Ep-15

468 55 2
                                    

Unicode

အပိုင်း(၁၅) လပြည့်ညတိုက်ပွဲ.

ရက်ကိုနေ့ကစားလို့ လကိုရက်ကစားခဲ့ပြီ..ဟန်ရွယ်ပင်းဒီကိုရောက်နေတာ ၅လပြည့်တော့မယ်..သူဒီအတောအတွင်း ခံတပ်ရဲ့တည်ဆောက်တဲ့ပုံစံကို နားလည်နေပြီဖြစ်တယ်..အစ်ကိုကြီးလည်း ရောက်တာ ကြာနေပြီ..တစ်ခါတစ်လေတော့ လာလည်တယ်..သူ့ကိုလည်း ဘာမှမလုပ်ခိုင်းဘူး..လေ့ကျင့်နေဖို့ပဲပြောတယ်..

လီထျန်းယုကတော့ ဒီအတော အတွင်း ကျူးကျော်သူတွေကိုနှိမ်နင်းဖို့အတွက် အလုပ်ရှုပ်နေခဲ့တယ်..သူကူညီပေးချင်ပေမယ့် လီထျန်းယုက မကူခိုင်းသလို သူလည်း ဒီအပိုင်းကို နားမလည်တာကြောင့် ငြိမ်နေခဲ့ရတယ်..ဒါပေမယ့် ရှန်နဲ့ချင်းအာတို့ယူ လာပေးတဲ့ စစ်ဗျူဟာ စာအုပ်တွေကိုနဲ့ အကြီးအကဲရွယ်ရဲ့စိတ်ရှည်လက်ရှည်ရှင်းပြပေးမှုကြောင့် သူနားလည်လာတယ်..ထို့အပြင် ရှောင်ဟွားနဲ့အားရင်းရဲ့ လေ့ကျင့်ပေးမှုကြောင့် သူလည်း ဒုတိယအကြိမ် သားရဲအသွင် ပြောင်းလဲခြင်းဖြစ်စဉ်ကို ထိန်းချုပ်နိုင်လေပြီ..ထိုဖြစ်စဉ်ကြောင့် သူ့ရဲ့အာရုံငါးပါးဟာလည်း တိုးတက်လာခဲ့တယ်..တစ်ခုပဲ..

ဒီရက်ပိုင်းမှာ ကောလဟာရတစ်ခုပြန့်နေလေသည်..သူ့အကြောင်းပင်..သူက အဖြစ်မရှိတဲ့သူဖြစ်ပြီး သူကနောက်ခံအားကိုးနဲ့ဝင်လာတဲ့သူဖြစ်ကြောင်းပြီးတော့ အသုံးမကျတဲ့မင်းသားငယ်ဖြစ်ကြောင်း စတဲ့သတင်းတွေ ထွက်နေခြင်းပင်..ထိုသတင်းများကို သူပထမ မသိချင်ယောင်ဆောင်နေခဲ့တယ်..နောက်ကျတော့ စိတ်အနှောက်အယှက်ဖြစ်လာပေမယ့် သူလီထျန်းယုကို အလုပ်ထပ်မရှုပ်စေချင်တော့တာကြောင်း ဒီတိုင်းသာထား လိုက်တော့သည်..တပ်သားတွေရဲ့အထင်အမြင်သေးတဲ့အကြည့်တွေကိုသိနေသော်လည်း သူအတွက်ကနေသားကျနေလေပြီ..

သူအတွေးများကို ရပ်တန့်လိုက်တယ်..ရင်ခွင်ထဲမှာပိုက်ထားတဲ့ ရွယ်ပိုင်ဟူက သူကိုမော့ကြည့်ကာ ဆက်သွယ်လာသည်.

"ရှောင်ပင်း..လေ့ကျင့်ချိန်ရောက်ပြီ.."

"ဟုတ်.."

"ဒီနေ့အပြီးကျင့်..နောက်နေ့ကျရင် မင်းအတွက် ကျင့်စဉ်အသစ်ရှိတယ်.."

အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now