Unicode
အပိုင်း(၂၁) ဒုတိယကိုယ်ဝန်နဲ့ စစ်မှန်သောကျိန်စာ
ကုန်းရန်လဲ့ရဲ့စကားများက တက်ကြွသော်လည်း တစ်ဖက်လူကို ကြောက်ရွံ့စေသည်..ကုန်းရန်လဲ့ကတော့ သူမဟုတ်သလိုသာ လေချွန်နေလျက်..
နောက်ဆုံး လီယုနင်ကသာ ပြောလိုက်ရတော့သည်..
"အားလဲ့."
"ဟုတ်ကဲ့.."
ကုန်းရန်လဲ့ လီယုနင်ကို အရိုသေပေးလျက်ဖြေလာသည်..လီယုနင်လည်း သက်ပြင်းအသာ ချကာ ဆိုလိုက်သည်..
"မင်းရဲ့အစ်ကိုဆီသွားတွေ့လိုက်အုန်း.."
"အစ်ကိုအားရွဲလား..ဟုတ်ကဲ့ အစ်ကိုတော်မင်းကြီး ကျွန်တော်မျိုးသွားတွေ့လိုက်ပါမယ်.."
"ကဲ..ညီလာခံသိမ်းမယ်.."
အမတ်တွေအကုန်ပြန်ထွက်သွားတော့ အခန်းထဲတွင် သူတို့သုံးယောက် သာကျန်တော့ သည်..လီထျန်းယုက ကုန်းရန်လဲ့ကို လက်နှစ်ဖက် ထပ်ကာ အရိုအသေပေးလိုက်သည်..
"ကူညီပေးလို့ကျေးဇူးတင်ပါတယ်."
"ဟင်း..မင်းတောင်အရွယ်ရောက်လာပြီ..ရှောင်ယုယု..ငယ်ငယ်တုန်းကထက်ပိုအေးစက်ပြီးတည်ငြိမ်လာတယ်..မင်းအကူအညီတောင်းတဲ့အတိုင်း ငါသူ့ကိုပြောထားတယ်.."
"ကျေးဇူးတင်ပါတယ်."
"ရပါတယ်..စိုးရိမ်တာက အဲ့နည်းလမ်းက ကြာရှည်မခံမှာစိုးရတယ်..ဪ...ဒါနဲ့ ရှောင်းရုံက မင်းကို သတိပေးခိုင်းလိုက်တယ်.."
"ဘာအတွက်လဲ.."
ကုန်းရန်လဲ့ သက်ပြင်းချကာ မျက်လုံးများကိုမှိတ်လိုက်သည်..သူ့ပုံစံမှာ ပြောဖို့ဝန်လေးနေပုံပင်..သူ့ရဲ့လှပတဲ့အပြာရောင်မျက်ဝန်းများပြန်ပွင့်လာချိန်မှာတော့ လေးနက်နေပြီး ပျော်ပျော်နေတတ်တဲ့ သူ့ပုံစံထက်စာရင်ကွဲပြားနေသည်..
"ရှောင်းရုံပြောခိုင်းလိုက်တာက ကျိန်စာအစစ်ပေါ်လာတော့မယ်တဲ့..မကြာခင်မှာ စုန်းတွေထွက်ပေါ်လာလိမ့်မယ်..အဲ့ဒါကြောင့် သတိထားပါ.တဲ့.."
ကုန်းရန်လဲ့စကားကြောင့် လီထျန်းယုမျက်မှောင်ကြုတ်မိလိုက်သည်..ကျိန်စာအစစ်..စစ်မှန်တဲ့ကျိန်စာဆိုတာဘာလဲ..အခု ရွယ်အာခံစားရတာတွေအကုန်လုံးက ကျိန်စာမဟုတ်ဘူး လား..
YOU ARE READING
အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်း
Historical FictionRebirth of the Emperor's wife (###Own Creation) Not Translation!! Male Lead - လီထျန်းယု(လီထ်န္းယု) Male Lead - ဟန်ရွှယ်ပင်း(ဟန်ရွှယ်ပင်း) Episode 1 to ???