Ep- 12

467 58 1
                                    

Unicode

အပိုင်း (၁၂) လပြည့်ညကျိန်စာ စတင်ခြင်း

ဟန်ရွယ်ပင်းစကားကြောင့် လီထျန်းယုရဲ့ အာရုံက ထိုအကြောင်းအရာဘက်ကိုကူးပြောင်းသွားလေသည်..သူထိုနေ့က ကိစ္စကိုပြန်သတိရမိသည်..

Flash Back

ဟန်ရွယ်ပင်းထွက်သွားတဲ့အချိန်မှာ နန်းဆောင်ထဲတွင် လီထျန်းယုနဲ့ လီယုနင် နှစ်ယောက်သာကျန်ခဲ့တယ်.. လီယုနင်က‌တော့ သက်ပြင်းချကာ လီထျန်းယုကိုကြည့်လိုက်တယ်..

"မင်းကရော စိတ်ပြောင်းချင်သေးလား.."

"မပြောင်းတော့ပါဘူး..."

"ကောင်းပြီ..ဒါဆို နောက်လဆိုပြီးသတ်မှတ်လိုက်တော့မယ်..လပြည့်ညပြီးနောက်တစ်ပတ်နေရင် မင်းတို့ နယ်စပ်ကိစ္စသွားဖြေရှင်းလိုက်..ပြန်လာရင်တစ်ခါတည်း မင်းတို့ရဲ့မင်္ဂလာပွဲလုပ်မယ်.."

"ကောင်းပါပြီ.."

"ပင်းအာကိုတော့ ငါနားချလိုက်မယ်...သူကိုစိတ်မပူနဲ့.."

"..ဦးရီးတော် ကျွန်တော်တစ်ခုမေးချင်လို့..ရွယ်အာကို ဘာကြောင့်ကျွန်တော်နဲ့လက်ထပ်ခိုင်းတာလဲ.."

"ဘာလို့လဲဆိုတော့ မင်းတစ်ယောက်တည်းပဲ သူ့ကိုထိန်းနိုင်လို့လေ.."

"??"

"တကယ်ပြောတာ..ပင်းအာက အနေအေးပေမယ့် သူ ဒေါသထွက်တဲ့အခါမှာဆိုရင် အရမ်းထိန်းရခက်တာ..မင်းတစ်ယောက်တည်းပဲသူနဲ့သင့်တော်တယ်.."

"..."

"ဟမ်း..မင်းကရော ဘာလို့ ဒီမင်္ဂလာပွဲကိုလက်ခံလိုက်တာလဲ.."

"ဒီတိုင်းပဲ..ကျွန်တော်နဲ့လိုက်ဖက်မယ့်သူကိုရှာမတွေ့လို့.ပြီးတော့ ဦးရီးတော်လုပ်နေတာ ကျွန်တော်တို့ကောင်းဖို့အတွက်ပဲဆိုတာ ကျွန်တော်နားလည်ပါတယ်.."

".."

"ဒါဆို ကျွန်တော်သွားတော့မယ်..အပြင်မှာရွယ်အာစောင့်နေတယ်.."

"ယုအာ.."

လီထျန်းယု ထွက်သွားရန်ပြင်လိုက်ပေမယ့် လီယုနင်ရဲ့အသံကြောင့် သူရပ်လိုက်တယ်..

"ပင်းအာကို သေချာဂရုစိုက်ပေးပါ.."

"ဦးရီးတော်..ရွယ်အာမှာ ဘာဖြစ်နေတာလဲ.."

အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now