Unicode
အပိုင်း (၁၀) သရုပ်မှန်အစစ်
လီထျန်းယွီ ဟန်ရွယ်ပင်းထွက်သွားပြီးနောက်မှာတော့ လီထျန်းယုရှိရာ စာကြည့်ဆောင်ကိုသွားလေရဲ့....လီထျန်းယွီကိုမြင်တော့ ရှန်က ချက်ချင်းအရိုအသေပေးကာ ဝင်ခွင့်ပေးလိုက်သည်..လီထျန်းယွီအထဲ ရောက်တော့ အစီအရင်ခံစာကိုကိုင်ကာ စိတ်ပျံ့လွင့်နေတဲ့ အစ်ကိုတော်ကိုမြင်လိုက်ရသည်..
"အစ်ကိုတော်.."
"..."
"အစ်ကိုတော်!"
သူမအသံကြောင့် ချက်ချင်းအသိစိတ်ပြန်ကပ်လာတဲ့အစ်ကိုတော်ဖြစ်သူကြောင့် ဦးရီးတော်ဆီကကြားခဲ့ပြီးပြီဆိုတာ သူမသိလိုက်ရသည်..သူမအစ်ကိုဖြစ်သူကို စနောက်လိုသောအကြည့်ဖြင့်ကြည့်လိုက်သည်.
"အစ်ကိုတော်..ပင်းအာကိုလွမ်းနေတာလား.."
".."
"အယ်..တကယ်ကြီးလား.."
"မနောက်နဲ့တော့...ဘာကိစ္စလဲ"
"ပင်းအာက ပြောတယ်..အစ်ကိုတော့်ကို စိတ်ဆိုးအောင်သူလုပ်မိလိုက်တယ်တဲ့ သူက အစ်ကိုတော့်ဆီလာချင်ပေမယ့် ရှန်အိမ်တော်ကို သွားဖို့ ဦးရီးတော်က ချက်ချင်းအမိန့်တော်ချမှတ်လိုက်တာကြောင့် အခုလေး တင်ထွက်သွားရတယ်လေ..အဲ့ဒါကြောင့် ယွီအာကိုအကူအညီလာတောင်းတာလေ.."
လီထျန်းယု ညီမဖြစ်သူအပြောကြောင့် စိတ်ထဲတွင် နည်းနည်းချဉ်သွားလေသည်..
'ရှန်အိမ်တော်ကို သွားတာတောင် သူ့ကိုလာနှုတ်မဆက်ဘူး..ဟမ့် ..စိတ်တိုစရာ..စိတ်ဆိုးနေတယ်ဆိုတာတော့သိသေးတယ်ပေါ့ ..'
သူစိတ်ထဲကနေတွေးလိုက်မိသည်..သူဘာကြောင့် စိတ်ညစ်နေတာလဲ ဟန်ရွယ်ပင်းမလာလို့လား..သူစိတ်ထဲအလွန်ရှုပ်ထွေးလာပြန်သည်..
"အစ်ကိုတော် ဦးရီးတော် မင်္ဂလာကိစ္စပြောပြီးလား.."
လီထျန်းယွီစကားကိုကြားတော့ လီထျန်းယု ခဏငြိမ်သက်သွားပြီးနောက် တုန့်ပြန်လိုက်သည်.
"အင်း.."
"ဘယ်တော့လဲ.."
"နောက်လ."
YOU ARE READING
အင်ပါယာအရှင်သခင်ရဲ့ကြင်ယာတော် ပြန်လည်မွေးဖွားလာခြင်း
Historical FictionRebirth of the Emperor's wife (###Own Creation) Not Translation!! Male Lead - လီထျန်းယု(လီထ်န္းယု) Male Lead - ဟန်ရွှယ်ပင်း(ဟန်ရွှယ်ပင်း) Episode 1 to ???