Ep-20

547 52 6
                                    

Unicode

အပိုင်းမှားတင်မိလို့ပါနော်..ဒါကမှ အမှန်ပါနော်

အပိုင်း(၂၀) ဒုတိယအကြိမ် ကိုယ်လုပ်တော်တင်မြှောက်ရန် တွန်းအားပေးခြင်း

သမားတော်ရဲ့ စကားကြောင့် လီထျန်းယုသာမက အခန်းတွင်း၌ရှိတဲ့ လူတွေအကုန်လုံး ထိတ်လန့်သွားကြတယ်...ရှန်အမတ်ကြီးက ချက်ချင်းမေးမြန်းလေသည်..

"ဘာ..ဘယ်လို..ကြင်ယာတော်မှာ ကိုယ်ဝန်ရှိတယ်..ဟုတ်လား.."

"ဟုတ်ပါတယ်..အမတ်ကြီး ကိုယ်ဝန်က သိပ်မကြာသေးတာကြောင့် ကြင်ယာတော်လည်း မသိလောက်သေးပါဘူး..ဒါပေမယ့် အခုတော့.."

"သွားတော့.."

"အရှင့်သား.."

လီထျန်းယုက ဟန်ရွယ်ပင်းဘေးနားတွင် မတ်တပ်ရပ်ကာ အေးစက်စက်ဆိုလာတယ်..

"ရှန်နဲ့ စစ်သူကြီးရှန်ကလွဲရင် အကုန်ထွက်သွားကြ.."

"မှန်လှပါ.."

အကုန်လုံးထွက်သွားပြီးတဲ့နောက်မှာတော့ လီထျန်းယုက စတင်ပြောကြားလာသည်..

"ရှန်..စောနက ကြာစွယ်ခွက်ကို သမားတော်ကိုစစ်ခိုင်းလိုက်..ပြီးတော့ ဒီနေ့ ကြင်ယာတော် ဒီကိုမလာခင် ဘာတွေစားခဲ့လဲ..သောက်ခဲ့လဲဆိုတာ စုံစမ်း..သမားတော်ကိုပါ စစ်ဆေးခိုင်းလိုက်..ပြီးရင် အဲ့ကိစ္စကို အပြင်လူမသိစေနဲ့..ရှုအိမ်တော်က ဆိုရင် ကြွက်တွေအများကြီးဖြန့်ထားလိမ့်မယ်..အဆိပ်က တစ်နေရာတည်းကို ထည့်မှာမဟုတ်လောက်ဘူး."

"ကောင်းပါပြီ..အရှင့်သား.."

"ပြီးတော့ စစ်သူကြီးရှန်..ရှုအိမ်တော်ရဲ့နောက်ဆုံးသက်သေရှာတွေ့ပြီလား."

"ရှာတွေ့ပါပြီ. အရှင့်သား.."

"အင်း..ကိုယ်လုပ်တော်ရှုကို စောင့်ကြည့်ပေးပါ..ရှုသာဆိုရင် ကိုယ်တော်ခွင့်မလွှတ်ဘူး.."

"နားလည်ပါပြီ အရှင့်သား.."

"သွားတော့.."

ရှန်နဲ့ ရှန်လျန့်ရှင်း ထွက်သွားပြီးနောက် လီထျန်းယု ကုတင်ဘေးနားတွင် ဒူးထောက်ထိုင်ချလိုက်မိတယ်..သူ ဟန်ရွယ်ပင်းရဲ့လက်ကို ဖွဖွလေးကိုင်ကာ ငိုကြွေးမိသည်..သူ မကာကွယ်နိုင်ခဲ့ဘူး...ကလေးလေး သူတို့ရဲ့ကလေးလေး သူအရမ်းလိုချင်ခဲ့တဲ့ ကလေး မရှိတော့ဘူး..သူသာကြိုသိခဲ့ရင် သူသာ တားနိုင်ခဲ့ရင်...

အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်းWhere stories live. Discover now