုကိုသူမြင်လိုက်ရသည်..သူရေရွတ်လိုက်မိသည်..
YOU ARE READING
အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်း
Historical FictionRebirth of the Emperor's wife (###Own Creation) Not Translation!! Male Lead - လီထျန်းယု(လီထ်န္းယု) Male Lead - ဟန်ရွှယ်ပင်း(ဟန်ရွှယ်ပင်း) Episode 1 to ???